Tuesday, February 3, 2015

သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၄)





မိမိသည် ခေတ်ကာလကောင်းနှင့် ကြုံရ ပါက ကုသိုလ် အလွယ် တကူဖြစ်နိုင်ပေ သည်။ ခေတ် ကာလ ဆိုးနှင့်ကြုံတွေ့ရ ပါက ကုသိုလ်ဖြစ်ဖို့ များစွာ ကြိုးစားရပါသည်။ အလွယ် အားဖြင့် မိမိသည် သမ္ပတ္တိ စက် ၄ ပါးနှင့်ပြည့်စုံ ပါက ကောင်းမွန်သော သုဂတိ ကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်၍ ဝိပတ္တိ ၄ ပါးနှင့် ပြည့်စုံပါက မကောင်းသော ဘဝ ကို အလွယ် တကူ ရရှိနိုင်မည်ဖြစ်သည်။

အသက်တို ရခြင်း
=========

"ဒါကာတော် သုဘ လုလင် ဤလောက ၌ အချို့သော အမျိုးသမီး သည်သော်လည်း ကောင်း အချို့သော အမျိုးသား သည်သော် လည်းကောင်း သူ့ အသက်ကို သတ် လေ့ ရှိသည်ဖြစ်၏။ ရက်စက်ကြမ်းကြုတ်သော စိတ်ထား ရှိသည်ဖြစ်၏။


 သွေးစွန်း သောလက် မမြဲ ရှိသည်ဖြစ် ၏။ သတ်ဖြတ် ညင်းဆဲခြင်း အမှု   ၌ သက်ဝင်၍ တည်နေ သည်ဖြစ်၏ ။ ကြင်နာစိတ် မရှိသည်ဖြစ်၏။ 

ထို ပါဏာတိပါတကံ ထြူေ ပာနေ သော ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာ ဆောက်တည်ထား အပ်သော ထို ပါဏာတိပါ တ အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက် ကာလ ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ  မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လားရောက်ရာဖြစ် သော အလိုဆန္ဒ ကင်းလျက် ဖရို ဖရဲပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရပေ၏။


အကယ် ၍ မကပ်ရောက်သည်ဖြစ်ငြားအံ ။ လူ အဖြစ် သို့ (ဝါ) လူ့လောက သို့ အကယ်၍ရောက်ရှိလာ သည် ဖြစ်ငြား အံ့ အကြင် အကြင် ဘဝ၌ ပဋိသန္ဓေ အားဖြင့် တဖန်ဖြစ်ပေါ်လာရပေသည်။ 

ထိုထို ပဋိသန္ဓေ အားဖြင့် ဖြစ်ပေါ်၍လာရာ ဤ လူ့လောက ၌ တိုသော အသက် ရှိသည် (ဝါ) အသက်တို
သည် ဖြစ်၏ ။"

လောက မှာ အချို့ အချို့သော သူတွေ ဟာ ငယ်ငယ် ရွယ်ရွယ် နဲ့သေကြ ရပါတယ်။ အချို့ဆိုလျင် မမွေးခင် ကတည်း က အကြောင်း အမျိုးမျိုးကြောင့်သေ ဆုံးကြရပါသည်။ အမှည့် တဝင်းဝင်း အကင်း တဖြုတ်ဖြုတ် ဆို သည့် အတိုင်းပင် မိမိတို့ ဝန်းကျင် တွင် အသက် ငယ်ရွယ်သူ များသည် တစ်ယောက်ပြီး တစ်ယောက် သေ ဆုံးနေကြရ ပါသည်။ 


ထိုသေဆုံးမှု တို့၏ အကြောင်းရင်း စစ်သည် မိမိ အတိတ် ဘဝ ထိုထို က ပြုလုပ်ခဲ့သော ပါနာတိပါတ ကံ ၏ အကျိုးဆက် ပင်ဖြစ်သည်။

အချို့ အချို့သော လူတို့ မှာ မိမိ ဓမ္မတာ အတိုင်း မသေဆုံးကြရဘဲ သူတပါးကြောင့်ဖြစ်စေ ရေနစ်၍ဖြစ်စေ အခြား အန္တရယ် တစ်မျိုးမျိုးကြောင့်ဖြစ်စေ အချိန် မတိုင်ခင် သေဆုံးကြရပြန်ပါသည်။ အမိ ဝမ်းတွင်း၌ ပင် မိခင်၏ အခြေအနေ အမျိုးမျိုးကြောင့်လောက ၌ သေဆုံးရသူ သန္ဓေသားများ မှာ နေ့စဉ် ရှိနေကြသည်။ 


ငယ်ရွယ်စဉ် ကပင် ဟိုဒီနေရာ ၌ ရေနစ်သေသော သူ ဓာတ်လိုက် သေသောသူ အက်ဆီးဒင့် တစ် မျိုးမျိုးကြောင့်သေသော သူ ဖော်ပြ၍ မကုန်နိုင် သောနည်းအမျိုးမျိုးနှင့်သေနေကြပြန် ပါသည်။ 

ထို သူတို့ကို သတ်သော တရားခံ အစစ်မှာ အတိတ် ဘဝ ထိုထို က မိမိတို့ ပြုခဲ့မိ ဘူးသော အကုသိုလ် ကံများ က ရင့်ကျက်ချိန် သို့ရောက် လာသောကြောင့် (ဝါ) လိုက်မှီ လာသောကြောင့် အချိန်မတိုင်ခင် အသက်ဆုံးရှုံး ရခြင်းဖြစ်သည်။ 

မိမိသည် ပယောဂ ဝိပတ္တိ ဖြစ်နေ ပါက မီးလောင်ရာလေပင့် ဆိုသလို အကျိုးပေးမည်ဖြစ်သည်။ရေကန် အသင့် ကြာအသင့် ဆိုသလို မိမိ အသက် ကိုနုတ်ယူမည့် အခြေအနေ သို့ အတိတ်ကံ က တွန်းပို့ခြင်းကို ခံကြ ရမည်။ ထိုကံမျိုး ကို "ဥပစ္ဆေဒကကံ" အခြား ကံ၏ အကျိုးကို ကပ်၍ဖြတ်တက်သော ကံ ဟုခေါ်ပါသည်။

မိမိ မဖန်တီးနိုင်သော အရာများ ကိုမဖျက်စီး ပါနှင့်  လို့ ဆရာသမားက ဆုံးမ ဖူးပါသည်။ ဥပမာ.... ခြင် တစ်ကောင် လာကိုက် သည်ဆိုပါစို့ ထိုခြင်ကို ရိုက်သတ် သည်မှာ လွယ်ကူလွန်း ပါသည်။ ဖျက်ဆီး ပစ်ရ
ခြင်း သည်လွယ်ကူပါသည်။ သို့သော် မိမိ ကို ခြင် တစ်ကောင် ဖန်တီး ဖို့၇န် မဖြစ်နိုင်ပါ။

ခြင် ဆိုသည်မှာ ခန္ဓငါးပါး ရှိသော သတ္တ၀ါ ပင်ဖြစ်သည်။ ထိုခြင်လေး သည် ကံ အကြောင်း မလှ သဖြင့် ခြင် ဘဝရောက်နေ ရခြင်းဖြစ်ပါသည်။ မိမိ သည်လည်း ရှည်လျားလှသော သံသရာ ထဲတွင်ခြင် ဘယ်နှစ်ကြိမ်ဖြစ် ခဲ့ဘူးသလဲ ဆိုတာ မပြောနိုင်ပေ။ 


ပါနာတိပါတ ကံ က မိမိသည် ကိုယ်ချင်းစာ စိတ် မွေးမြူလေ့ကျင့် ထားလျင် စောင့်ထိန်း ရန်လွယ်ကူပါသည်။ "မိမိ မဖန်တီးနိုင်သော အရာမှန် သမျှ ကို ဖျက် ဆီးပစ်ဖို့ မကြိုးစားပါနှင့်"။ သူ့ အလှည့် ကိုယ့် အလှည့် သံသရာ က မလွတ်သ၍ မိမိသည် လည်း တဖန်..............."အတုံ အလှည့်"...........








 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 


သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း





 Ven Ra Hta 


No comments:

Post a Comment