Friday, February 6, 2015
ဒီလိုသေ လို့ ရရိုးလား
MYANMAR US
အဆိုတော်လေးဖြူ    သီဆိုထားတဲ့ “အဟောင်းကြီးတော့ မလုပ် နဲ့၊ ကြာလာရင် ရိုးသွား လိမ့်မယ်” ဆိုတဲ့ သီချင်း စာသားကို ကျွန်တော် ကြိုက်ပေမဲ့ မြန်မာပြည် က လူ အများစုကတော့ အဟောင်းတွေ ကို နှစ် သက် တတ်တဲ့ သဘောရှိတယ်။ 
ဒါကြောင့်မို့လို့ လည်း ပြန်ဆိုတေးတွေ ခဏခဏ ထွက်ရှိနေတာ ။ ပရိသတ် လက်ခံပြီး ဝယ်ယူ အားပေးကြ လို့လည်း စီးပွားရေး သမားတွေက တွက်ချေ ကိုက်တာကြောင့် ပြန်ဆိုတေးတွေ ခဏခဏ ထုတ်နေကြတယ်။
ကျွန်တော်တို့ ငယ်ငယ် က အိမ်တွေ ကို စာတိုက် ကနေ ပေါက်ကရ စာတွေ ရောက်လာ တတ်တယ်။ အား လုံး လည်း မှတ်မိကြမယ် ထင်တယ်။ စာထဲ မှာ “ဤစာ ကို ကူးရေးပြီး အစောင် ၅၀ ဝေပါ။ ဘယ်သူ ကဖြင့် ဝေ လို့ သိန်းဆုကြီး ပေါက်ပြီး ချမ်းသာသွားတယ်။ ဘယ်သူ ကဖြင့် မဝေလို့ ဘယ်လိုဒုက္ခရောက်ရ တယ်” ဆိုပြီး ပါတယ်။ 
အချို့ကြောက်တတ် တဲ့ အဖွားကြီးတွေ ကလေးတွေ ကို ကူးရေး ခိုင်းပြီး စာတိုက် သို့ သွား ထည့်ကြတယ်။ ဒီပုံစံ ကို ဗာရှင်းပြောင်းထား တာ ဖေ့ဘွတ်ပေါ် မှာ မကြာ ခဏတွေ့ရ တယ်။ 
ဤမြွေဖြူလေး ကို Like လုပ်ပါ က သင် ကံကောင်း မည်။ Share လိုက် ပါက သင် စီးပွားတက်မည်။ အောက် ဘက် ကို ကြည့်လိုက်တော့ Like အရေ အတွက် က သောင်းပေါင်း များစွာ၊ Share အရေအတွက် ကလည်း သောင်း ဂဏန်းနီး ပါး။ 
ဪ … တို့ဆီက လူတွေ တော်တော် ရူးကြ ပါလားလို့ တွေးမိတယ်။။ မြွေပြီးတော့ ဖား၊ ဖားပြီးတော့ ဘာတွေမှန်း မသိတော့ပါဘူးဗျာ။
လုပ်ပေးဖို့ အတွက်လည်း ဝန်ထမ်းတွေ ခန့်ပြီး စနစ် တကျ ဆောင်ရွက်နေတယ်။ ဒါတွေကို ကျွန်တော်တို့ အနေနဲ့ သိထားသင့်တယ်။
၈၈ အရေးအခင်း အပြီး၊ စစ်တပ် က အာဏာသိမ်းပြီးနောက် ပြည်သူတွေ အာရုံပြောင်းအောင် ပွဲမျိုးစုံ ကျင်းပ တယ်။ လှေပွဲ၊ မြင်းပွဲ၊ နွားပွဲ၊ အိုဗျာ… ပွဲတွေ မှ စုံနေတာပဲ။
 ကျောင်းသား အရေးအခင်း ထပ်ဖြစ်တော့ ပြည် သူတွေ အရေးအခင်း ကို အာရုံ မရောက်အောင် “မြိတ် မြို့ကျောင်းသား ပွဲတော် သွားပြီးဖျော်ဖြေတဲ့ မင်းသား မင်းသမီးတွေ သေကုန်ပြီ၊ ထက်ထက်မိုးဦး လည်း ပါ သွားတယ်” ဆိုပြီး တစ်နေ့ တည်း တစ်တိုင်းပြည်လုံး ကို သတင်း လွှင့်လိုက်တယ်။ 
နယ်က လူတွေလည်း “ပန်ပန် ပန်ပန့်ပန်” လေး နားထဲကြားယောင် ကာ ထက်ထက် မိုးဦးသေသွားတယ် ဆိုပြီး စိတ်မကောင်း ဖြစ်နေလိုက်ကြတာ။ ဒီဘက်ခေတ် ကျတော့ အရင်ကလို ပွဲတွေ မလုပ်တော့ဘူး။ ဒါက ငွေကုန်တယ်၊ လူပင် ပန်းတယ်။ ဒါကြောင့် လူ မပင်ပန်းတဲ့ ဖေ့ဘွတ်ပေါ်ကနေ ပွဲတွေလုပ်ကြတော့ တယ်။ ဘာသာရေး၊ လူမျိုရေးပွဲတွေ အပါ အဝင်ပေါ့။
ဟိုတလော က ဖေ့ဘွတ်ပေါ် မှာ ဦးသန်းရွှေကြီး သေပြီ တဲ့။ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီးတော့ “ဆယ်မောက် မင်းကြားပြီးပြီးလား” လို့ မေးတယ်။ “ငါ မအားလို့ ဖေ့ဘွတ် မကြည့်ဖြစ်တော့ မသိဘူး” လို့ ပြန်ဖြေ လိုက်တယ်။ ဖုန်းဆက်တဲ့ သူငယ်ချင်း က ဦးသန်းရွှေ တကယ်သေ မသေ မင်းဘယ်လိုထင် သလဲ လို့ ကျွန်တော်ကို မေးတယ်။ 
ကျွန်တော်က “ဦးသန်းရွှေ တကယ်မသေပါဘူးကွာ” လို့ ပြန်ဖြေလိုက်တယ်။ သူက ကျွန်တော့်ကို “မင်းဘာလို့ ဒီလို အသေအချာ ပြောနိုင်ရတာလဲ” လို့ ပြန်မေးတယ်။ ဒီတော့ ကျွန်တော်က သူကို ရှင်းပြရတော့တာပေါ့။
“သူငယ်ချင်း… မင်းကို မဆလပါတီ ဥက္ကဋ္ဌဟောင်းကြီး၊ စစ်ခေါင်းဆောင် ဦးနေဝင်း  အကြောင်းကို ငါ အရင်ပြောပြမယ်။ သူ အာဏာရှိစဉ် တုန်းက တိုင်းသူပြည်သား၊ ကျောင်းသားတွေ ပါ မကျန် ထောင်ချ သတ်ဖြတ် ခဲ့တယ်။ မိသားစု များစွာ စိတ် ဒုက္ခရောက်အောင် လုပ်ခဲ့တယ်။ 
သူသေပြီ ဆိုပြီး ခဏခဏ သတင်းတွေ ထွက်ပေမဲ့ ဘယ်တော့ မှ မသေ ခဲ့ဘူး။ သေပြီ ဆိုတဲ့သတင်းထွက်ပြီး မသေတော့ လူတွေ က ယတြာချေတာ လို့ ပြောကြတယ်။ သူ တကယ်သေတော့ ပို့မယ့် သူတောင် ဆယ် ဂဏန်းလောက် ပဲ ရှိတယ်။ 
မသေခင် ဘာဖြစ်သွားလဲ ဆိုတာ မင်း သိလား။ သူချစ် တဲ့ သမီး နဲ့ မြေးတွေ ထောင်ကျပြီး သူ စိတ်ဆင်းရဲခဲ့ ရတယ်။ ဦးသန်းရွှေ က အခုချိန်ထိ မိသားစုနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲ စရာ ဘာမှ မကြုံသေးဘူး။ ဒါကြောင့် သူ မသေနိုင်သေးဘူးလို့ ငါ ပြောတာပေါ့ကွ”
“ ဒါဆိုရင် မင်းပြောတာ ငါယုံ လိုက်ပြီ။ နောက်တစ်ခါ သေပြီ လို့ သတင်း ထွက်ရင် သူ့ သမီးတွေ နဲ့ မြေး ……........................... . ......”
ဆယ်မောက်
by  • 
စကားကြွင်း ။ ။ ကိုနေဝင်း ရဲ့ မောင့်လပြည့်ဝန်း သီချင်း စာသားထဲ က “ဝဋ်မှာ အမြဲ၊ ငရဲ မှာ အပ” ဆိုထား သလို ဝဋ် ဆိုတာ သာမန် လူ မပြောနဲ့၊ ဗုဒ္ဓ ဘုရားတောင် ရှောင်လို့ မရဘူး။ ငယ်ငယ်တုန်း က ကြားဖူးတဲ့ သီချင်း စာသား ထဲက “ရဲဘော်မသေ၊ သေသော် ငရဲမလား” ဆိုထားပေမဲ့ ငရဲလား မလားတော့ မသိဘူး၊ သူများ အသက်ကို သတ်ခဲ့ ဖူးရင် အဲဒီ အတွက် ဝဋ် ဆိုတာ တစ်ချိန်ချိန် မှာ ပြန်လည် လာလိမ့်မယ်လို့ စာရေးသူ အနေနဲ့ ယုံကြည်ပါတယ်
No comments:
Post a Comment