Sunday, February 22, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၁၀)




၆။ ရုပ်ရည်ချောမော လှပ တင့်တယ်
ရခြင်း
*********************************
မြတ်စွာဘုရားရှင် သည် သုဘလုလင် အား" ဒါကာတော်  သုဘလုလင် ဤလောက ၌ ကား အချို့သော အမျိုးသမီး သည်သော်လည်း ကောင်း အမျိုးသား သည်သော် လည်းကောင်း အမျက်ထွက် လေ့မရှိ
သည် ဖြစ်၏။ 


ရန်ငြိုးဖွဲ့ မှု မများပြားသည် (ဝါ) ပူပန်ကြောင့်ကြမှု မများပြား သည်ဖြစ်၏။ များစွာ ကိုသော်လည်း ပဲ ပြောဆို အပ်သည် ဖြစ်လတ်သော် စိတ်ထဲ၌ ငြိကပ်၍ မနေ၊  ("ငါ့ကိုပြောရကောင်းလား"ဟုငြိကပ်မှု မရှိ။)

စိတ်မဆိုး ဖောက်ပြန်သော စိတ်အမှု အရာ မရှိ ၊ရန်ငြိုးဖွဲ့မှု မရှိပေ။  အမျက်ထွက် မှုကိုသော်လည်းကောင်း၊ မနှစ်သက်မှု ကိုသော်လည်းကောင်း ထင်ရှား မပြပေ။ 


ဤသို့ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည် ထားသော ထိုကံ ကြောင့် စုတိပြတ်ကြွေသေလွန် သည် မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမား တို့ရဲ့လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ ကပ်ရောက် ရပေ၏။ 



ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်း ကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမား တို့ရဲ့ လားရောက်ရာဖြစ်သော  နတ်ပြည်လောက သို့ အကယ်၍ မကပ်ရောက် ခဲ့ရသည်ဖြစ်ငြားအံ့ ၊ လူ့ပြည် လူ့လောက သို့ အကယ်၍ဆိုက်ရောက် ခဲ့သည်ဖြစ်ငြား အံ့ အကြင် အကြင် ဘုံဘဝ၌  အကြင် အကြင် လူ့လောက ၌ အကြင် အကြင် အမျိုးအနွယ် ၌ ပဋိသန္ဓေ အားဖြင့်ဖြစ်ပေါ်လာရ၏။ ထိုထို အမျိုးအနွယ် ၌ ထိုထို လူ့ဘဝ ၌ ကြည်ညိုဖွယ် ရှိသည်ြဖစ်ရပေ၏။

အရှင်သုဘူတိမထေရ်
*****************
လွန်ခဲ့သော ကမ္ဘာတစ်သိန်း ၌ အရှင်သုဘူတိ မထေရ်လောင်း သည် တပည့်ပေါင်း ၄၄၀၀၀ နှင့် အတူ ရှင်ရသေ့ ပြု  ကြ ၍ သမထ ကိုပွား များသဖြင့် လောကီဈာန် သမာပတ် ၈ ပါးနှင့် တကွ ဈာန် အဘိညာဏ် ၅
  ပါးတို့ကိုရ၍ နန္ဒရသေ့ ဟု အမည်တွင် ခဲ့ပါသည်။

ပဒုမုတ္တရ ဘုရားရှင်နှင့် သံဃာတော် တစ်သိန်းကို လုပ်ကျွေးခွင့် ရရှိခဲ့ပါသည်။ ထိုသို့ ပူဇော် ပုံမှာ ဘုရား ရှင်နှင့် သံဃာတော် တို့ကို သစ်သီး ဆွမ်းဆပ်ကပ် ပါသည်။ သင့်တင့်လျောက်ပတ်သော ပန်းဖြင့်ပြုလုပ်ထား
အပ်သော အခင်းများ ကိုလှူဒါန်း ပါသည်။ 


ထို နန္ဒရသေ့ လှူဒါန်းသော ပန်းအခင်းပေါ်တွင် ဘုရားရှင် သည် သမာပတ် ၇ ရက် ဝင်စားတော် မူပါသည်။
ထိုအချိန် တွင် ရသေ့ သည် ပန်းထီး ကို ကိုင်လျက် ၇ ရက် ပတ်လုံး ပိတိ ဟူ သောအာဟာရဖြင့် ဖြင့် ဘယ်မျှ မသွားဘဲ ပူဇော်လျက်ရပ် နေပါသည်။ 


ထိုအရာ မှာ ကောင်းမှု ကုသိုလ် တစ်ခု ကို လုံ့လ ဝီရိယကြီးမား စွာ ထက်သန်နေသောမေတ္တာ ဓာတ်ဖြင့် ထူထောင်နေခြင်းဖြစ်ပါသည်။

မိမိ ၏ တပည့် ၄၄၀၀၀ မှာ အရဟတ္တဖိုလ် သို့ရောက်ရှိသော် လည်း နန္ဒရသေ့ မှာ အရဏဝိဟာရီ နှင့် ဒက္ခိဏေယျ ဧတဒဂ် ဘွဲ့ထူးကို ပန်ဆင်နိုင်ရန်တောင်းဆုပြုပါသည်။

သေလွန်သော အခါ ဗြဟ္မာပြည်သို့ လားရောက်၍ ကမ္ဘာ တစ်သိန်း လွန်သော အခါ အနာထပိဏ်ကျောင်း ဒကာကြီး ၏ ညီ အရင်းဖြစ်ပါသည်။

မေတ္တာ ဓာတ်နှင့် ထူထောင် ခဲ့သော ကာမာဝစရ ကုသိုလ် ကံကြောင့် အလွန် တင့် တယ်သော ယော က်ျားမြတ် တို့၏ ကိုယ် အင်္ဂါ အစိတ် အပိုင်းနှင့် တင့် တယ်သော ချောမော လှပသောသူ ဖြစ်သောကြောင့် သုဘူတိ ဟုအမည်တွင်ပါသည်။


 ဇေတဝန်ကျောင်းတော် ကို ရေစက်ချသောနေ့ ၌ သာသနဘောင်အတွင်း ဝင်ရောက် ရှင်ရဟန်းပြု ကာ မေတ္တာ ဈာန် ကို အခြေပါဒက ပြု၍ ဝိပဿ         နာပွားများ ကာ အရဟတ္တဖိုလ် ကို ရရှိခဲ့ပါသည်။

အရှင်သုဘူတိမထေရ် သည် ဆွမ်းခံရာတွင် မေတ္တာဈာန် မှ ထပြီး မှသာ အလှူရှင် တို့၏ ဆွမ်းကို ခံယူလေ့ ရှိသဖြင့်...........


 ဒက္ခိဏေယျ = မြတ်သော အလှူဒါန ကို ခံယူ ထိုက်သော သာဝက တို့တွင် အမြတ်ဆုံး အသာ
ဆုံး တပည့် သာဝက အဖြစ် ဧတဒဂ် ရတော် မူပါသည်။

အရဏဝိဟာရီ = ကိလေသာ ကင်းကွာ ချမ်းသာစွာနေကြ သော တပည့်သာဝက တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ဘွဲ့ထူးကို ရရှိတော်မူပါသည်။

မိမိ ၏ စိတ်ကို မေတ္တာ နှင့် ယှဉ်သော စိတ်ဖြစ်အောင် ပြုပြင်နေထိုင် ခဲ့ သောကြောင့် အကျိုးများစွာ ရရှိ ခဲ့ရ ခြင်းဖြစ်ပါသည်။




 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 


သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း




No comments:

Post a Comment