Tuesday, February 3, 2015

ရာသီဥတု အပြောင်း အလဲ တွင် အအေးမိခြင်း ကုသရန် အိမ်သုံး နည်းလမ်းများ


ဆောင်းရာသီ မှ နွေရာသီ သို့ ပြောင်းတော့မည့် အချိန်တွင် ရာသီဥတုရောနှောနေ မှုကြောင့် ချောင်း ဆိုးခြင်း ၊ အအေးမိခြင်း ကဲ့ သို့ ကျန်းမာရေးပြဿ       နာများ အမြဲဖြစ်လေ့ရှိသည်။ ယင်းသို့ ဖြစ် တတ်သည့် အကြိမ်တိုင်း ဆေးဝါးများဖြင့် ကုသရန်ချည်းသာ အကြံ ပြု၍မရပေ။

 ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဥပေက္ခာပြု ၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများ မရှိသော လွယ်ကူ ရိုးရှင်း စွာ ကုသနိုင် မည့် အိမ်သုံးနည်းလမ်း အချို့ကို ဖော်ပြပေး လိုက်ပါသည်။

ဆား အနည်းငယ် ထည့်ထားသော ရေနွေးဖြင့် ပလုတ်ကျင်း လိုက်ပါ။ လည်ပင်းနာကျင်ခြင်း ပျောက်ကင်းရန် အထောက်အကူ ဖြစ်ပါလိမ့်မည်။




ကော်ဖီနှင့် လက်ဖက်ရည်ကြမ်း (သို့မဟုတ်) ရိုးရိုးရေနွေးကဲ့ သို့ ပူပူနွေးနွေး သောက်စရာ များ သောက်ပေး ပါ။ ရေနွေးထဲတွင် နနွင်းမှုန့်၊ ချင်းမှုန့်ထည့်ပြီး ပျားရည် တစ်ဇွန်း ထည့်သောက်ပါ။ 

ယင်းသို့ သောက်ပေးခြင်းကြောင့် ချောင်းဆိုးခြင်း ပျောက်ကင်းရန် အထောက် အကူပြု ရုံသာမက ခန္ဓာကိုယ် ကိုက်ခဲ ခြင်း၊ အအေးမိခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကိုလည်း သက်သာစေ သည်။

အအေးမိခြင်း သက်သာစေရန် ရေနွေးငွေ့ ရှူပေးခြင်းမှာ အ ကောင်းဆုံးနည်းလမ်းဖြစ်သည်။ ရေပူထဲသို့ ယူကလစ်ဆီ ထည့်ပြီး ရှူပါက အအေးမိခြင်း သက်သာ သွားပါလိမ့်မည်။

ပင်စိမ်းရွက် အနည်းငယ်နှင့် ထုချေ ထားသော ချင်းစိမ်းကို ငရုတ်ကောင်း အနက်နှင့် ပေါင်းထည့် ၍ သောက် ပါက ချောင်းဆိုးခြင်းနှင့် အအေး မိခြင်းများစွာ သက်သာသွားနိုင်သည်။

ဆီးဖြူသီး များ စားပေးခြင်းဖြင့်လည်း ချောင်းဆိုးခြင်းနှင့် အ အေးမိခြင်း ကို ကာကွယ်ရန် ကိုယ်ခံအားကောင်း မွန်လာစေမည် ဖြစ် သည်။

 လည်ပင်းနာခြင်း ကို ရေနွေး ပလုတ်ကျင်း ၍ ကုသရန် အပြင် ရေ နွေးထဲ သို့ ဆားအနည်းငယ်နှင့် ထောပတ် ထည့်၍ ပလုတ် ကျင်းခြင်း ဖြင့် ချောင်းဆိုးပျောက်နိုင်ကြောင်း သိရသည်။      


  —Ref: TOI
From....   http://www.searchmyanmar.com/link/frame/cid/46806


No comments:

Post a Comment