Thursday, February 12, 2015

ကန်တော့ ဆွမ်း





” ကန်တော့ဆွမ်းပါ ဘုရား ”
” ကန်တော့ဆွမ်းပါ ခင်ဗျာ/ရှင် ”

အလှူ   ခံများနှင့် တွေ့ကြုံသည့် အခါ အခြေအနေ အကြောင်း ကြောင်းကြောင့် တခုခု ပေးလှူခြင်းငှါ မတတ်နိုင် သည်ရှိသော် ဤသို့ ပြောဆို လျှောက်ထား တောင်းပန်ကြလေ သည်၊ ဤသည် ကိုပင် ပဋိသန္ဓာရ စကားတစ်ခု ရရှိ သလို ဖြစ်ကြောင်း ရှေးရှေးသော အဖြစ်အပျက် ရာဇဝင်များ ရှိခဲ့ဘူးလေသည်။

ကန်တော့ဆွမ်း အစ -
အရှင်ရောဟဏ မထေရ် သည် အရှင်နာဂသေနလောင်းလျာ သောဏုတ္တရ ပုဏ္ဏား ၏ ဇနီး ဝမ်း၌ ပဋိသန္ဓေ ယူသည့်နေ့မှ စ၍ ထို ပုဏ္ဏားအိမ် သို့ ဆွမ်းခံကြွတော်မူသော် လည်း တစ်ယောက်မှ မျှလောက်သော ဆွမ်း ကိုသော် လည်းကောင်း၊ ရှိခိုးခြင်း ကိုသော်လည်းကော
င်း၊ လက်အုပ် ချီချင်းကိုသော်လည်းကောင်း၊ အရို အသေပြုခြင်း ကိုသော်လည်းကောင်း၊ တစ်နေ့မျှ ပင် မရခဲ့ပါချေ၊ ။ 

ဆဲရေးခြင်း ကြိမ်းမောင်းခြင်း ကိုသာလျှင် ရခဲ့လေ၏၊ ။ အရှင် ကန်တော့ပါသေး၏ ဟူသော စကားကိုမျှ လည်း ပြောဆို မည့်သူ မရှိခဲ့စဖူး။


 
ဒီလိုနဲ့ ခုနှစ်နှစ် ဆယ်လ တို့ လွန်သဖြင့် တစ်နေ့၌ ” အရှင်ဘုရား ကန်တော့ ပါသေး၏ ” ဟူသော စကား လုံးလေ ရခဲ့လေ၏၊ ။ 

ထိုနေ့ ၌ပင်လျှင် သောဏုတ္တရ ပုဏ္ဏားသည် အပြင် အလုပ်လုပ် ရာမှ ပြန်လာသည် ရှိသော် ရောဟဏ မထေရ် ကို မြင်၍ အိမ်ရှင်မ တစ်ခုခု များ ပေးလိုက်လေ သလား ဟူသော သံသယဖြင့် “ရဟန်း ငါတို့၏ အိမ် သို့ ရောက်ခဲ့ပါ၏လော၊ တစ်စုံတစ်ခု ရခဲ့ ပါ၏လော” မေးသောအခါ မထေရ်က ”ရောက်ခဲ့ ပါ၏ တစ်စုံ တစ်ခု လည်း ရခဲ့ပါ၏” လို့ ဖြေကြားလိုက်လေသည် ။

 ပုဏ္ဏား သည် စိတ်ဆိုး မာန်ဆိုးဖြင့် အိမ် အမြန်ပြန်ကာ ပုဏ္ဏေးမ ကို ဟို ရဟန်းကို တစ်ခုခုပေး သလား ဟု မေးလေ၏၊ ဘာကိုမှ မပေးပါ ဟု ဖြေသော အခါ ပုဏ္ဏားသည် နောက်တစ်နေ့ ၌ ဒီ ရဟန်းကို မုသာ ဝါဒဖြင့် စွပ်စွဲနှိပ်ကွပ် မည့် အကြံဖြင့် အိမ်ရှေ့တံခါးမှာ စောင့်နေလေ၏။

မထေရ် ကြွလာသောအခါ သင် တို့သည် မနေ့က ငါတို့၏ အိမ်၌ ဘာတစ်ခုမျှ  မရပါပဲလျှက် ရကုန် ၏ လို့ ပြော တယ်၊ သင်သည် မဟုတ်မမှန် လုပ်ကြံ၍ မုသား စကား ပြောကြားပေ၏ လို့ စွပ်စွဲပြောကြားလေ၏၊
 

ထိုအခါ အရှင်ရောဟဏမထေရ် သည် ပုဏ္ဏား ငါတို့သည် သင့် အိမ်၌ ခုနှစ်နှစ် ဆယ်လ တို့ပတ်လုံး ကန်တော့ ပါသေး၏ ။ ဟူသော စကားမျှ ကိုပင် မရဘူးခဲ့ပေ၊ မနေ့ ကတော့ အရှင် ကန်တော့ ပါသေးရဲ့ ဟူသော စကားကို ရခဲ့လေ၏၊ 

ထိုသို့ ပဋိသန္ဓာရ စကားလေး တစ်ခွန်းမျှ ကို ရခဲ့လေသောကြောင့် ငါတို့သည် တစ်စုံ တစ်ခု ရခဲ့ကုန် ၏ လို့ ငါတို့ပြောဆိုပေတယ်။

ပုဏ္ဏားသည် ဤရဟန်းတို့ ကား ဤသို့သော ပဋိသန္ဓာရ စကားလေးကို ရရုံမျှဖြင့် လူတို့ အလယ်မှာ ရကုန်၏ ဟု ချီးမွမ်း စကား မြွက်ကြားကြလေ ကုန်၏၊ တစ်စုံ တစ်ခုသော စားဖွယ်သောက်ဖွယ် တို့ ရသည်ရှိသော် အဘယ်ကြောင့် မချီးမွမ်းပဲ ရှိကုန်အံ့နည်း ဟု တွေးတော့ကြံစည် ကြည်ညို မိပြီး မိမိတို့စားသောက်ရန် ချက်ပြုတ် ထားသော ထမင်းဟင်းလျာ များကို ဆက်ကပ် လှူဒါန်း၍ အမြဲ ဆွမ်းခံကြွရန် လျှောက် ထားခဲ့လေ သည်။ 

ဆွမ်းခံကြွတော်မူရင် နာဂသေနလောင်းလျာလေး ကို အနည်းငယ် အနည်းငယ် တရားစကား များ ဟောပြပေးတော် မူခဲ့လေသည်။

ဤသို့လျှင် အရှင်ရောဟဏမထေရ် အရှင်မြတ် ၏ အစွမ်း အစဖြင့် အရှင် နာဂသေနလောင်းလျာ မှ သည် ကမ္မာကျော် အရှင် နာဂသိန် အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။

ဒီခေတ် ဒီအခါ အထိ အခြေအနေ အကြောင်းကြောင်းကြောင့် ရဟန်း သံဃာတော်များ အလှူခံ များကို တစ်ခု ခု မလှူဒါန်း  နိုင်ခဲ့သည် ရှိသော် ” အရှင်ဘုရား ကန်တော့ပါသေး၏ ” ဟူသော စကား လူသုံးများ ခဲ့ရပေသည် ဟု မှတ်ယူမိ ပါကြောင်း …….. ။
 


________________________________________
မှီငြမ်းကိုးကား = (ခုဒ္ဒကနိကာယ်) မိလိန္ဒပဥှာကျမ်း။
FireFly

From...  http://www.searchmyanmar.com/link/frame/cid/47073

No comments:

Post a Comment