Friday, February 6, 2015

ပါဏာတိ ပါတ သိက္ခာ ပုဒ် သိမှတ်ဖွယ်

10268524_1525319317721605_8978186964764695207_n



Ko Htet မေး။ ။ ဘုန်းဘုန်း ဘုရား ကာမေသုမိစ္ဆာစာရ ကံ လွန်ကျူးခြင်းနှင့် အပြစ် များပြီးတော့ ကျန်တဲ့ ၄ ပါး သီလ အကြောင်းလည်း တင်ပေး လို့ ရရင် တင်ပေးပါ ဘုရား။ သိချင်လို့ပါ ဘုန်းဘုန်း။
 

ပါဏာတိ ပါတ သိက္ခာ ပုဒ် သိမှတ်ဖွယ်
**************************
****
သေစေလိုသော စိတ်ဖြင့် မည်သည့် သတ္တ၀ါ ၏ အသက်ကို မဆို သတ်ဖြတ်ခြင်း သည် ပါဏာတိပါတ မည်၏။
 

ပါဏာတိပါ တ အင်္ဂါ (၅)ပါး
*********************
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါ ဟု သိမှတ်ခြင်း၊
(၃) သတ်လိုသော၊ သေစေလိုသော စိတ်စေတနာ ရှိခြင်း၊
(၄) သေစေရန်ပြုလုပ် အားထုတ်ခြင်း၊
(၅) ထိုပြုလုပ် အားထုတ် မူကြောင့် သေခြင်း။
 

ပါဏာတိပါတ ၌ တရားကိုယ် မှာ သတ် လိုသော ဒေါသစိတ် စေတနာ ဖြစ်သည်။
 


ဤအင်္ဂါ ငါးပါးနှင့် ညီညွတ် ပါက ပါဏာတိပါတ ကမ္မပထမြောက်သည်။ ပါဏာတိပတ ကမ၌ ပထမြောက် လျှင် သေလွန်သော အခါ အပါယ်ဘုံ ဘ၀၌ ကျရောက်ရ၏။ ထို အင်္ဂါငါးပါး အနက် တစ်ခုခု ချို့တဲ့ လျှင် ပါဏာတိပါတ ကံ မထိုက်၊ သတ်သည် မမည်။




ဥပမာ – လမ်းသွားရင် မတော်တဆ နင်းမိ ၍ ပိုးကောင် ငယ်များ၊ ပုရွတ်ဆိတ် များ စသည်သေခြင်းသည် ပါဏာတိပါတ ကံ မထိုက်၊ ကျန် အင်္ဂါလေးပါးနှင့် ညီညွတ်သော် လည်း သေစေ လိုစိတ် မရှိသောကြောင့် ဖြစ်၏။



ဤ အင်္ဂါငါးရပ် စလုံးနှင့် ပြည့်စုံ မှသာ ကမ္မပထမြောက် ၏။ တစ်ပါးပါး ချွတ်ယွင်းသော် ကံမျှ သာဖြစ်၍ ကမ္မပထ မမြောက်သောကြောင့် အပါယ်မလား နိုင်သော်လည်း အကုသိုလ် မူကား ဖြစ်၏။ မကောင်းကျိုး များ အထိုက် အလျောက် ပေးနိုင်သည်ပင်။
 


အပြစ်ကြီး မူ၊ အပြစ်ငယ် မူ
ဆက်လက် မှတ်သား ရမှာ ပါဏာတိပါတ ကံချင်း သူ့ အသက် သတ်မူချင်း တူသော် လည်း အခြေအနေ အမျိုး မျိုးသို့ လိုက်၍ အပြစ်ဖြစ်ပုံချင်း မတူ၊ အပြစ်ကြီး ငယ် ကွာခြား၏။



သတ္တ၀ါ အကြီးအငယ် ကို လိုက်၍ လည်းကောင်း၊ သတ္တ၀ါ ၏ အကျင့် သီလဂုဏ်သိက္ခာ ကို လိုက်၍ လည်းကောင်း ၊ အပြစ် အကြီး အငယ် ခြားနား၏။ အကျင့်သီလ ဂုဏ် မရှိသော တိရစ္ဆာန် စသော သတ္တ၀ါတို့၌ ခန္ဓာကိုယ် ငယ်လျှင် အပြစ်ငယ် ၍ ခန္ဓာကိုယ်ကြီးလျှင် အပြစ်ကြီး၏။ 


လူ စသော သတ္တ၀ါ တို့၌ အကျင့်သီလ စသည် နည်းလျှင် အပြစ်ငယ် ၍ အကျင့်သီလ စသည် ကြီးလျှင် အပြစ်ကြီး ၏ ခန္ဓာကိုယ်နှင့် သီလ စသော ဂုဏ်တို့ တူညီရာ၌ ပင် စေတနာ လုံ့လ အားနည်းလျှင် အပြစ် နည်း ၏။ စေတနာ လုံ့လအားကြီး လျှင် အပြစ်ကြီး၏။



သူတပါး အသက် သတ်ခြင်းကြောင့် ရရှိ မည့် အပြစ် ၂၃-ပါး
**************************
************************
(၁) ကိုယ်အင်္ဂါ ချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖဝါး,မညီခြင်း၊
(၅) မလှပ မတင့် တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင် ဝင်းခြင်း၊
(၇) အသား အရေ ကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့ တတ်ခြင်း၊
(၉) ခွန်အား ဗလ မရှိခြင်း၊
(၁ဝ) စကားပြေပြစ်စွာ မပြော တတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိ ပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့် တတ်ခြင်း၊
(၁၄) လက်နက်, အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့် သေရခြင်း၊
(၁၆) တွေဝေ မိုက်မဲခြင်း၊
(၁၇) ခြွေရံ ပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသော ရုပ် အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂ဝ) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်း ရခြင်း၊
(၂၃) အသက်တိုခြင်း တို့ ဖြစ်၏။
 



ပါဏာတိပါတ မှ ရှောင်ကြဉ် ရကျိုး
**************************
*****
သူတပါးအသက် ကို မသတ်ခြင်း၊ သူ့အသက် သတ်မူ ရှောင်ကြဉ်သော ကုသိုလ်ကြောင့် လူ့ပြည်၊ နတ်ရွာ၊ သုဂတိ ဘ၀သို့ ရောက်ရသည်။ 


လူဖြစ်သော အခါတွင်လည်း အနာရောဂါ ကင်း၍ အသက်ရှည်ခြင်း စသည်နှင့် ပြည့်စုံရသည်။ သက်ရှိ သတ္တ၀ါတိုင်း သေရမည် ကို ကြောက်ကြ၏။ မိမိကိုယ်နှင့် နိုင်းစာ ၍ ညှဉ်းဆဲ သတ်ဖြတ်ခြင်း မှ ရှောင်ကြဉ်ကြ ရ၏။ ရှောင်ကြဉ် ရသော ကောင်းကျိုးများမှာ -

(၁) မျက်စိ နား နှာ အင်္ဂါ ခြေလက် မချို့တဲ့ခြင်း၊
(၂) ဖြစ်လေရာ ဘ၀၌ ရုပ်အသွင်ညှိုးခြောက်ခြင်း မရှိ၊ စိုစိုပြည်ပြည်ရှိခြင်း၊
(၃) အားအင်ပြည့်ဖြိုးခြင်း၊
(၄) လျင်မြန်ဖြတ်လတ်ခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ရဲရင့်ခြင်း၊
(၆) သူတပါး ပယောဂကြောင့် မသေရခြင်း၊
(၇) အနာရောဂါ ကင်းခြင်း၊
(၈) အခြွေ အရံ ပြည့်စုံခြင်း၊
(၉) အသက်ရှည်ခြင်း – စသော ကောင်းကျိုးများ ခံစားရသည်။




အရှင်စန္ဒဇောတိ သာသနာနွယ်
From...    http://www.searchmyanmar.com/link/frame/cid/46885


No comments:

Post a Comment