Saturday, February 7, 2015

ကျားသစ် နဲ့ ကျားတွေ ကို ပာင်းလျာ အဖြစ် ရောင်းတဲ့ စားသောက်ဆိုင် ကို ဖမ်းဆီး

 
 
 
 ရုရှားနိုင်ငံ စားသောက်ဆိုင် တစ်ဆိုင် ပာာ ကျားသစ် နဲ့ ကျား စတဲ့ သတ္တ၀ါတွေ ကို ပာင်းလျာ အဖြစ် ရောင်း ချခဲ့တာကြောင့် ဖမ်းဆီး ခံခဲ့ရတယ်လို့ သိရပါတယ်။ 

 မော်စကို မြို့မှာ ရှိတဲ့ စားသောက်ဆိုင်ကို ၀င်ရောက် စီးနင်း ရာမှာ ကျားသစ် နဲ့ ကျား လို့ ယူဆ ရတဲ့ အသား စ တွေကို တွေ့ခဲ့ ရသလို သေဆုံး သွားတဲ့ သတ္တ၀ါတွေ ရဲ့ ဦးခေါင်းတွေ၊ အရိုးတွေပါ သိမ်းဆည်း မိလို့ တာ ၀န် ရှိ တဲ့ ဗီယက်နမ် နိုင်ငံသား တစ်ဦး ကို ဖမ်းဆီး ထိန်း သိမ်း ခဲ့ ပါတယ်။ 

ဗီယက်နမ် နိုင်ငံသားပာာ တားမြစ်ထားတဲ့ တိရိစ္ဆာန်တွေကို ရောင်းဝယ် ဖောက်ကားမူနဲ့ စွဲချက် တင်ခံထားရ ပါတယ်။ကီလို (၅၀) ရှိတဲ့ ဆားဘီးယား ဒေသမှာ ရှိတဲ့ ဆားဘီးယား ကျားနဲ့ ကျားသစ်တို့ရဲ့ အသားစပေါင် ကီလို (၅၀) ခန့်ကို သိမ်းဆည်းရမိ ပါတယ်။ ဒီအသားစတွေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးမူတွေ ပြုလုပ် သွား မှာ ဖြစ်ပါတယ်။
                
ရှားပါး တိရိစ္တာန်တွေ ကို သတ်ဖြတ်ပြီး တန်ဖိုးကြီး ပာင်းလျာတွေ အဖြစ် ရောင်းချနေခြင်း ဖြစ်ပါတယ်။ ရုရှား နိုင်ငံမှာ ကျား ကို ဆေးဖက်ဝင် တယ် ဆိုပြီး စားသောက်နေကြ ပါတယ်။ ကျား ပာာ ကျန်းမာရေးကို အထောက် အကူ ဖြစ်စေပြီး မေထုန် မှီဝဲ ရာမှာ အကူအညီ ဖြစ်စေတယ် လို့ ယူဆထား တာကြောင့် အရိုးတောင် မချန် အသုံးပြုနေကြ ပါတယ်။  


(၁) ကီလိုဂရမ် ရှိတဲ့ ကျား ပာင်းလျာပာာ  ပေါင် (၁၀၀၀) တန်ဖိုး ရှိပြီး ကျားခေါင်း ပာင်း ဆိုရင် တစ်ပွဲ ကို ပေါင် (၂၅၀၀) လောက် တန်ဖိုး ရှိပါတယ်။ ကျား အရေခွံ ချည်း ၀ယ်မယ် ဆိုရင်တော့ ပေါင် (၇၀၀၀) ပေးချေ ရမှာ ဖြစ်ပါတယ်။ 

ကျားတွေ ကို အာရှဈေးကွက် မှာလည်း ဆေးဖက် ၀င်တယ် ဆိုပြီး ရောင်းဝယ် ဖောက်ကား စားသောက်နေ ကြ ပါတယ်။  ရဲတပ်ဖွဲ့ တာဝန် ရှိသူ တစ်ဦး ကတော့ အရှေ့တောင် အာရှဈေး ကွက် နဲ့ ချိတ်ဆက်ပြီး အရောင်း အ၀ယ် လုပ်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


 အေသင်အောင်
From... The Messenger
 

No comments:

Post a Comment