Monday, February 16, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၉)








၅။ အကျည်းတန် အရုပ် ဆိုးရခြင်း ၏ အကြောင်း
**************************************

မြတ်စွာဘုရားရှင် သည် သုဘလုလင် အား "သုဘလုလင် ဤလောက၌ အချို့သော အမျိုးသမီး သည်သော် လည်းကောင်း အမျိုးသား သည်သော်လည်းကောင်း အမျက်ထွက် လေ့ရှိသည် ဖြစ်၏။ ကြောင့်ကြ ပူပန်မှု များပြားလေ့ ရှိသည် ဖြစ်၏။ 


အနည်းငယ် ကိုသော်လည်းပဲ ပြောဆို ခဲ့မိသည် ဖြစ်လတ်သော် ကပ်ငြိ၍နေတတ် ၏။ ဒေါသဖြင့်ဖောက်ပြန်
နေတတ်၏။ ရန်ငြိုးဖွဲ့၍ နေတတ်၏။ အမျက်ကို လည်းကောင်း ဒေါသကို လည်းကောင်း မကျေနပ်မှု ကို လည်းကောင်း ထင်ရှားပြုလုပ်၍ပြတတ်၏။

ထို ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော(ဝါ)  ဖြည့်ကျင့်ထားသော ဤသို့ ကောင်းစွာဆောက်တည် ထား အပ်သော ထို ဒေါသနှင့်ယှဉ်တွဲနေသော အကုသိုလ်  ကံကြောင့် ကိုယ်ခန္ဓာ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန် သည်မှ နောက်ကယလ၌  ချမ်းသာဟူ၍မြူငွေ့မျှမရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ် သော အလိုဆန္ဒကင်းလျက် ဖရိုဖရဲပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော
ငရဲသို့ ကပ်ရောက်ရပေ၏။




ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကယလ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လားရောက်ရာဖြစ်သော အလိုဆန္ဒ ကင်းလျက်  ဖရို ဖရဲပြို ကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ သို့ အကယ်၍  မကပ်ရောက်သည်ဖြစ်ငြားအံ့ ။ လူအဖြစ်သို့ (ဝါ) လူ့လောကသို့ အကယ်၍ ရောက်ရှိလာသည် ဖြစ်ငြားအံ့ အကြင် အကြင် ဘဝ၌ ပဋိသန္ဓေ အားဖြင့် တဖန်ဖြစ်ပေါ် လာရပေသည်။ 

ထိုထို ပဋိသန္ဓေ အားဖြင့် ဖြစ်ပေါ်၍လာရာ ဘုံဘဝ၌ (ဝါ) ထိုထို ပဋိသန္ဓေ အားဖြင့်ဖြစ်ပေါ်၍လာရာ အမျိုးအနွယ် ၌ အဆင်းမလှသည် ဖြစ်ပေ၏။"ဟု ဟောကြားတော်မူပါသည်။

ပဉ္စပါပီ အမျိုးသမီး
***************
ပဉ္စပါပီ ဝတ္တု ကို ယောဂီ သူတော်ကောင်းတို့ သိဘူးပြီး ဖြစ်ပါမည် ။ အတိတ်ကံ ကို ဖော်ပြပါမည်။ ပဉ္စပါပီ အလောင်းလျာ သည် တစ်ခုသောအမျိုး သမီးဘဝ ဖြစ်စဉ် အခါ၌ ဆင်းရဲ သား တစ်ဦးဖြစ်ခဲ့ပါသည်။ တစ်နေ့သော အခါ မြေညက်စိုင် ကို နယ်၍ အိမ်နံရံ ကို လိမ်းကျံနေစဉ် ပစ္စေကဗုဒ္ဓ ဘုရား ရှင် တစ်ဆူသည် မိမိ သီတင်းသုံးတော် မူရာ လိုဏ်ဂူ အတွင်းတွင် မြေညက် နှင့်လိမ်းကျံလို့သဖြင့် မြေညက် စိုင်ခဲကို အလှူခံ ရန် ဗာရာဏသီမြို့ အတွင်း သို့ သင်္ဃန်း ကို ဝတ်ရုံကာ သပိတ်ပိုက်လျက် ကြွဝင်လာတော်မူပါသည်။

ထို အမျိုးသမီး၏ မလှမ်းမကမ်း တွင်ရပ်တော် မူသောအခါ ဒေါသထွက် ကာ ပြစ်မှားလိုသော စိတ်ဖြင့် ပစ္စေက ဗုဒ္ဓဘုရား ရှင် အားမော်ကြည့်လျက် "မြေညက်ကိုတောင် အလှူခံရသလား" ဟုပြောဆို မိခဲ့ပါသည်။

ပစ္စေကဗုဒ္ဓဘုရားရှင် လည်း မတုန်မလှုပ်ရပ် နေသည်ကို မြင်သောအခါ မှ မိမိ ပင်ပန်းနေသည့် အတွက်ဒေါသ ထွက်မိ မှန်း သတိထား မိသောအခါ ထိုအမျိုးသမီး စိတ်ပြောင်း သွားပါသည်။ "ရဟန်း .....မြေညက်ကိုတောင် မှမရဘဲကိုး" ဟု စိတ်ထားဖြစ်၍ မြေညက်ခဲ စိုင်ကြီး တစ်ခုကို ယူဆောင် ၍လှူ ဒါန်း ခဲ့ဘူးပါသည်။

ကံတရား ဆိုသည် မှာ မျက်နှာလိုက်ရိုး ထုံးစံမရှိပါ။ အကုသိုလ် နှင့် ကုသိုလ်ကံ ရော၍ ထူထောင်မိ သဖြင့် ထိုကံ အကြိုးပေးသောအခါ ထိုအမျိုးသမီး သည် အကုသိုလ် ကံကြောင့် ရုပ်အဆင်း အလွန် ဆိုးပါ
သည်။ 


သို့သော် မြေညက် လှူဒါန်းသော ကုသိုလ်ကြောင့် ကိုယ်ခန္ဓာ အထိ အတွေ့အလွန် ထူးကဲလှ သဖြင့် နောက် ဆုံး တွင် ဘုရင့် မိဘုရား ပင်ဖြစ်ခဲ့ရပါသည်။ 

ထို ဝတ္တုကို ထောက်ရှူ၍ ကောင်းမှု ကုသိုလ်ပြုလုပ် ထူထောင်ရာတွင် အကုသိုလ် အညစ်အကြေး မပါ ဝင်အောင် ဂရုပြုသင့် လှပေသည်။



 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 


သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း







No comments:

Post a Comment