Saturday, February 28, 2015

Gmail ကို မြန်မာဘာသာဖြင့် ရရှိပြီ


Image and video hosting by TinyPic


လူသုံး တွင်ကျယ် သည့် email ဝန်ဆောင်မှု တွင် ၇၄ ခုမြောက် ဘာသာ စကား ထပ်ဖြည့်ခြင်း အနေဖြင့်မြန်မာ ဘာသာ စကား ကို Gmail တွင် အသုံးပြုနိုင် ပြီဖြစ်ကြောင်း Google ကဖေဖော်ဝါရီ ၂၅ ရက် က ထုတ်ပြန် ခဲ့သည်။

“လူဦးရေ ၅၃ သန်း ဝန်း ကျင်ရှိ တဲ့မြန်မာနိုင်ငံ မှာ အွန်လိုင်း သုံးစွဲမှု က များပြား လာနေပါတယ်။ ၂၀၁၁ ခုနှစ် တွင်းမှာ အင်တာနက် သုံးစွဲနိုင်သူ ၅၀၀၀၀၀ သာ သာလောက် သာ ရှိလို့ လူဦးရေ ရဲ့ တစ်ရာ ခိုင်နှုန်းတောင် မပြည့် မီ ခဲ့ပါဘူး။ ”ဟု Google ၏ ထုတ်လုပ်ရေး မန်နေဂျာ ဘရိန်း ကမ်မလာ က ဘလော့ဂ် တွင်ရေး သား ခဲ့သည်။

မိုဘိုင်းဖုန်း သုံးစွဲနိုင် မှု တိုးပွား လာခြင်းကြောင့်မြန် မာပြည်သူတွေ ရဲ့ အွန်လိုင်း သုံးစွဲမှု က ၂ဒသမ၆ သန်း အထိ တိုးပွား လာ ခဲ့ကြောင်း ၎င်းကပြောသည်။ “Google ကမြန်မာနိုင်ငံ က သုံးစွဲ သူတွေ မိခင် ဘာသာ စကား နဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင် တဲ့ အပေါ် ကျွန်တော်တို့ အဖွဲ့ က ပိုပြီးသေချာ ခိုင်မာ မှုရှိအောင် ခက်ခက် ခဲခဲ လုပ်ဆောင်နေ တာဖြစ်ပါတယ်။”ဟု ကမ်မလာ က မှတ်ချက်ပြု စကား ဆိုသည်။


 
“ဘာသာ စကား ရဲ့ ကွဲပြား မှု အပေါ်နိုင်နိုင် နင်းနင်းဖြစ်ဖို့ နဲ့ ဘာသာပြန်ဆို မှု မှန်ကန်ချောမွေ့ပြည့် စုံရေး တို့ အတွက်နိုင်ငံ အတွင်း နဲ့ ကမ္ဘာတစ်ဝန်း ကမြန်မာ စကားပြော ဆိုသူတွေကို အားထားပြု ခဲ့ ရတာဖြစ် တယ်။”ဟု ၎င်း ကပြောသည်။

“ ၂၀၁၃ ခုနှစ် အတွင်း ကမြန်မာ ဘာသာဖြင့် ရှာဖွေ သုံးပြုနိုင်တဲ့ Google Search အင်ဂျင် ကို ထုတ်လုပ် ခဲ့ ပါ တယ်။ ယနေ့ မှာတော့ Gmail ကိုမြန်မာ ဘာသာ နဲ့ သုံးစွဲနိုင် ပြီဆိုတာ ကိုကြေ ညာနိုင်ပြီဖြစ် တဲ့ အတွက် ကျွန်တော် တို့ စိတ်လှုပ်ရှား ရ ပါပြီ။ 

ဒါက ကျွန်တော်တို့ ရဲ့ ၇၄ ခုမြောက် ဘာသာ စကား ဝန်ဆောင်ပေး မှု ပဲဖြစ် ပါတယ်။”ဟု ကမ်မလာ ကပြော ခဲ့သည်။



 Written by ဆန်ဖရန်စစ္စကို
Ref: AFP
Mizzima
From... World Myanmar
 


No comments:

Post a Comment