Monday, February 2, 2015

အန်ကောဝပ် ဘုရားကျောင်း တွင် ကိုယ်လုံးတီး ဓာတ်ပုံ များ ရိုက်ကူး ခဲ့သော ပြင်သစ်နိုင်ငံ သား များအား ဖမ်းဆီး

14377_834909129899347_6979999442988644112_n


ကမ္ဘောဒီးယားနိုင်ငံ ၏ ကမ္ဘာကျော် ဘုရားကျောင်း တစ်ခုဖြစ်သည့် အန်ကောဝပ် ဘုရား ကျောင်းဝင်း ထဲတွင် ဝတ်လစ် စလစ် ဓာတ်ပုံများ ရိုက်ခဲ့သည့် ပြင်သစ်နိုင်ငံသား သုံးဦး ကို လုံခြုံရေး အရာရှိ များက ဖမ်းဆီး ခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီ ၂၉ ရက်က အန်ကောဝပ် ဘုရားကျောင်းဝင်း ရှိ ”ဘန်တေကိတ်ဒ်” ဘုရား ထဲတွင် အဆို ပါ ပြင်သစ် နိုင်ငံသား သုံးဦး ကို တွေ့ရှိ ခဲ့ကြောင်း အန်ကောဝပ် ဘုရား ကျောင်း ထိန်း သိမ်း စောင့်ရှောက်ရေး အစိုးရအေဂျင်စီ အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ က အေအက်ဖ်ပီ သတင်းဌာန သို့ ပြောကြား သည်။

”အန်ကောဝပ်  ဟာ ဘာသာရေး ဆိုင်ရာနေရာ ပါ။ သူတို့တွေ ရဲ့ အပြု အမူတွေ နဲ့ လုံးဝ မအပ်စပ် ပါ ဘူး”ဟု ၎င်း က ဆက်လက်ပြောသည်။


 

 

ဖမ်းဆီးခြင်း ခံခဲ့ရသော နိုင်ငံခြားသားများ သည် ပြင်သစ် လူမျိုး များဖြစ်ကြောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုံခြုံရေး အရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ ထို ကဲ့သို့ ယဉ်ကျေးမှု ဆိုင်ရာ နေ ရာများ တွင် အချို့သောနိုင်ငံခြားသားများ ၏ အပြုအမူ များသည် ဒေသခံပြည်သူ များကို စိတ် အနှောင့် အယှက်ဖြစ်စေသည်ဟု ၄င်းက ဆက်လက်ပြောသည်။

”သူတို့တွေ ရဲ့ အပြုအမူတွေ က ယဉ်ကျေးမှု ကို ထိခိုက်စေတယ်။ ဘယ်သူ မှ ဘုရားကျောင်းဝင်း ထဲမှာ ကိုယ်လုံးတီး ဓာတ်ပုံရိုက်လို့ မရပါဘူး” ဟု ၎င်းက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

ဘုရားကျောင်းဝင်း ထဲတွင် အာရှ မိန်းကလေး များအား ကိုယ်လုံးတီး ဓာတ်ပုံ ရိုက်ကူး ကာ အွန်လိုင်းသို့ တင် ခဲ့ပြီး နောက် ရက် အနည်းငယ် အကြာတွင် ၄င်းတို့အား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ 

အန်ကောဝပ် ဘုရားကျောင်း ထိန်းသိမ်း စောင့်ရှောက်ရေး အစိုးရအေဂျင်စီ က အဆိုပါ ပြင်သစ် နိုင်ငံ သား သုံးဦးအား အမှုဖွင့် ထားသည်။


Credit:The Mirror Daily
From....   http://www.searchmyanmar.com/link/frame/cid/46753


No comments:

Post a Comment