Friday, February 6, 2015

ပေါက်ဖေါ်ကြီး သတိပြုရန်


chinese 


တရုတ် နိုင်ငံ သည် စီးပွားရေး အရ တဟုန်ထိုး တိုးတက် လာသဖြင့် ယင်း အဆင့် အတန်းနှင့် လျှော်ညီစွာ ကမ္ဘာ့နိုင်ငံများ မှ အင်အားကြီးနိုင်ငံ တခု အဖြစ် လေးစား လာကြရေးကို အထူး လိုလားလျက် ရှိသည်။ 

သို့သော် ၎င်းတို့ ကမ္ဘာ တ၀ှမ်းတွင် ပြုမူ ကျင့်ကြံနေမှုများ က ထိုသို့လေးစားခံရသည့် အဆင့် အတန်း သို့ ရောက် ရှိရန် လွန်စွာဝေးကွာ လျက် ရှိသည့် အပြင် ဒေသ အတွင်း ဗိုလ်ကျ  အနိုင်ယူလိုသည့် အင် အား ရှိ နိုင်ငံ အဆင့်တွင် ပင် ရှိနေပေသေးသည်။

ဒေသတွင်း နိုင်ငံများနှင့် ပြဿ        နာများ မရှိသည့် နိုင်ငံ ဟူ၍ မရှိ သလောက်ထဲ တွင် ယခု မြန်မာနိုင်ငံ ပါ စာရင်း ထဲတွင် ပါရှိလာလေသည်။ ယခု အခါ သစ်ခိုး ထုတ်မှုဖြင့် အဖမ်း ခံနေရသည့် တရုတ် သစ် သူခိုး များကို အကာ အကွယ် ပေးရန် ပီကင်း အစိုးရ မှ အပြင်းအထန် ဖိအားပေးလာနေကြပေသည်။

လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ပင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန မှ ပြောခွင့် ရ အမျိုးသမီး က အမေရိကန် နိုင်ငံထုတ် နယူးရောက်တိုင်းမ် သတင်းစာပါ ဆောင်းပါး ကို ပြစ်တင်ဝေဖန် ခဲ့ရာတွင် တရုတ်နိုင်ငံ အနေဖြင့် ယင်း ကိစ္စများ ကို မိမိတို့ နိုင်ငံသား များ ကျူးလွန်ခြင်း မရှိအောင် ဥပဒေများ ပညာပေးမှု များဖြင့် ဆောင်ရွက်လျက် ရှိသည်ဟု ပြောကြားသွားခဲ့သည် ။ 





၎င်း နောက် ယခုကဲ့သို့ လက်ပူး လက်ကျပ် မိနေသော သစ်ခိုး သမားများ ကို ၎င်းတို့၏ သြဇာအာဏာ သုံး ၍ မောက်မာစွာ ၀င်ရောက် စွက်ဖက်လာ မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း နှင့် မိမိတို့ မြန်မာ အစိုးရ အနေဖြင့် ယင်း ကိစ္စ ကိုလည်း ပွင့်လင်း မြင်သာ စွာဖြင့် တရား ဥပဒေ ဘောင် အတွင်းမှ ကိုင်တွယ် ဖြေရှင်း ရန် တိုက်တွန်းရေးသားလိုက်ပါသည်။ 

ယခင် က တရုတ် ၏ ဗီတို အာဏာဖြင့် ကုလသမဂ္ဂ တွင် အသက် ရှုခွင့် ရရေး အတွက် တိုင်းပြည် ၏ သဘာဝ အရင်း အမြစ် များကို လက်သိပ်ထိုး ပေးနေရသည့် ဘ၀ ကို နောင်တရ သင့်ပေသည်။
တစ်ဆက်တည်း တွင် မြန်မာ့ သယံဇာတ ပစ္စည်းများ ကို လွတ်လွတ် လပ်လပ် မိမိနောက်ဖေးခြံထွက် ပစ္စည်းများ ကဲ့သို့ ထင်သလို ယူနိုင်ရန် နယ်စပ်ဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်းများ ကို မြှောက်ထိုး ပင့်ကော် လုပ်ကာ Buffer state (ကြားခံနယ်မြေ) အသွင် ဖန်တီး၍ မြန်မာနိုင်ငံပြည်တွင်း ရေးတွင် ၎င်းတို့ အလိုကျ က နိုင်ရန် ၀င်ရောက် ချယ်လျယ်နေမှုများကို ရပ်တန်းက ရပ်သင့်ကြောင်း မြန်မာနိုင်ငံသား တဦး အနေဖြင့် တောင်းဆိုလိုက်သည်။

တရုတ် အစိုးရ အနေဖြင့် အမှန် တကယ် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်မှု ကို ဖေါ်ဆောင်လို ပါက အစိုးရခြင်း ဆက်ဆံရေး ကို အာရုံ ထားနေခြင်း မှ လူထုနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ပိုမို ပြုလုပ် သင့် လှပေသည်။

 မြန်မာနိုင်ငံ သည် အနှေး နဲ့ အမြန် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် ရရှိတော့မည် ဖြစ်သည် ဆိုသည့် အချက် ကို မမေ့လျော့ သင့်ပေ။ 

ထို့အပြင် တရုတ်နိုင်ငံ မှ မြန်မာ့ သယံဇာတ ပစ္စည်းများ ကို ဂုတ်သွေးစုတ် အမြတ်ထုတ် ယူနေခြင်းကို လည်း မြန်မာပြည်သူ များ ဆတ်ဆတ် ခါ နာကြည်းလျက် ရှိနေကြသည်ကို လည်း မမေ့လျော့သင့်ပေ။ 

ထို့အတွက် မြန်မာနိုင်ငံ အတွင်း ၀င်ရောက် လုပ်ကိုင်လျက် ရှိသော တရုတ် ကုမဏ္ကီနှင့် ၀န်ထမ်းများအား လည်း ဒေသတွင်း ရှိ ပြည်သူများ ။ ၎င်းတို့၏ ယဉ်ကျေးမှု နှင့် ဓလေ့စရိုက် များကို ပိုမိုလေးစား စွာ ပြု မူဆောင် ရွက်ရန် နှိုးဆော်ခြင်းဖြင့် ပထမ ခြေလှမ်း ကို လှမ်းသင့် ပါသည်ဟု တိုက်တွန်းအပ်ပါသည်။
 


photo: The Economist
From...  NyanHline

No comments:

Post a Comment