Saturday, February 21, 2015

ကွမ်းလုံ ရက် - ၄၀ - တိုက်ပွဲ (သို့) ကျွန်တော့ ဘ၀ ၏ နောက်ဆုံး နေ့ရက် များ


ကွမ်လုံရက် - ၄၀ - တိုက်ပွဲ (သို့) ကျွန်တော့ ဘ၀ ၏ နောက်ဆုံး နေ့ရက် များ
=================================================

တိုက်ပွဲ သည် ရက်ပေါင်း များစွာ ကြာ ခဲ့သည် ။နောက်တန်း မှ စစ်ကူ ဆိုသည် ကား တစိုး တစိ ရောက် မလာ သေး။ တဖက် ရန်သူ ဗကပ ၏ အင်အား က များလှ သည်။ စခန်း မှာ ရိက္ခာ က ပြတ်နေ ပြီ။ သောက်စရာ ရေ က မရှိ။ တကယ် ပြောရ လျှင် ကျွန်တော် တို့ လူအင်အား မှာလဲ ၁၀ ယောက် မျှပင် မရှိ တော့။ ရန်သူ အင်အား က များ သထက် များ လာ သလို ခံစား လာရ သည်။ အဝေး မှ လက်နက်ကြီး များ နဲ့ ကျွန်တော် တို့ ခေါင်း မဖော် နိုင် လောက်အောင် ပစ်ခတ် နေ သည်။

အာတွေ လည်း ခြောက် လှပြီ။ သေနတ် ပြောင်း တွေ ပူလွန်း ၍ ဂျမ့် ဖြစ်ကုန် လို့ အပေါစွန့် ၍ အအေးခံ နေရ သည်။ ခေါင်း က ဂျပ်ခဲ ၊ ဖုန်က မျက်နှာ ထူထဲ နေရ ထိုင်ရ ခက်လိုက်တာ မပြော ပါနဲ တော့။ ဒါဏ်ရာ ရ ရဲဘော် တွေ ၏ ညဉ်းသံ က ကျွန်တော့် ရင်ထဲမှာ တလှပ်လှပ်။ နားတွေ လည်း အူထူ နေပြီ။ ဆရာကြီး မျက်နှာ ကြည့်တော့ စိုးရိမ်စိတ် တွေ လွန်ကဲ နေပြီ။ ခံစစ်ကျင်း ပါတ်ချာ လည်လှည့် ပြီး ကျည်စစ် ဖို့ လိုက်ပြော နေသည်။ ရန်သူ က ဘယ်တောင်ပံ ညာတောင်ပံ နှစ်ဖက် ညပ်ထား ခံရတာ မဟုတ် လား။ ဆရာကြီး တနေကုန် ကျင်းတောင် နဲ့ မြောက်ကို ပြေးရင်း ပစ်ရင်း လှည့် နေရတာ အခေါက် ပေါင်း မနည်း တော့။ ကျွန်တော် တို့ အားလုံး ကြောက်စိတ် တွေ က မိုးလို မွှန်နေပြီ။ ဒီလို နှစ်ဖက် ညပ် တိုက်မှု ကြောင့် မိုးလင်း ထိ တောင့်ခံ နိုင်ပါ့ မလား စိုးရိမ် မိသည်။ ဒီ အချိန် မှာ တပ်ကြပ်ကြီး ညွန့်တင် က ကျွန်တော် တို့ ရဲ တဦး တည်းသော အားကိုး ရာ။ 

ကျွန်တော့် ကျင်း က တောင်ဘက် ခြမ်း မှာ။ ဘာမှ မစား ရတာ ၆ ရက် ရှိပြီ။ နို့ဆီ ဘူး ကို ဘက်နက် နဲ့ ထိုး ပြီး ပုရွက်ဆိတ် တွေ နဲ့ လုစုပ် ဆန် အဆုပ် လိုက် ၀ါး ပြီး ရေနဲ့ မျှောချ နေ ရတာ။ ခုတော့ မျှောချ စရာ ရေ မပြော နဲ့ ဘာဆို ဘာမှ မရှိ တော့။ ဆန်ကြမ်း တွေ မမြို နိုင်လို့ ငုံပြီး စုပ်နေ ရတာ။ ဘေးကျင်း က ကို သောင်းတင် ကို ကြည်တော့ လည်း ပါးစပ် က ဘုရားစာ ရွတ်လိုက် တစ်ချက် ထပစ် လိုက် လက်နက်ကြီး ကျလာ တော့ ပြန်ငုံ့ သွား လိုက်။ ဟူးးးးး မော လှပြီ။ သေချင် စော်လည်း နံ နေပြီ။ သေနတ် ပစ်ရလွန်း ၍ ပခုံးရိုး ကလည်း တစစ်စစ် နာ လှပြီ။ ကိုယ့် စိတ်ကို ကိုယ် ပြန်အားမွေး အားပေး နေရသည်။ စစ်သား စစ်တိုက်ရင်း သေတာ မဆန်း ပေမယ့် အိမ်က အမေ အိုကြီး နဲ့ မောင်နှမ တွေ ကို သတိရ စိတ် က စိုးရိမ်စိတ် တွေ နဲ့ ရောမွှန် နေသည်။

ဒီအချိန် ဆရာကြီး ကျွန်တော့် ဘေးနား ရောက်လာ သည်။ အချိန် က ၁၈၀၀ နာရီ။ သူက ဘာမှ မပြော ကျွန်တော့် ကျင်း နှတ်ခမ်း ပါတ်ချာလည် သူကြည့် ပြီး "မင်း ဘက် က တက်လာ တဲ့ ကောင်တွေ ကို တကောင် တစ်တောင့် ရအောင်ပစ် ၊ ငသောင်း ဘက် လည်း တချက် တချက် သွား ကူ " ဟု ပြောရင်း ကျွန်တော့် ပုခုံး ကို ပုတ်ပြီး ကိုသောင်းတင် ဘက် ကို ကိုယ်နှိမ့် ခါးချိုး ထွက် သွားတယ်။

မနေ့ ည တိုက်ပွဲ အပြင်း အထန် ဖြစ်နေချိန် က ဗိုလ်လေး စိုးနိုင် ကို တွေ့ရတာ ပြန် စဉ်းစား နေမိ သည်။ ဗိုလ်လေး စိုးနိုင် က ရှေ့ ခံစစ် စခန်း တောင်ကုန်း မှာ ရှိတာ။ ကိုယ်ပဲ ထင်ယောင် ထင်မှား မြင်မိ တယ် ထင်ပါ တယ်။ ဒါ ပေမယ့် သူ လမ်းလျှောက် ပုံ က ညာဘက်လက် ကပ်ပြီး ဘယ်လက် သာ လွှဲလျှောက် တတ်တဲ့ သူ့ အကျင့် က ရှိနေတာ့ ဝေခွဲ ရခက် နေပြန် တယ်။ ဒီ အချိန် ဆရာကြီး ညွှန့်တင် ကျွန်တော့် နား ရောက်လာ တော့ " ဆရာကြီး ဗိုလ်လေး ကို ကျွန်တော် ည က တွေ့ လိုက် သလို ပဲ " လို့ ပြောလိုက်ရာ " မင်း ဘယ်တုန်း က တွေ့တာ လည်း " ဟု ပြန်မေး သည်။ " မနေ့ ည ဦးပိုင်း က ဆရာကြီး " ဆိုတော့ " အေး .. ငါလည်း တွေ့ လိုက် တယ်။ ဒါ့ကြောင့် ငါ စက်ပေါက် မေးခိုင်း ပြီးပြီ။ မနေ့ ည နေ က ဒီကောင်တွေ ထိုးစစ် မှာ ဗိုလ်လေး ကျသွား ပြီ တဲ့။ ရှေ့ ခံစစ် ကြောင်း တခွဲလုံး နီးပါး ကျသွားပြီ " တဲ့။ "ဗျာ" ကျွန်တော် ထင်တဲ့ အတိုင်း ပါပဲ။ "တို့ ကို စိတ်ပူ လို့ နေမှာ ပေါ့ကွာ " ဟု ဆရာကြီး က ပြောရင်း " ဒါတွေ တွေး မနေ နဲ့ မနက်ဖြန် မှ စစ်ကူ မရရင် တို့လည်း ဗိုလ်လေး တို့နောက် လိုက် ရမှာပဲ။ စစ်သား ပဲ။ ဘာဆန်း လဲ။ တိုင်းပြည် အတွက် လို့ မင်း ခေါင်းထဲ ထည့်ထား။ ခုချိန် ထိ ဆုတ်မိန့် မပါ သေးဘူး။ မင်း ကြောက် နေရင် သစ္စာ အဓီဌာန် တိုးတိုးလေး ပြန်ရွတ် နေ။ ဒါမှ မဟုတ် ဘုရား သာ အာရုံ ပြုထား။ ဒါပေမယ့် မင်း ပစ်ကွင်း ထဲမှာ တစ်ကောင် မှ ကိုက် ၅၀ ကျော်ဝင် မလာ စေနဲ့ " လို့ ဆရာကြီး ပြောပြီး ကျည် နှစ်ကပ် ချ ပေး ရင်း ထွက်သွား ပြန်သည်။

ထူးဆန်း တာ တစ်ခု က ရှေ့ ညတွေ ကလည်း ကျသွား တဲ့ ရဲဘော် တွေ သေနတ် တွေကို စုထောင် ချည် ထား ရသည်။ ကျသွား တဲ့ ကျွန်တော် တို့ ညီအကို တွေ ၀ိညာဉ် ဘ၀ နဲ့ သေနတ် လာလာ ဆွဲပြီး ခုခံ ဖို့ ကြိုးစား နေ ကြလို့ လေ။ ဆရာကြီး ညွန့်တင် က ''ဟေ့ကောင် တွေ ဟေ့ကောင် တွေ မလုပ် ကြ နဲ့ မင်းတို့ အလုပ် မဟုတ် တော့ ဘူး။ လျှောက် မပစ် ကြနဲ့ '' ဆို ပြီး ဟိန်းဟောက် ထားရ သည်။ ညီ အကို တွေ သေပြီး တာတောင် ကိုယ့်ကို ကိုယ် မသိ တိုင်းပြည် အတွက် အသက် ၀ိညဉ် က ဆက်နေ တုန်း။ ငါ ကော ဘယ်လို ဖြစ် မလည်း အတွေး ပေါင်း များစွာ နဲ့ မျက်တောင် မခတ် ရန်သူ့ အရိပ် အခြေ ကြည့်နေ ရလေ သည်။ မိမိ နဲ့ သေဖော် သေဖက် သူငယ်ချင်း မိတ်ဆွေ ညီ အကို တွေကို ၀ိဉာဉ် အဖြစ် မြင် တွေ့နေ ရတော့ လည်း ၀မ်းနည်း ခြင်း အံ့ သြ ခြင်း ဖြစ်ရ သည်။ 

ခု ညလည်း ဘယ်လို လာအုန်း မည် မသိ။ ကျွန်တော် တို့ အကောင်း ဆို လို့ ၁၁ ယောက် ၊ ဒါဏ်ရာ အနည်း ငယ် ၂ ယောက် ၊ ဒါဏ်ရာ ကြီး ၆ ယောက် ပဲ ရှိတော့ သည်။ ကျန်တဲ့ ရဲဘော် ရဲဘက် တွေ ကျ ကုန်ပြီ။ ဒီ ကောင်တွေ လဲ ငြိမ်နေ သည်။ ဒီအတိုင်း သာဆို မနက်ဖြန် မနက် ဒီကောင်တွေ ထိုးစစ် ဆင်တော့ မည်။ ထိုးစစ် သာ အလုံး အရင်း ၀င်ရင် ကျွန်တော် တို့ သေဖို့ သေချာ သွားပီ။ ဒီနေ့ ည ကိုယ့် ရဲ့ နောက်ဆုံး ည ဆိုတော့ ဘုရားစာ သာ တွင်တွင် ရွတ်နေမိ တော့ သည်။ အထက် အရာရှိ အားလုံး ကျကုန် ပြီ ဖြစ်လို့ တပ်စု တပ်ကြပ်ကြီး ဆရာ ညွန့်တင် သာ နောက်ဆုံး အခရာ ဖြစ်ပြီး စစ်ကူ လာ ပါစေ လို့ သာ ဆုတောင်း နေမိ တော့သည်။ အားကိုး ရာ ဘုရားရှင် အစစ် သာ ဖြစ်၍ ရှင်တော် မြတ် ဘုရား ကို တိုင်တည် ဆုတောင်း နေမိ သည်။ ဆုတောင်း နေရင်း မှ လည်း သစ္စာ ဆိုမိသည်။ သမ္မာ ဒေ၀ နတ်ကောင်း နတ်မြတ် များ ကူညီ မစ ပါ စောင့်ရှောက် ပါ။ တော စောင့်နတ် တောင်စောင့် နတ် တွေ ကို ကိုယ် ပြုလုပ် ခဲ့တဲ့ ကုသိုလ် တွေ အမျှ ပေး။ ကိုယ် မလုပ်ချင် ပဲ လူသတ် နေရတာ ကိုလည်း သစ္စာ ဆို။ အမျိုးမျိုး တွေ ရွတ်ဖတ် ရင်း အချိန် တွေ ကုန်လွန် လာ ခဲ့ လေသည်။

အိပ်ရေး ပျက်သော ညတွေ များ လှပြီ ဖြစ်သဖြင့် တစ်ချက် တစ်ချက် ငိုက်ချင် နေသည်။ သို့သော် ကျွန်တော် တို့ အနားမရ မငိုက် ရအောင် လည်း ရန်သူ့ လက်နက်ကြီး တွေ က တစ်ချက် တစ်ချက် ကုန်းပေါ် ကျနေသည်။ မျက်လုံး များ ကလည်း ကြိမ်းစပ် နေပြီ။ နံနက် အာရုံ တက် တွင် အိမ်မက် လိုလို တကယ် လိုလို နဲ့ တော်လဲ သံများ ကြားရ လေသည်။ ဆင်သံ များ မြင်းသံ များ တံပိုး မှုတ်သံ များလည်း ကြား လိုက်ရ သည်။ မိမိ တစ်ယောက် ထဲ ကြား သည် ထင်၍ ကို သောင်းတင် ကို လှမ်းကြည် လိုက်ရာ သူကလည်း ဘာသံ လည်း ဆိုတဲ့ မျက်နှာ နဲ့ ကျွန်တော့် ကို ပြန်ကြည့် နေ သည်။ အမှန် တကယ် ဆို ဒီ ကောင် တွေ တရုတ် ခရာ ၀ီစီ အမြဲ မှုတ် ထိုးစစ် ၀င်နေကြ။ ခုတော့ ၀ီစီသံ တစ်ချက် မှ မကြား ကျားထိုး အော်သံ မကြား။ အာရုဏ် က အလင်း မပြ တပြ။ မနည်း ဂရုစိုက် ကြည့်နေ ရသည်။ တိတ်တဆိတ် တက်ပြီး ကပ် မှ ကျားထိုး စစ်ဆင် တတ်သည် မဟုတ်လား။ ဒီလို အထူး အဆန်း ဖြစ်ပြီး မကြာ ဆရာကြီး ညွန့်တင် မှန်ပြောင်း တစ်လက် ဖြင့် ဘယ်ညာ ပါတ်ပြေး ကြည့် နေသည်။ သေနတ်သံ ပင် တစ်ချက် မှ မကြား ရ တော့။

ထို အဖြစ် ပျက် ဖြစ်ပြီး မကြာ ၂ ရက် အတွင်း ကျွန်တော် တို့ ဆီ စစ်ကူ ရောက်လာခဲ့ သည်။ နောက်တန်း ပြန်ရောက် တော့ ဆေးရုံ မှာ တပါတ် မျှ တက် ခဲ့ရ သည်။ ကံကြီး လှပေ စွ ဗျာ။အဖြစ် ကား ထိုသို့ တည်း။ 

တစ်နှစ် ကျော် ခန့် ကြာသော အခါ မှာ ကျွန်တော် တို့ ထို အဖြစ် အပျက် များ ကို ပြန်လည် သိခွင့် ရခဲ့ သည်။ မမျှော့်လင့် ထား တာတွေ လောက မှာ ဖြစ်နေ ရှိနေတယ် ဆိုတာ ယုံကြည် ခဲ့ရသည်။ တ နှစ် လောက် ကြာတော့ တပ်ရင်းရုံး မှာ သုံ့ပန်း၂ ဦး ဖမ်းမိ သည်။ ကျွန်တော် တို့ကို တိုက်တဲ့ တိုက်ပွဲ မှာ ပါတဲ့ ဗကပ တွေ ပေါ့။ စစ်ဆေး ရေး ၀င်တဲ့ အခါ ဆရာကြီး ညွှန့်တင် က ဒီကောင်တွေ ကို ထိနေ့ က ကိစ္စ ပြန် မေးသည်။ ကျွန်တော် တို့ အားလုံး လည်း သိချင် တယ် လေ။ " ခင်များ တို့ အဲ့ဒီ မနက် ကျွန်တော် တို့ ကုန်း ကို ဘာလို့ မသိမ်း တာလဲ ဘာ့ကြောင့် ဆုတ်သွား တာလဲ" ဟု ဆရာ ညွှန့်တင် မေးတော့ သူလည်း တအား ပြောပြ ချင် တဲ့ ပုံ နဲ့ ပါပဲ "မပြေးလို့ မရ ဘူး ဆရာကြီး။ ဗမာ ရှေးခေတ် စစ်သား တွေ မောက်တို မောက်ရှည် တွေ ဆင်တွေ မြင်းတွေ နည်းမှ မနည်း။ လူ ထောင်ကျော် လောက် လက်နက် မျိုးစုံ အလံ မျိုးစုံ ကိုင်တက် လာတာ။ ပီးတော့ မိုးခြိမ်း သလို ပဲ ၀ိုင်းဟ တိုက်ဟ သတ်ဟ နဲ့ ကြောက်စရာ ကြီး ဗျာ။ လှံတွေ ဓါးတွေ နဲ့ အော်ကြ ဟစ်ကြ ပြေးလာ ကြ ဆိုတော့ ရှေးဘုရင် တွေ စစ်တိုက် တဲ့ ပုံတွေ ထဲ ကလို ပဲ။ ကျွန်တော် တို့ လဲ ပထမ ၁ ချက် ၂ ချက် ပစ်ကြည့် သေး တယ်။ ဘာမှ မဖြစ် တော့ အများလည်း ပြေး ကိုယ်လည်း ပြေး ပေါ့ဗျာ။ အနီး ရောက်ရင် ဘာဖြစ်မယ် မှန်းမှ မသိဘဲ ကိုး ဆရာကြီး ရဲ့။ သေသွား တဲ့ ရဲဘော် အလောင်း တွေ တောင် ဒီတိုင်း ထားခဲ့ ရတာ။ ကြောက်မိ တဲ့ အထဲ မှာတော့ အကြောက် ဆုံး ပဲ။ ခွေပြေး ကို ပြေးခဲ့ ရတာဗျ။ " တဲ့။ ကဲ ကျွန်တော်တို့ လိပ်ခဲ တင်းတင်း မသိခဲ့ ရတဲ့ အဖြေ တော့ သိ ပါပြီ။ ကျွန်တော် တို့ အားလုံး ၀မ်းသာ အံ့သြ ခြင်း ရှိရ ပါသည်။

မောင်မောင် (တုံကပူရိ) 
Dr'Paing Thet Aung


တိုက်ပွဲ သည် ရက်ပေါင်း များစွာ ကြာ ခဲ့သည် ။နောက်တန်း မှ စစ်ကူ ဆိုသည် ကား တစိုး တစိ ရောက် မလာ သေး။ တဖက် ရန်သူ ဗကပ ၏ အင်အား က များလှ သည်။ စခန်း မှာ ရိက္ခာ က ပြတ်နေ ပြီ။

 သောက်စရာ ရေ က မရှိ။ တကယ် ပြောရ လျှင် ကျွန်တော် တို့ လူ အင်အား မှာ လဲ ၁၀ ယောက် မျှပင် မရှိ တော့။ ရန်သူ အင်အား က များ သထက် များ လာ သလို ခံစား လာရ သည်။ အဝေး မှ လက်နက်ကြီး များ နဲ့ ကျွန်တော် တို့ ခေါင်း မဖော် နိုင် လောက်အောင် ပစ်ခတ် နေ သည်။

အာတွေ လည်း ခြောက် လှပြီ။ သေနတ် ပြောင်း တွေ ပူလွန်း ၍ ဂျမ့် ဖြစ်ကုန် လို့ အပေါ့စွန့် ၍ အအေးခံ နေ ရ သည်။ ခေါင်း က ဂျပ်ခဲ ၊ ဖုန် က မျက်နှာ ထူထဲ နေရ ထိုင်ရ ခက်လိုက်တာ မပြော ပါနဲ တော့။ ဒါဏ်ရာ ရ ရဲဘော် တွေ ၏ ညဉ်းသံ က ကျွန်တော့် ရင်ထဲမှာ တလှပ်လှပ်။ နားတွေ လည်း အူထူ နေပြီ။ 

ဆရာကြီး မျက်နှာ ကြည့်တော့ စိုးရိမ်စိတ် တွေ လွန်ကဲ နေပြီ။ ခံစစ် ကျင်း ပါတ်ချာ လည် လှည့် ပြီး ကျည်စစ် ဖို့ လိုက်ပြော နေသည်။ ရန်သူ က ဘယ်တောင်ပံ ညာတောင်ပံ နှစ်ဖက် ညပ်ထား ခံရတာ မဟုတ် လား။ 



ဆရာကြီး တနေကုန် ကျင်းတောင် နဲ့ မြောက်ကို ပြေးရင်း ပစ်ရင်း လှည့် နေရတာ အခေါက် ပေါင်း မနည်း တော့။ ကျွန်တော် တို့ အားလုံး ကြောက်စိတ် တွေ က မိုးလို မွှန်နေပြီ။ ဒီလို နှစ်ဖက် ညပ် တိုက်မှု ကြောင့် မိုးလင်း ထိ တောင့်ခံ နိုင်ပါ့ မလား စိုးရိမ် မိသည်။ ဒီ အချိန် မှာ တပ်ကြပ်ကြီး ညွန့်တင် က ကျွန်တော် တို့ ရဲ တဦး တည်းသော အားကိုး ရာ။ 

ကျွန်တော့် ကျင်း က တောင်ဘက် ခြမ်း မှာ။ ဘာမှ မစား ရတာ ၆ ရက် ရှိပြီ။ နို့ဆီ ဘူး ကို ဘက်နက် နဲ့ ထိုး ပြီး ပုရွက်ဆိတ် တွေ နဲ့ လုစုပ် ဆန် အဆုပ် လိုက် ၀ါး ပြီး ရေနဲ့ မျှောချ နေ ရတာ။ ခုတော့ မျှောချ စရာ ရေ မပြော နဲ့ ဘာဆို ဘာမှ မရှိ တော့။ 

ဆန်ကြမ်း တွေ မမြို နိုင် လို့ ငုံပြီး စုပ်နေ ရတာ။ ဘေးကျင်း က ကို သောင်းတင် ကို ကြည်တော့ လည်း ပါးစပ် က ဘုရားစာ ရွတ်လိုက် တစ်ချက် ထပစ် လိုက် လက်နက်ကြီး ကျလာ တော့ ပြန်ငုံ့ သွား လိုက်။ ဟူးးးးး မော လှပြီ။ သေချင် စော်လည်း နံ နေပြီ။ သေနတ် ပစ်ရ လွန်း ၍ ပခုံးရိုး ကလည်း တစစ်စစ် နာ လှပြီ။ 

ကိုယ့် စိတ်ကို ကိုယ် ပြန် အားမွေး အားပေး နေရသည်။ စစ်သား စစ်တိုက်ရင်း သေတာ မဆန်း ပေမယ့် အိမ် က အမေ အိုကြီး နဲ့ မောင်နှမ တွေ ကို သတိရ စိတ် က စိုးရိမ်စိတ် တွေ နဲ့ ရောမွှန် နေသည်။

ဒီအချိန် ဆရာကြီး ကျွန်တော့် ဘေးနား ရောက်လာ သည်။ အချိန် က ၁၈း ၀၀ နာရီ။ သူက ဘာမှ မပြော ကျွန်တော့် ကျင်း နှတ်ခမ်း ပါတ်ချာ လည် သူကြည့် ပြီး "မင်း ဘက် က တက်လာ တဲ့ ကောင်တွေ ကို တကောင် တစ်တောင့် ရအောင်ပစ် ၊ ငသောင်း ဘက် လည်း တချက် တချက် သွား ကူ " ဟု ပြောရင်း ကျွန်တော့် ပုခုံး ကို ပုတ်ပြီး ကိုသောင်းတင် ဘက် ကို ကိုယ်နှိမ့် ခါးချိုး ထွက် သွားတယ်။

မနေ့ ည တိုက်ပွဲ အပြင်း အထန် ဖြစ်နေချိန် က ဗိုလ်လေး စိုးနိုင် ကို တွေ့ရတာ ပြန် စဉ်းစား နေမိ သည်။ ဗိုလ်လေး စိုးနိုင် က ရှေ့ ခံစစ် စခန်း တောင်ကုန်း မှာ ရှိတာ။ ကိုယ်ပဲ ထင်ယောင် ထင်မှား မြင်မိ တယ် ထင်ပါ တယ်။ ဒါ ပေမယ့် သူ လမ်းလျှောက် ပုံ က ညာဘက် လက် ကပ်ပြီး ဘယ်လက် သာ လွှဲလျှောက် တတ်တဲ့ သူ့ အကျင့် က ရှိနေတော့ ဝေခွဲ ရခက် နေပြန် တယ်။ 

ဒီ အချိန် ဆရာကြီး ညွှန့်တင် ကျွန်တော့် နား ရောက်လာ တော့ " ဆရာကြီး ဗိုလ်လေး ကို ကျွန်တော် ည က တွေ့ လိုက် သလို ပဲ " လို့ ပြောလိုက်ရာ " မင်း ဘယ်တုန်း က တွေ့တာ လည်း " ဟု ပြန်မေး သည်။ " မနေ့ ည ဦးပိုင်း က ဆရာကြီး " ဆိုတော့ " အေး .. ငါလည်း တွေ့ လိုက် တယ်။

 ဒါ့ကြောင့် ငါ စက်ပေါက် မေးခိုင်း ပြီးပြီ။ မနေ့ ည နေ က ဒီကောင်တွေ ထိုးစစ် မှာ ဗိုလ်လေး ကျသွား ပြီ တဲ့။ ရှေ့ ခံစစ် ကြောင်း တခွဲလုံး နီးပါး ကျသွားပြီ " တဲ့။ "ဗျာ" ကျွန်တော် ထင်တဲ့ အတိုင်း ပါပဲ။ "တို့ ကို စိတ်ပူ လို့ နေမှာ ပေါ့ကွာ " ဟု ဆရာကြီး က ပြောရင်း " ဒါတွေ တွေး မနေ နဲ့ မနက်ဖြန် မှ စစ်ကူ မရရင် တို့လည်း ဗိုလ်လေး တို့နောက် လိုက် ရမှာပဲ။ စစ်သား ပဲ။ ဘာဆန်း လဲ။ တိုင်းပြည် အတွက် လို့ မင်း ခေါင်းထဲ ထည့်ထား။ 

ခုချိန် ထိ ဆုတ်မိန့် မပါ သေးဘူး။ မင်း ကြောက် နေရင် သစ္စာ အဓီဌာန် တိုးတိုးလေး ပြန်ရွတ် နေ။ ဒါမှ မဟုတ် ဘုရား သာ အာရုံ ပြုထား။ ဒါပေမယ့် မင်း ပစ်ကွင်း ထဲမှာ တစ်ကောင် မှ ကိုက် ၅၀ ကျော်ဝင် မလာ စေနဲ့ " လို့ ဆရာကြီး ပြောပြီး ကျည် နှစ်ကပ် ချ ပေး ရင်း ထွက်သွား ပြန်သည်။

ထူးဆန်း တာ တစ်ခု က ရှေ့ ညတွေ ကလည်း ကျသွား တဲ့ ရဲဘော် တွေ သေနတ် တွေကို စုထောင် ချည် ထား ရသည်။ ကျသွား တဲ့ ကျွန်တော် တို့ ညီအကို တွေ ၀ိညာဉ် ဘ၀ နဲ့ သေနတ် လာလာ ဆွဲပြီး ခုခံ ဖို့ ကြိုးစား နေ ကြလို့ လေ။ ဆရာကြီး ညွန့်တင် က ''ဟေ့ကောင် တွေ ဟေ့ကောင် တွေ မလုပ် ကြ နဲ့ မင်းတို့ အလုပ် မဟုတ် တော့ ဘူး။ လျှောက် မပစ် ကြနဲ့ '' ဆို ပြီး ဟိန်းဟောက် ထားရ သည်။ 

ညီ အကို တွေ သေပြီး တာတောင် ကိုယ့်ကို ကိုယ် မသိ တိုင်းပြည် အတွက် အသက် ၀ိညဉ် က ဆက်နေ တုန်း။ ငါ ကော ဘယ်လို ဖြစ် မလည်း အတွေး ပေါင်း များစွာ နဲ့ မျက်တောင် မခတ် ရန်သူ့ အရိပ် အခြေ ကြည့်နေ ရလေ သည်။ မိမိ နဲ့ သေဖော် သေဖက် သူငယ်ချင်း မိတ်ဆွေ ညီ အကို တွေကို ၀ိဉာဉ် အဖြစ် မြင် တွေ့နေ ရတော့ လည်း ၀မ်းနည်း ခြင်း အံ့ သြ ခြင်း ဖြစ်ရ သည်။

ခု ည လည်း ဘယ်လို လာအုန်း မည် မသိ။ ကျွန်တော် တို့ အကောင်း ဆို လို့ ၁၁ ယောက် ၊ ဒါဏ်ရာ အနည်း ငယ် ၂ ယောက် ၊ ဒါဏ်ရာ ကြီး ၆ ယောက် ပဲ ရှိတော့ သည်။ ကျန်တဲ့ ရဲဘော် ရဲဘက် တွေ ကျ ကုန်ပြီ။ ဒီ ကောင်တွေ လဲ ငြိမ်နေ သည်။ 

ဒီအတိုင်း သာဆို မနက်ဖြန် မနက် ဒီကောင်တွေ ထိုးစစ် ဆင်တော့ မည်။ ထိုးစစ် သာ အလုံး အရင်း ၀င်ရင် ကျွန်တော် တို့ သေဖို့ သေချာ သွားပီ။ ဒီနေ့ ည ကိုယ့် ရဲ့ နောက်ဆုံး ည ဆိုတော့ ဘုရား စာ သာ တွင်တွင် ရွတ်နေမိ တော့ သည်။ 

အထက် အရာရှိ အားလုံး ကျကုန် ပြီ ဖြစ်လို့ တပ်စု တပ်ကြပ်ကြီး ဆရာ ညွန့်တင် သာ နောက်ဆုံး အခရာ ဖြစ်ပြီး စစ်ကူ လာ ပါစေ လို့ သာ ဆုတောင်း နေမိ တော့သည်။ အားကိုး ရာ ဘုရားရှင် အစစ် သာ ဖြစ်၍ ရှင်တော် မြတ် ဘုရား ကို တိုင်တည် ဆုတောင်း နေမိ သည်။ ဆုတောင်း နေရင်း မှ လည်း သစ္စာ ဆိုမိသည်။ 

သမ္မာ ဒေ၀ နတ်ကောင်း နတ်မြတ် များ ကူညီ မစ ပါ စောင့်ရှောက် ပါ။ တော စောင့်နတ် တောင်စောင့် နတ် တွေ ကို ကိုယ် ပြုလုပ် ခဲ့တဲ့ ကုသိုလ် တွေ အမျှ ပေး။ ကိုယ် မလုပ်ချင် ပဲ လူသတ် နေရတာ ကိုလည်း သစ္စာ ဆို။ အမျိုးမျိုး တွေ ရွတ်ဖတ် ရင်း အချိန် တွေ ကုန်လွန် လာ ခဲ့ လေသည်။

အိပ်ရေး ပျက်သော ညတွေ များ လှပြီ ဖြစ်သဖြင့် တစ်ချက် တစ်ချက် ငိုက်ချင် နေသည်။ သို့သော် ကျွန်တော် တို့ အနား မရ မငိုက် ရအောင် လည်း ရန်သူ့ လက်နက်ကြီး တွေ က တစ်ချက် တစ်ချက် ကုန်းပေါ် ကျနေ သည်။ မျက်လုံး များ ကလည်း ကြိမ်းစပ် နေပြီ။ နံနက် အာရုံ တက် တွင် အိမ်မက် လိုလို တကယ် လိုလို နဲ့ တော်လဲ သံများ ကြားရ လေသည်။ 

ဆင်သံ များ မြင်းသံ များ တံပိုး မှုတ်သံ များလည်း ကြား လိုက်ရ သည်။ မိမိ တစ်ယောက် ထဲ ကြား သည် ထင် ၍ ကို သောင်းတင် ကို လှမ်းကြည် လိုက်ရာ သူကလည်း ဘာသံ လည်း ဆိုတဲ့ မျက်နှာ နဲ့ ကျွန်တော့် ကို ပြန်ကြည့် နေ သည်။ အမှန် တကယ် ဆို ဒီ ကောင် တွေ တရုတ် ခရာ ၀ီစီ အမြဲ မှုတ် ထိုးစစ် ၀င်နေကြ။ ခုတော့ ၀ီစီသံ တစ်ချက် မှ မကြား ကျားထိုး အော်သံ မကြား။ 

အာရုဏ် က အလင်း မပြ တပြ။ မနည်း ဂရုစိုက် ကြည့်နေ ရသည်။ တိတ်တဆိတ် တက်ပြီး ကပ် မှ ကျားထိုး စစ်ဆင် တတ်သည် မဟုတ်လား။ ဒီလို အထူး အဆန်း ဖြစ်ပြီး မကြာ ဆရာကြီး ညွန့်တင် မှန်ပြောင်း တစ် လက် ဖြင့် ဘယ်ညာ ပတ်ပြေး ကြည့် နေသည်။ သေနတ်သံ ပင် တစ်ချက် မှ မကြား ရ တော့။

ထို အဖြစ် ပျက် ဖြစ်ပြီး မကြာ ၂ ရက် အတွင်း ကျွန်တော် တို့ ဆီ စစ်ကူ ရောက်လာခဲ့ သည်။ နောက် တန်း ပြန်ရောက် တော့ ဆေးရုံ မှာ တပတ် မျှ တက် ခဲ့ရ သည်။ ကံကြီး လှပေ စွ ဗျာ။ အဖြစ် ကား ထိုသို့ တည်း။ 

တစ်နှစ် ကျော် ခန့် ကြာသော အခါ မှာ ကျွန်တော် တို့ ထို အဖြစ် အပျက် များ ကို ပြန်လည် သိခွင့် ရခဲ့ သည်။ မမျှော့်လင့် ထား တာတွေ လောက မှာ ဖြစ်နေ ရှိနေတယ် ဆိုတာ ယုံကြည် ခဲ့ရသည်။ တ နှစ် လောက် ကြာတော့ တပ်ရင်းရုံး မှာ သုံ့ပန်း၂ ဦး ဖမ်းမိ သည်။ 

ကျွန်တော် တို့ကို တိုက်တဲ့ တိုက်ပွဲ မှာ ပါတဲ့ ဗကပ တွေ ပေါ့။ စစ်ဆေး ရေး ၀င်တဲ့ အခါ ဆရာကြီး ညွှန့်တင် က ဒီကောင်တွေ ကို ထိနေ့ က ကိစ္စ ပြန် မေးသည်။ ကျွန်တော် တို့ အားလုံး လည်း သိချင် တယ် လေ။ " 

ခင်များ တို့ အဲ့ဒီ မနက် ကျွန်တော် တို့ ကုန်း ကို ဘာလို့ မသိမ်း တာလဲ ဘာ့ကြောင့် ဆုတ်သွား တာလဲ" ဟု ဆရာ ညွှန့်တင် မေးတော့ သူလည်း တအား ပြောပြ ချင် တဲ့ ပုံ နဲ့ ပါပဲ "မပြေးလို့ မရ ဘူး ဆရာကြီး။ ဗမာ ရှေးခေတ် စစ်သား တွေ မောက်တို မောက်ရှည် တွေ ဆင်တွေ မြင်းတွေ နည်းမှ မနည်း။ 

လူ ထောင်ကျော် လောက် လက်နက် မျိုးစုံ အလံ မျိုးစုံ ကိုင်တက် လာတာ။ ပီးတော့ မိုးခြိမ်း သလို ပဲ ၀ိုင်းဟ တိုက်ဟ သတ်ဟ နဲ့ ကြောက်စရာ ကြီး ဗျာ။ လှံတွေ ဓါးတွေ နဲ့ အော်ကြ ဟစ်ကြ ပြေးလာ ကြ ဆိုတော့ ရှေး ဘုရင် တွေ စစ်တိုက် တဲ့ ပုံတွေ ထဲ ကလို ပဲ။ 

ကျွန်တော် တို့ လဲ ပထမ ၁ ချက် ၂ ချက် ပစ်ကြည့် သေး တယ်။ ဘာမှ မဖြစ် တော့ အများလည်း ပြေး ကိုယ် လည်း ပြေး ပေါ့ဗျာ။ အနီး ရောက်ရင် ဘာဖြစ်မယ် မှန်း မှ မသိဘဲ ကိုး ဆရာကြီး ရဲ့။ သေသွား တဲ့ ရဲဘော် အလောင်း တွေ တောင် ဒီတိုင်း ထားခဲ့ ရတာ။ ကြောက်မိ တဲ့ အထဲ မှာတော့ အကြောက် ဆုံး ပဲ။ ခွေး ပြေး ကို ပြေးခဲ့ ရတာဗျ။ " တဲ့။ 

ကဲ ကျွန်တော်တို့ လိပ်ခဲ တင်းတင်း မသိခဲ့ ရတဲ့ အဖြေ တော့ သိ ပါပြီ။ ကျွန်တော် တို့ အားလုံး ၀မ်းသာ အံ့သြ ခြင်း ရှိရ ပါသည်။


 မောင်မောင် (တုံကပူရိ)
Dr'Paing Thet Aung



No comments:

Post a Comment