Saturday, February 28, 2015

(၅) နှစ်ကြာ အဝတ်ဗလာ နဲ့ မိဘတွေ ရဲ့ အကျဉ်းချ ခံထားခဲ့ ရတဲ့ ကောင်မလေး

အသက် ၂၄ နှစ် အရွယ် အမျိုးသမီး Zhang Qi ဆိုသူ ဟာ တရုတ်နိုင်ငံ Hubei ပြည်နယ် Jiaogan မြို့ Jingang ကျေးရွာ မှာ မိဘတွေ က စွန့်ပစ်ခြင်း ကို ခံနေ ရသူဖြစ်ပြီး အိမ်တစ်လုံး အတွင်း (၅) နှစ် ခန့် သော့ ခတ် ချိတ်ပိတ် ခံခဲ့ ရကြောင်း cnhubei.com ပေါ် အင်တာနက် အသုံးပြုသူတွေ ရဲ့ ပြောဆိုချက် အရ သိရ ပါတယ်။

သူတို့ သမီးလေး စိတ်မနှံ့ ရောဂါ ခံစား ခဲ့ရပေမယ့် ဆေးရုံ မပြနိုင်ခဲ့ဘူး လို့ မိဘတွေ က ပြောဆို ခဲ့တယ်။ ဒီ့ အပြင် သူမ ဟာ တခြားသူတွေ အတွက် အသက် အန္တရာယ်ရှိသူ တစ်ယောက် လည်းဖြစ်ကြောင်း ဆိုထား ကြ ပါတယ်။

ယင်း ကလေး မရဲ့ ချစ်သူကောင်လေး က နီးစပ်တဲ့ ဆွေမျိုး အသိုင်းအဝိုင်း ထဲက မဟုတ် တာကြောင့် သူမ အသက် (၁၈) နှစ်ရောက်တဲ့ အခါ မိဘတွေ က ကောင်လေး ကို ပြင်းပြင်း ထန်ထန် ကန့်ကွက် ခဲ့ကြောင်း အသေးစိတ် အချက်အလက်တွေ ကို County ရဲတပ်ဖွဲ့ မှ ထုတ်ဖော်ခဲ့ပါတယ်။ 


သမီးဖြစ်သူ အား စိတ်ပိုင်း ဆိုင်ရာ အကြီး အကျယ် ထိခိုက်မှုဖြစ်အောင် အပြော အဆို အားဖြင့်လည်း သူတို့ က နှိပ်စက် ညှည်းပန်း ခဲ့ကြပါသေးတယ်။

ယခု အခါ မှာတော့ အင်တာနက် သုံးစွဲသူ အချို့မှ တဆင့် ကောင်မလေး ကို ကယ်တင်ပြီး ဆေးရုံသို့ ပို့ပေး ခဲ့ကြပါတယ်။ သူမ ရဲ့ ဆေးဖိုး ဝါးခ ကုန်ကျ  စရိတ် အားလုံး အစိုးရ မှ တာဝန် ယူထားပြီး ၄င်း အမှုကိုတော့ စုံစမ်း စစ်ဆေးလျက် ရှိပါတယ်။


 ပေါ်ထွန်း
Ref:chinadaily.com.cn
From...  http://www.searchmyanmar.com/link/frame/cid/47757

No comments:

Post a Comment