Friday, February 6, 2015
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၆)
အသက်ရှည်ရခြင်း
==========
"ဒကာတော် သုဘလုလင် ဤလောက၌ကား အချို့သော အမျိုးသမီး သည်သော်လည်းကောင်း အမျိုးသား သည်သော်လည်းကောင်း သူ့ အသက် သတ် ခြင်းမှရှောင်ကြဉ်သည် ဖြစ်၏။ 
ချထားအပ်ပြီးသော တုတ် ရှိသည်ဖြစ်၍ ချထား အပ်ပြီ သောလက်နက် ရှိသည်ဖြစ်၍ မကောင်းမှု အကုသိုလ် ဒုစရိုက် တို့၌ ရှက်သော စိတ် ထားရှိသည်ဖြစ်၍ သတ္တ၀ါ တို့ အပေါ်၌ သနားခြင်း သို့ရောက်ရှိသည်ဖြစ်၍ အလုံးစုံသော သတ္တဝါ တို့၏ အကျိုးစီးပွား ကို အစဉ်စောက်ရှောက်ခြင်း ဂရုဏာတရား နှင့် ပြည်စုံ သည်ဖြစ်၍ နေထိုင်၏။
ထို ပုဂ္ဂိုလ်သည် ဤသို့ ပြည့်ပြည့် စုံစုံဖြည့်ကျင့်ထား သော ဤသို့ ကောင်းစွာဆောက်တည် ၍ ထားအပ်သော ထို ပါဏာတိပါတ ကံ ကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမား တို့ရဲ့လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ ကပ်ရောက် ရပေ၏။ 
ထိုထို အမျိုးအနွယ် ၌ ထိုထို လူ့ဘဝ ၌ ရှည်သော အသက် ရှိသည် ဖြစ်ရပေ၏။  ဒကာတော် သုဘလုလင် အကြင် ပါဏာတိပါတ အမှု ကို ပယ်စွန့် ၍ သူ့အသက် သတ်ခြင်း မှရှောင်ကြဉ်ခြင်း သည်ဖြစ်၏၊ 
ချထား အပ်ပြီးသော တုတ် ရှိသည်ဖြစ်၍ ချထားအပ်ပြီးသော လက်နက် ရှိသည်ဖြစ်၍ မကောင်းမှု အကုသိုလ်
ဒုစရိုက် တို့၌ ရှက်သော စိတ်ထား ရှိသည်ဖြစ်၍ သတ္တ၀ါ တို့အပေါ်၌သနားခြင်းသို့ ရောက်ရှိသည်ဖြစ်၍ အလုံးစုံသော သတ္တဝါ တို့၏ အကျိုးစီးပွား ကို အစဉ်စောင့် ရှောက်ခြင်း ဂရုဏာ တရား နှင့်ပြည်စုံ သည်ဖြစ် ၍ နေထိုင်၏။ 
ဒကာတော် သုဘလုလင် ဤကျင့်ဝတ် သည် ကား ရှည်သော အသက် ကို ဖြစ်စေတတ် ပေ၏ ။"ဟု မြတ်စွာ ဘုရား သည် သုဘလုလင် အား အကျယ် အားဖြင့်ရှင်းပြပါသည်။
ထို ပါဏာတိပါတ ကံ ကိုရှောင်ကြဉ်ခဲ့သော ကုသိုလ်ကံသည် မိမိကို အခြား အခြားသော ကံ (ဒါန ကံ ဘာဝနာ ကံ) ကြောင့် ကောင်းရာ သုဂတိ သို့ ရောက်သောအခါ ထိုကံ တို့သည် အသက်ရှည်အောင် လာရောက်အားပေး ထောက်ပံမည်ဖြစ်သည်။ ထိုကံသည် ကျရောက်လာမည့် ဘေးရန်တို့ကိုပျက်စီး စေ ပါသည်။
ထို ကလေးငယ် မိခင် ဝမ်းတွင်း ပဋိသန္ဓေတည်နေသော အခါ မှစ၍ မိဘ နှစ်ပါးသည် အမျိုးမျိုးသော ချမ်းသာ သုခ များ ဆိုက် ရောက်လာပါသည်။ 
ပင်ကိုယ် ပကတိ အားဖြင့် နှိပ်စက်တက်သော လူ၊ ဘီးလူး အစရှိသောဘေး အန္တယ်အမျိုး မျိုး သည် ဘေးသို့ ရှဲသွားကြမည်။ ထို ကလေး ၏ ဘုန်းကံ (သူ့ အသက်သတ်ခြင်း မှရှောင်ကြဉ်ခဲ့သော ကုသိုလ်ကံ) ကြောင့် အမြဲနှောက့်ယှက်ဖြက်ဆီး တတ် သော နတ် ဘီးလူး လူသား တို့သည် ဒုက္ခ ပေးနိုင်သော စွမ်းအားကို ကုန် ဆုံးစေပါသည်။ ထိုကံ သည် ဥပတ္တမ္ဘက ကံ ဖြစ်ပါသည်။
ထို ကလေးငယ် ကိုယ်ဝန် တည်သည်မှ စ၍ မိဘ တို့၏ စည်းစိမ်သည် တနေ့တခြား တိုးတက် များပြား လာပါ သည်။ တပါးသူ ထံမှ ရရှိရန် ရှိသော စည်းစိမ် တို့သည်လည်း ပြန်လည်ပေးဆပ်ကြပါသည်။ လုပ်ငန်းခွင်တွင် လည်း ကောင်း မှန်ကန်သော အလုပ်သမားတို့ကြောင့် လုပ်ငန်း ပိုမို တိုးတက်လာပါမည်။
မိမိ ပိုင်ဆိုင်သော ကျွဲနွား တိရိစ္ဆန် များသည်လည်း လိမ္မာ ၍ တိုးပွား လာပါသည်။ အသီးအနှံ တို့သည် လည်း အောင်မြင်ဖြစ်ထွန်းလာကြပါသည်။ ပကတိ အားဖြင့် လည်း သူဌေး သြူကွယ် အိမ်၌ လူဖြစ်ကြ ရသည်။ 
မိခင် ၏ နံဘေး တွင်လည်း စောင့် လျောက်မည့်သူများ ဝန်းရံလာပါသည်။ ထို အခြေနေ တို့သည် ထို ကလေး
ကို အသက်ရှည်အောင် ဆွဲဆန့်ပေးသော ကံ များဖြစ်ကြပါသည်။
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း
No comments:
Post a Comment