Monday, February 2, 2015

ကလေး အငို တိတ်ရန် လည်ပင်း ကို ဓါးဖြင့် မွှမ်းသည့် မိခင် ဖမ်းဆီး ခံရ

baby-big


ဝါရှင်တန်တွင် နေထိုင် သည့် ငယ်ရွယ်သူ မိခင် တစ်ဦးသည် သူ၏ ကလေးငယ် လည်ပင်း ကို ဓါးဖြင့်မွှန်း ခဲ့သော ကြောင့် ရဲတပ်ဖွဲ့ ၏ စွဲချက်တင် ခံနေရကြောင်းသိရသည်။ ငိုယိုနေသော ကလေးငယ် ၏ အသံ တိတ်ရန် လည်ချောင်း ကို ဓါးဖြင့်မွှန်း ခဲ့ခြင်းဖြစ်သည် ဟု ထွက်ဆို ထားကြောင်း ရဲတပ်ဖွဲ့ က ပြောသည်။

လွန်ခဲ့သည့် တပတ်ခန့် က ခရစ္စတီယာနာဘုရှ် ဆိုသူ သည် ၉၁၁ သို့ ဖုန်းခေါ် ခဲ့ပြီး သူ၏ ကလေး သုံးယောက် မရပ် မနား ငိုနေ သဖြင့် ဆေးဝါးကုသမှု လိုအပ်ကြောင်း အကူ အညီတောင်း ခဲ့သည်ဟု သိရသည်။ 

အသက် ၂၈ နှစ် အရွယ် ခရစ္စတီယာနာဘုရှ်နှင့် သောမတ်စ်ဘုရှ် တို့ ဇနီးမောင်နှံ သည် အသက် ၂ နှစ် အရွယ် ကလေး တစ်ဦးနှင့် ခြောက်လ အရွယ် အမွှာပူး ကလေး စုစုပေါင်း သုံးဦး ရှိသည်ဟု သိရသည်။


 
ယင်း မိသားစု နေထိုင်ရာ ဝါရှင်တန် ရှိ အိုလံပီယာ အရပ်သို့ ရဲ အရာရှိများ က စနေနေ့ ည တွင် ရောက်သွား ခဲ့ကြသော အခါ ဆိုးရွားသော မြင်ကွင်း ကိုတွေ့လိုက်ရသည်။ 

အိမ်နီး နားချင်း တစ်ဦး ၏ အဆိုအရ ရဲတပ် ဖွဲ့ဝင် များသည် အိမ်ထဲ ဝင်သွားသော အခါ လည်ပင်းမှ သွေးများ ထွက်နေပြီး ကုတင်ပေါ်တွင် အထိန်း အကွပ် မဲ့စွာ အော်ဟစ်ငိုကြွေးနေသည့် အမွှာ ကလေးနှစ်ဦး ကို တွေ့ ခဲ့ရသည်။ 

ယင်းနောက် အခြား ရဲအရာရှိ တစ်ဦးက အိမ်အပေါ်ထပ် တွင် ရှာဖွေသည့် အခါ ၂ နှစ် အရွယ် ကလေးငယ် တစ်ဦးတည်း အိပ်ရာပေါ် တွင် ရှိနေပြီး သွေးများ စွန်းနေသည့် အခင်းဖြင့် သူ့ကိုယ်သူ လွှမ်းခြုံ ထားကြောင်း တွေ့ ခဲ့ရသည်။ 

ကလေးငယ် သုံးဦးလုံးကို ဒေသခံဆေးရုံတွင် ဆေးကုသမှု ပြုလုပ်ပေးလျှက်ရှိပြီး ခွဲစိပ်မှုအချို့လုပ်ခဲ့ရကြောင်း သိရသည်။ ယခုအခါ တည်ငြိမ်သည့်အခြေအနေတွင်ရှိလာပြီး ထိန်းသမ်းစောင့်ရှောက်ရေးဌာနတွင် နေရာချထားပေးမည်ဟု သိရသည်။

အဆိုပါ အမှုတွဲအတွက် အာမခံငွေကို ဒေါ်လာသုံးသန်း သတ်မှတ်ထားကြောင်း သိရသည်။


Planet
From...  Search Myanmar
 

No comments:

Post a Comment