Thursday, February 5, 2015

မြွေတွေ ကျက်စားခဲ့သည့် အချိန်မှာ ထင်မှတ် ထားသည်ထက် နှစ်ပေါင်းသန်း (၇၀) စောကြောင်းတွေ့ရှိ

Image and video hosting by TinyPic


မြွေများ ၏ အစောဆုံး မျိုးစိတ် သည် ထင်မှတ် ထားသည့် ကာလ ထက် နှစ်ပေါင်း သန်း (၇၀) ခန့် ပိုစောပြီး ရှင်သန် ကျက်စား ခဲ့ကြောင်းကို ကျောက်ဖြစ် ရုပ်ကြွင်း လေ့လာမှု များ အရ သိရှိရသည်။

ကျောက်ဖြစ် ရုပ်ကြွင်း တွေ့ရှိချက် များ အရ မြွေများ သည် လွန်ခဲ့သည့် နှစ်ပေါင်း (၉၄) သန်းမှ သန်း (၁၀၀) အကြား ခရီတေးရှပ် ခေတ်ဦး ကတည်း က တွားသွား ကျက်စား ခဲ့သည်ဟု ဖော်ပြထားသည်။

သို့သော် နိုင်ငံတကာ သုတေသီ အဖွဲ့ များက Nature Communication ဂျာနယ် တွင် ဖော်ပြ ထားချက် အရ မြွေများ သည် ထင်ထား သည်ထက် သက်တမ်း ပိုရှည်နိုင်ကြောင်း ပြောကြားခဲ့သည်။

မြွေများ ၏ ဆင့်ကဲ ပြောင်းလဲပုံ သည် အစောပိုင်း က တွေးထင် ထားသည် ထက် ပိုရှုပ်ထွေးကြောင်း ကနေဒါနိုင်ငံ အယ်လ်ဘာဒါ တက္ကသိုလ်မှ ပါမောက္ခ မိုက်ကယ် ကလက်ဝဲလ် က ပြောကြားခဲ့သည်။



ပြတိုက် တွင် စုဆောင်း ထားရှိ သည့် ရုပ်ကြွင်း များကို ပြန်လည် လေ့လာကြည့် ရာမှ မြွေကျောက် ဖြစ် ရုပ်ကြွင်း များ ထဲတွင် သက်တမ်း အရင့်ဆုံး ကျောက်ဖြစ် ရုပ်ကြွင်း မှာ လွန်ခဲ့သည့် နှစ်ပေါင်း (၁၄၃) သန်းမှ (၁၆၇) သန်းကြားတွင် ကျက်စား ခဲ့သည့် အထောက် အထား များကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

နှစ်သန်းပေါင်း များစွာ ကြာအောင် မြွေ မျိုးစိတ် များ ဆင့်ကဲ ပြောင်းလဲ လာကြသော်လည်း ရှေးယခင် ကတည်း က ယနေ့ အထိ တွေ့ရှိ ရသည့် မြွေ များ၏ အဓိက ကျသည့် ကြန်အင် လက္ခဏာများ ကို တွေ့ရှိ ရသည်။

အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်း ကို မြွေ အကြောင်း အရေး ပါသည့် ရည်ညွှန်း စာတမ်း ကို ရေးသားခဲ့သည့် ဗြိတိန် သဘာဝ သမိုင်းပြတိုက် မှ ပညာရှင် ဂတ်သ်အန်ဒါ ၀ုဒ် ကို အစွဲပြုပြီး အီဖိုးစစ် အန်ဒါဝူဒီ ဟု အမည် မှည့်ခေါ်ထားသည်။ 

ယင်းကျောက်ဖြစ် ရုပ်ကြွင်း ၏ ကျန်ရှိသည့် အပိုင်းအစ များကို အောက်စ်ဖို့ဒ် ရှိုင်းယားရှိ ကျောက်မိုင်း တစ်ခု အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြွေများ သည် နံရံ က လိုင်ပေါက် များတွင် လိုက်လျော ညီထွေ စွာ ရှင်သန် ပေါက်ပွားနိုင်ရန် ဆင့်ကဲ ပြောင်း လဲ ရာမှ တဖြည်းဖြည်းနှင့် ခြေဆံ လက်ဆံ များ ပျောက်ကွယ် သွား ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ကာ့တ်ဝဲလ်နှင့် အဖွဲ့ က မြွေများ သည် ပိုပြီး သက်တမ်းရင့် သည့် သတ္တ၀ါ များ ဖြစ်ကြောင်း ပြသနိုင်မည့် တခြားသော ကျောက်ဖြစ် ရုပ်ကြွင်း အပိုင်းအစ များကို ဆက်လက် တွေ့ရှိရန် မျှော်လင့် ထားလျက် ရှိသည်။



The Messenger
From...   http://www.searchmyanmar.com/link/frame/cid/46791


No comments:

Post a Comment