Sunday, February 15, 2015

ကလေးငယ်တွေ ကို ဒီစကား (၃)ခွန်း ပြောမယ့် အစား ခုလို ပြောဆိုပေးခြင်းဟာ ကလေးငယ်တွေ အတွက် ပိုမိုသင့်လျော်ပါတယ်


 


မိဘတွေ ဟာ ကိုယ့်ရဲ့သားသမီး ကို ဆုံးမသွန်သင် ရာမှာ လိုအပ်ချက်တွေ ရှိနေဆဲပါ။ တစ်ခါ တစ်ခါ စိတ် လိုက် မာန်ပါ ပြောဆိုဆက်ဆံလိုက်တာတွေက ကိုယ့်သားသမီးအတွက် အယူမှားစရာ၊ နားလည်မှုလွဲ စရာတွေ ဖြစ်နိုင်ပါတယ်။

 ဘာရယ် မဟုတ် သတိ လက်လွတ် ကိုယ်ပြောမိလိုက်တာ ကို ကိုယ့်ရဲ့ သားငယ်၊ သမီးငယ်လေးတွေ က တစ်မျိုးယူဆ သွားတဲ့ အခါ၊ စိတ်ဒဏ်ရာ ရတဲ့အထိ ဖြစ်သွားတတ် တာမို့ သတိ ထားရှောင်ကြဉ်ကြဖို့ သတိပေးချင် ပါတယ်။ 

ဒီတော့ မိဘတွေ အနေနဲ့ ကိုယ့် သားသမီးငယ်တွေ ကို ပြောဆို ဆုံးမရာမှာ သုံးလေ့ရှိတဲ့ စကားအမှားတွေ ကို ပြောပြပေးချင် သလို အဲ့ဒီ အစား ဘယ်လိုပြောဆို ဆုံးမနိုင်သလဲ ဆိုတာကိုပါ အစားထိုး ပြောပြပေး သွားပါမယ်။

၁။ နင် ကတော့ ငါ့ကို စိတ်တိုအောင်၊ ဒေါသ ထွက်အောင် လုပ်နေပြီ။
ကလေးငယ် ကို အပြစ်ရှိတဲ့ သူတစ်ယောက် လို ဆက်ဆံမယ့် အစား သူ့ရဲ့အပြုအမူ ကို မကြိုက်ဘူး ဆို တာ ပြော ရပါမယ်။ ဒီတော့ ခုန လို နင် ငါ့ကို စိတ်တိုအောင် လုပ်နေတာလား၊ ငါ စိတ်ပျက်အောင် နင်သိပ် လုပ်တယ် ဆိုတာမျိုးထက် သူ့ရဲ့ ဘယ်အပြုအမူဟာ ကောင်းတယ်။ ဘယ်ဟာလေး ကိုဖြင့် ပြောင်းသင့်တယ် ဆိုတာကို သူနားလည်အောင် ပြောဆိုရှင်းပြပါ။



၂။ နင် ဘာဖြစ်နေတာလဲ၊ ညည်း ဘာဖြစ်နေတာလဲ။
ဒီလို ပြောဆိုခြင်း ဟာ ကလေးငယ် အတွက် အရှက်ရစေပါတယ်။ ရှက်တတ် တဲ့ ကလေးငယ် ကို ဒီလိုပြော လိုက်မိမယ် ဆိုရင် နောင် အခါ သူ အသက်ရလာတဲ့ အခါမှာတောင် သူ့ကိုယ်ပိုင် အတွေး၊ အရည် အချင်းတွေ ကို သူယုံကြည်မှု မရှိ တော့ပါဘူး။ 

ခုလိုပြောမယ့် အစား "သား ဒီလို လုပ်တဲ့ အခါ မေမေ မကြိုက်ဘူး၊ သမီး ဒီလိုတွေ လုပ်တာမျိုး ဖေဖေ မကြိုက် ဘူး"ဆိုတာမျိုး ပြောပါ။ သူတို့ အမူအကျင့် ကို ဘယ်လိုပြောင်းရမယ် ဆိုတာကိုလည်း သူတို့ နားလည်အောင်၊ နားဝင်အောင် ပြောတတ်ပါစေ။

၃။နင် ဒီလို လုပ်ရင်ကောင်းမယ်..မဟုတ်လို့ ကတော့။
ကလေးငယ် ကို ကြောက်သွားအောင် ခြိမ်းခြောက် တဲ့ အသုံး အနှုန်းတွေ သုံးခြင်း ဟာ မိဘတွေ အတွက် အမှား တစ်ခုလို့ ပြောရပါလိမ့်မယ်။ ဒါဟာ ဒေါသ ထွက်လာရင် ဘယ်လို ဆက်ဆံ တတ်ကြတယ် ဆိုတဲ့ မကောင်းတဲ့ အရာကိုလည်း သင်ပေးရာ ရောက်နေပါတယ်။ 

ကလေး ကို ခြိမ်းခြောက် သလို ဒီလို လုပ်ရင်လုပ် မလုပ်ရင်တော့ ဘာဖြစ်မယ် လို့ ပြောဆိုမယ့် အစား "သမီး ဒီလို လုပ်တဲ့အခါ၊ မေမေ က ဘယ်လို ခံစားရတယ်"စသဖြင့် ကလေးနားလည်အောင် ပြောပေးဖို့ လိုပါတယ်။


 မေသော်
Ref:yourtango.com
From...  http://www.searchmyanmar.com/link/frame/cid/47207

 

No comments:

Post a Comment