Tuesday, February 3, 2015

အသည်း အဆီဖုံးခြင်း အတွက် သဘာဝဆေးနည်းများ



အသည်း အဆီဖုံးရောဂါ ဟာ နေ့စဉ် စားသောက်နေ တဲ့ အစားအစာတွေ ထဲမှာ အဆီ အဆိမ့်များခြင်း၊ အထိုင် များ၍ လှုပ်ရှားမှု နည်းပါးခြင်း၊ အအိပ်များခြင်း၊ ဇိမ်ခံလွန်းခြင်း စသည်တို့ကြောင့် ဖြစ်ရပါတယ်။

အသည်း အဆီဖုံးရောဂါ ကို ခံစားနေရသော ဝေဒနာရှင် များမှ သဘာဝဆေး နည်းလေးဖြင့် ကုသနိုင်ရန် မကြာခဏ တောင်းဆို လာကြသည့် အတွက် ကျန်းမာရေး သတင်းများမှ ဆေနည်းများကို မျှဝေပေးလိုက်ပါတယ်။

ဆေးနည်း (၁)

၁။ တောင်ဆီးဖြူပင်၏ အရွက်ကို လက်တစ်ဆုပ်ခန့် ရေနှင့် ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ သောက်ပါ။

၂။ ဆေးသောက်ပြီး လျှင် ချောကလက် ကို ၂ ထောင့်ခန့် စားပေးပါ။

၃။ နာရီဝက် ခန့်ကြာသော အခါ ကျွဲကောသီး ၂ စိတ် စားပေးပါ။



ဆေးသောက်ပြီး ချောကလက် စားပေးခြင်းဖြင့် အသည်း မှာ ချောကလက်နှင့် အဆီ များ အတူတူ ရောပြီး ကပ်ငြိနေ လိမ့်မည်။ ကျွဲကောသီး က ၄င်း အဆီများ ကို ဆေးကျောပေး သွားလိမ့်မည်။ တစ်လခန့် နေ့စဉ် သောက်ပေးပါက အသည်း အဆီဖုံးရောဂါ သက်သာပျောက်ကင်းသွားပါမည်။

ဆေးနည်း (၂)

မြန်မာ့ရိုးရာဆေးကျမ်းများမှာ " အသည်းအူ လဲလူ " ဟု ရေးထားပါသည်။ အသည်းရောဂါ အတွက် ဆိုရင် လဲလူရွက် ဟာ အင်မတန် ဆေးစွမ်းထက်ပါတယ်။

၁။ လဲလူရွက် ကို ပဉ္စငါးပါးလုံး လက်တစ်ဆုပ် ခန့် ခူးယူ ၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို ၍ သောက်ပါ။

၂။ လဲလူရွက် အနုများကို ဟင်းချိုချက်သောက်ပေးပါ။ ပြုတ်၍ တို့စရာ အဖြစ် စားပါ။ ငါးရံနှင့်ရော၍ ချက်စားပါ။

ဆေးနည်း (၃)

လိမ္မော်သီး မကြာခဏ စားပေးပါ။

အနောက်တိုင်း စကားပုံ တစ်ခုမှာ " လိမ္မော်ရည် များသည် ဘုရားကျောင်းမှ ပရိတ်ရေ ကဲ့သို့ ဆေးစွမ်းထက် ၏" ဟု ဆိုထား သလို လိမ္မော်သီး ဟာ လူ့တို့၏ ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုပေးပါတယ်။

လိမ္မော်သီး ဟာ အသည်း အဆီဖုံး၊ အသည်းကြီးခြင်း၊ ဆီးကျောက် တည်ရောဂါ၊ သည်းခြေအိတ် ကျောက်တည်ရောဂါ များကိုလည်း သက်သာစေပါတယ်။

လူသားတိုင်း ရောဂါကင်းဝေးပြီး ပျော်ရွှင်စွာ အသက်ရှည်နိုင်ကြပါစေ။

နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ ရိုးရာဆေးမြီးတိုများ




From.... Shape Entertainment Journal

No comments:

Post a Comment