Saturday, February 21, 2015

မြန်မာ့ တပ်မတော် မှ ပိုင်ဆိုင် ထားတဲ့ ပဲ့ထိန်း ဒုံးလက်နက်တွေ ကို လေ့လာလိုသူများ အတွက် တင်ပေးလိုက်တာပါ...

 Lynn Latyar's photo.Lynn Latyar's photo.


မလေ့လာချင် လျှင် ကျော်သွားလို့ သို့မဟုတ် မဖတ်ပဲ ထားလို့ ရပါတယ်...

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား နှင့် ဗိုလ်ရှုသဘင် အခမ်းအနားတွေမှာ မြန်မာ့ တပ်မတော်က ပဲ့ထိန်း ဒုံးတွေ နဲ့ ချီတက် အလေးပြုတာကို တွေ့ဖူးမြင် ဖူးကြမှာပါ...

အဲဒီ စစ်ရေးပြ အခမ်းအနားတွေ မှာ အသုံးပြု တဲ့ ပဲ့ထိန်းဒုံး အမည်က Pechora-2M လို့ခေါ်ပြီး အမေရိကန် ရဲ့ နာမည်ကျော် ကိုယ်ပျောက် တိုက်လေယာဉ် F-117A ကို ပစ်ချ ခဲ့တဲ့အထိ စွမ်းဆောင်ရေ ကောင်းမွန် ပါတယ်...

အချို့သော စစ်ရေးနှင့် ပတ်သက်သည့် ဗဟုသုတ သိပ်များများ မရှိသူများ ကတော့ မြန်မာ့ တပ်မတော်မှာ Pechora-2M missile တွေသာ ပိုင်ဆိုင် မယ် ထင်နေကြလို့... Pechora အပြင် အခြားသော ခေတ်မှီ ဖျက် အားပြင်း ပဲ့ထိန်းဒုံးတွေ ကိုပါ စုစည်း တင်ပြပေးထားတာပါ...


အောက်မှာ ပြထားတဲ့ ပုံတွေကတော့ မြန်မာ့ တပ်မတော်က ပိုင်ဆိုင် ထားတဲ့ ပဲ့ထိန်းဒုံး ပုံတူ အမျိုးတူတွေ ရဲ့ ပုံတွေပါ...



 Lynn Latyar's photo.

BAe Dynamics Bloodhound Mk.II က အင်္ဂလန်နိုင်ငံ မှ ထုတ်လုပ် တာဖြစ်ပါတယ် အစင်းရေ အများအပြား ကို ပိုင်ဆိုင် ထားပါတယ်...


 နောက် SA-2, SA-6 နှင့် SA-19 တို့က ဆိုဗီယက်ယူနီယံ က ထုတ်လုပ်တာဖြစ်ပြီး အစင်းရေ အများအပြား ကို ပိုင်ဆိုင် ထားပါတယ်...
 
KS-1A ကတော့ တရုတ်နိုင်ငံ က ထုတ်လုပ် တာဖြစ်ပါတယ်...

 Lynn Latyar's photo.


Pechora-2M ကတော့ ရုရှားနိုင်ငံကထုတ်လုပ်တာပါ... သူလည်း အစင်းရေက အတော်လေးအများအပြားကို ပိုင်ဆိုင်ထားပြီးသားပါ...

Hwasong-6 ပဲ့ထိန်းဒုံး ကတော့ မြောက်ကိုးရီးယားနိုင်ငံ က ထုတ်လုပ် တာဖြစ်ပြီး ကီလိုမီတာ ၇၀၀ အထိ တိတိကျကျ ပစ်ခဲ့နိုင်တဲ့ တာတို အမျိုးအစား ဒုံးပျံ ဖြစ်ပါတယ်။

 Lynn Latyar's photo.


 နောက် ပခုံးထမ်း တာတို လေယာဉ်ပစ် Igla တွေကို ပိုင်ဆိုင် ထားတဲ့ အပြင် ပြည်တွင်း မှာပါ ထုတ်လုပ်နိုင် တဲ့ နည်းပညာ ကိုပါ ပိုင်ဆိုင် ထားလို့ ပြည်တွင်း ထုတ် လေကြောင်းရန် ကာ ပဲ့ထိန်း ဒုံးတွေတောင် တပ်ဆင် ထားပြီး ဖြစ်ပါတယ်...

ကျွန်တော် ရေးထား တာက... သိသင့် သိထိုက် သလောက်ဖြစ်ပြီး အခြားသော အထူးလျှို့ဝှက် လက်နက် များ ကိုတော့ ထည့်ရေး သားခြင်း မရှိပါ...

ဆိုလိုချင် တာက မြန်မာ့ တပ်မတော်အနေ နဲ့ ခေတ်မှီ လက်နက်တွေ ကို ပိုင်ဆိုင် သင့်သလောက် ပိုင်ဆိုင် ထားပြီးဖြစ် လို့ မည်သည့် ကျူးကျော် ရန်စမှုကိုမျှ ကြောက်ရွံ့စရာ အလျင်း မရှိသလို... ဘင်္ဂလားရဲ့ ရန်ကို လည်း သေချာ ဂရုစိုက်နိုင်တာ ကို တွေ့ရပါတယ်...

ဘာဖြစ်လို့လဲ ဆိုတော့.....  ဘင်္ဂလား ပိုင်ဆိုင် ထားတဲ့ ခေတ်မှီ လေယာဉ် အရည် အတွက် ထက် မြန်မာ့ တပ်မတော် လေ က ပိုမို သာလွန် တာကော... နောက် ခေတ်မှီ လေကြောင်းရန် ကာကွယ်ရေး ဖွဲ့စည်း ပုံတွေ စစ်လက်နက် ပစ္စည်းတွေ ပိုင်ဆိုင် တာကော အဖက်ဖက်က သာလွန်နေလို့ပါ...

နောက်ပြီး တပ်မတော် (ရေ) ဟာ လည်း အရင် ကလို ပါချီ ပါချက် သင်္ဘောလေးငါးစင်း နဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါ...

 အောင်ဇေယျ
ဘုရင့်နောင်
မဟာဗန္ဓုလ
မဟာသီဟသူရ တို့လို အဆင့်မြင့် Frigate တွေ ပိုင်ဆိုင် ထားပြီးဖြစ်သလို........


ကျန်စစ်သား
ဆင်ဖြူရှင်

တို့လို ကိုယ်ပျောက် Frigate တွေပါ ပိုင်ဆိုင် ထားပြီး ဖြစ်ပါတယ် ။


ထို့အတူ မြန်မာ့ တပ်မတော် (ရေ) ရဲ့ Frigate ပိုင်ဆိုင်မှု ဟာ ၂၀၂၀ ဆိုရင် ၈ စင်း အထိ ရှိတော့မှာပါ...
ထို့အတူ ၂၀၂၀ ပြည့် မှာပဲ ရေငုတ် သင်္ဘော အစင်းရေ ၄ စင်း အထိ ပိုင်ဆိုင်နိုင်ဖို့ပါ ကြိုးစား အား ထုတ်နေ ပါပြီ။

ကိုယ်ပျောက် အမြန်သွား ပဲ့ထိန်း ဒုံးတပ် စစ်ရေယာဉ် FAC တွေကို ၂၀၂၀ ပြည့်မှာ ၁၀ စင်း.....
အမြန် သွား ပဲ့ ထိန်းဒုံး တပ် စစ်ရေယာဉ် FAC တွေကို ၂၀၂၀ ပြည့်မှာ အစင်း ၁၇ စင်း......
၄၅ မီတာ လက်နက် တပ်ဆင် ထားတဲ့ အမြန်သွား FAC စစ်ရေယာဉ် ၁၅ စင်း.......

စတဲ့ ခေတ်မှီ ရေတပ် စစ်သင်္ဘောတွေ ကိုပါ ပိုင်ဆိုင် ထားပြီး ပိုင်ဆိုင်နိုင်တော့ မှာ ဖြစ်လို့ မည်သည့် အိမ်နီးချင်း ရေတပ် များ ၏ ရန်ကိုမှ  ကြောက်ရွံ့နေစရာ အလျင်းမရှိတော့ပါ...

ဒါကြောင့် ခုဖြစ်နေတဲ့ စစ်ပွဲတွေ မှာ ရန်သူ ဟာ တပ်မတော် ကို မည်ကဲ့သို့ မျှ ခြေမှုန်းနိုင်မှာ မဟုတ်သလို သူတို့ လည်း သိရှိ ထားပြီး ဖြစ်တဲ့ အတွက် ပြည်ပ ရဲ့ အားကို ယူကာ မြေပေါ်မြေအောက် အဖွဲ့အစည်းတွေနဲ့ သူပုန်ထနေမှာ မဆန်းပါဘူး...
 
ထို့အတူပဲ... နိုင်ငံတကာ စာမျက်နှာ မှာ တပ်မတော် ကို မကောင်း သတင်းတွေ လုပ်ကြံပြောပြီး နှိပ်ကွပ် ဖို့ကြံစည် မယ့် စီမံကိန်းတွေ ကို လုပ်ဆောင်ဖို့ ရှိလာနိုင် ပါတယ်...

ခါချဉ်ကောင် မာန်ကြီး လို့ တောင်ကြီး ကို ဖြိုမဲ့ အကြံ မအောင်မြင်နိုင်ပေမယ့်... မဟုတ် တရုတ် လုပ်ကြံ သတင်းတွေ အသားထဲ က လောက်ထွက် တဲ့ သူပုန် အားပေးတွေ... သူပုန် အားပေး မီဒီယာတွေ... သူပုန် အားပေး နိုင်ငံရေး လှုပ်ရှားသူတွေ နဲ့ ကိုယ့် အချင်းချင်း သစ္စာဖောက်မယ့် ပြည်တွင်း သူလျှိုတွေ ရဲ့ ရန်စွယ်တွေ ကိုတော့ ထည့်တွက်ဖို့ လိုမှာဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ် ပါတယ်..


Lynn Latyar 
 thit sar ထံမှ ကူးယူဖော်ပြပါသည်။


သစ္စာ
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်














1 comment:

  1. မိုက်တယ်ဗျာ ဒိထက်မက မြန်မြန်တိုးတက်အောင်မြင်ပါစေ
    ကိုယ်ပျောက် တိုက်လေယာဉ်တွေလည်း ဝယ်တော့ဗျ

    ReplyDelete