Friday, February 6, 2015

ကိုယ်ဝန်ဆောင် ဇနီးသည် အား ကိုက်ဖြတ် သွားတဲ့ မိကျောင်းကြီး ကို ယောက်ျားဖြစ်သူ လက်စားချေ သတ်ပစ်


        ယူဂန်ဒါ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ အဖြစ်အပျက် က အလွန် စိတ်ဝင်စား ဖို့ ကောင်းတဲ့ သည်းထိတ် ရင်ဖို ဇာတ်လမ်း တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါ ကတော့  ကိုယ်ဝန်ဆောင် ဇနီး ဖြစ်သူကို ကိုက်ဖြတ် သွားတဲ့ မိကျောင်းကြီး ကို ယောက်ျား ဖြစ်သူက လက်စားချေ ပြန်သတ် ပစ်ခဲ့ခြင်း ဖြစ်ပါတယ်။  

မူဘာရက် ပာာ ဇနီးဖြစ်သူ ကို ကိုက်ဖြတ် သတ်ပစ် ခဲ့တဲ့ မိကျောင်း ကို လက်စားချေ နိုင် ဖို့ ရက်ပေါင်း များ စွာ စောင့်ခဲ့ ရ ပါတယ်။ ဒီ မိကျောင်းကြီး ပာာ ကေယို ကာ ကန်မှာ မင်းမူကြီးစိုး နေပြီး အမျိုးသမီး (၆) ဦးနဲ့ ကလေး (၁) ဦး ကို ကိုက်ဖြတ် စားသောက်ခဲ့ပြီး ဖြစ်ပါတယ်။ 

မူဘာရက် ရဲ့ဇနီး ဖြစ်သူ ပာာ ပြီးခဲ့တဲ့ လေး လ လောက် က မိကျောင်းကြီး ရဲ့ ကိုက်ဖြတ်ခြင်း ကို ခံလိုက် ရတာ ဖြစ်ပါတယ်။
          



 မူဘာရက် ပာာ သူ့ရဲ့ ရင်သွေး လွယ်ထား တဲ့ ဇနီးဖြစ်သူ ကို ကိုက်ဖြတ် သွားတဲ့ မိကျောင်းကြီးကို ဘယ်လို လက်စားချေရ မလဲ ဆိုတာ နေ့စဉ်တွေး နေခဲ့ပြီး နောက်ဆုံး မှာ မိကျောင်း ကို ပြန်လည် တိုက်ခိုက်နိုင်တဲ့ လက်နက် ကို ပန်းပဲ ဆရာ ထံ အပ်နှံ ခဲ့ ပါတယ်။ 

ဒီ လက်နက်ပာာ  ရှည်လျား တဲ့  မှိန်း ပုံစံ ဖြစ်ပြီး  အလွန်ကောင်းတဲ့  သံ နဲ့  ပြုလုပ် ထား တာကြောင့် မိကျောင်း ကို သတ်ဖြတ် ရာမှာ  အထောက် အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ မိကျောင်း ပာာ ပေါင် (၁၃၀၀) ရှိပြီး အရှည် က (၂၅) ပေ အထိ ရှိတာကြောင့်  အသက် (၅၀) နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ မူဘာရက် အနေနဲ့ ဘယ်လို သတ်ဖြတ် အနိုင်ယူခဲ့ သလဲ ဆိုတာ အားလုံး အံ့အားသင့်ခဲ့ကြ ပါတယ်။  

 မူဘာရက် ပာာ သူငယ်ချင်း ဖြစ်သူတွေ ကို ခေါ်ဆောင်ပြီး မိကျောင်း ရှာပုံတော် ဖွင့်ခဲ့ ပါတယ်။ မူဘာရက် ပာာ ငါးဖမ်း သမား ဖြစ်တာကြောင့် မိကျောင်း တွေရဲ့သဘော သဘာဝ ကို သိထား ပါတယ်။ မိကျောင်း ကို တွေ့တဲ့ အချိန်မှာ အထူးပြုလုပ် ထားတဲ့ မှိန်းနဲ့ ထိုးသတ် ပစ်ခဲ့ ပါတယ်။ 

မိကျောင်းကြီး ပာာ အကောင်ကြီးလွန်း တာကြောင့် မူဘာရက် နဲ့ အပေါင်း အပါတွေ ပာာ ခဲတွေ နဲ့ ပေါက်ခြင်း ၊ ညာသံပေးခြင်း စတာတွေ ကို လုပ်ပြီး မိနစ် (၉၀) နီးပါး ကြာမြင့်ခဲ့ပါတယ်။ မူဘာရက် က မိမိ အနေဖြင့် ဇနီးနှင့် မမွေးဖွားရ သေးသော ကလေး သေဆုံး ရခြင်း အတွက် လွန်စွာ ၀မ်းနည်း ကြေကွဲခဲ့ ရကြောင်း  ပြောကြားခဲ့ပါတယ်။

 ဒေသခံတွေ ကတော့ မူဘာရက် ကို  သူရဲကောင်း တစ်ဦး အဖြစ် သတ်မှတ်ခဲ့ကြ ပါတယ်။ ယူဂန်ဒါ သတင်း စာတွေ က သောင်းကျန်းနေတဲ့ မိကျောင်းကြီး ကို ဖမ်းဆီးခြင်း မရှိတဲ့ အစိုးရ ရဲ့ တာဝန် မဲ့ လုပ်ရပ် အပေါ် ဝေဖန် ခဲ့ကြ ပါတယ်။


 အေသင်အောင်
 The Messenger
From...  http://www.searchmyanmar.com/link/frame/cid/46982

 

No comments:

Post a Comment