Friday, February 13, 2015

ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့် သူပုန်များတွင် တပ်ဆင် အသုံးပြုလာနိုင်သည့် တရုတ်ထုတ်"HN-5"ပခုံး ထမ်းလေယာဉ်ပစ် ဒုံးကျည်များ အကြောင်း

ဖုန်ကျားရှင်ဦးဆောင်သည့်ကိုးကန့်သူပုန်များတွင်တပ်ဆင်အသုံးပြုလာနိုင်သည့်တရုတ်ထုတ်"HN-5"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်များအကြောင်း

တရုတ်နိုင်ငံထုတ်"HN-5"ပခုံးထမ်းလေယာဉ်ပစ်ဒုံးစနစ်(တရုတ်အခေါ်"HY-5"အနီရောင်ပန်းဖွားများ")ကိုတရုတ်နိုင်ငံမှ(၁၉၇၀)ခုနှစ်နောက်ပိုင်းတွင်ထုတ်လုပ်ခဲ့ပြီးအရန်အဖြစ်ထားရှိတဲ့တာတိုပစ်ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်သည်။"HN-5"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်မှာဆိုဗီယက်ထုတ်"SA-7A(Grail)"နှင့်"Strela-2"အားတိုက်ရိုက်ကူးယူ၍ထုတ်လုပ်ထားသည့်ပထမမျိုးဆက်ပခုံးထမ်းလေယာဉ်ပစ်ဒုံးစနစ်လဲဖြစ်ပြီးဗီယက်နမ်စစ်ပွဲအတွင်းမြောက်ဗီယက်နမ်အတွက်အများအပြားထုတ်လုပ်ခဲ့သည့်အမျိုးအစားဖြစ်သည်။ တရုတ်နိုင်ငံမှ ပထမအဆင့်ထုတ်လုပ်ထားသည့်"HN-5"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်များအားဗီယက်နမ်စစ်ပွဲအတွင်းသို့ ပေးပို့ ၍၄င်းတို့ ၏့ လက်နက်အားစမ်းသပ်ခဲ့ကြသည်။
စမ်းသပ်ချက်များအရ"HN-5"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်မှာအမေရိကန်လေယာဉ်များတွင်တပ်ဆင်ထားသည့်(ECM)စနစ်များရဲ့တန်ပြန်တိုက်ခိုက်ခံရမှုကြောင့်မထိရောက်ကြောင်းအဖြေထွက်ပေါ်လာခဲ့သည်။တချိန်ထဲတွင်တရုတ်နိုင်ငံမှ"HN-5"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်များအားအဆင့်မြင့်တင်မှုများထပ်မံပြုလုပ်၍အလျင်အမြန်ထုတ်ကာဗီယက်နမ်စစ်ပွဲအတွင်းထပ်မံပေးပို့ခဲ့သော်လည်းဗီယက်နမ်စစ်ပွဲကြီးပြီးဆုံးသွား၍ဒုံးစနစ်အားစမ်းသပ်ခွင့်မကြုံခဲ့ပေ။

"HN-5"အားအဆင့်မြင့်တင်ထားသည့်"HN-5A"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်တွင်"cooled seeker"တပ်ဆင်ထားပြီး ဒုံးကျည်ထိပ်ဖူး၏အလေးချိန်ကိုတိုးမြင့်ထားကာအမြင့်မီတာ(၅၀)မှ(၂.၅)ကီလိုမီတာအတွင်းပစ်ခတ်နိုင်သည်။ပစ်ခတ်နိုင်သည့်အကွာအဝေးမှာမီတာ(၈၀၀)မှ(၄.၄)ကီလိုမီတာအထိဖြစ်သည်။"HN-5A"တွင်တပ်ဆင်ထားသည့်လေယာဉ်ပစ်ဒုံးကျည်မှာတစ်စက္ကန့်လျှင်မီတာ(၅၀၀)နှုန်းဖြင့်အသံထက်မြန်သောနှုန်းဖြင့်ပစ်ခတ်နိုင်စွမ်းလဲရှိသည်။

၁၉၈၀,ခုနှစ်တွင်တရုတ်နိုင်ငံမှဆီုဗီယက်ထုတ်"SA-14(Gremlin)"အားအခြေခံပြီးထုတ်လုပ်ထားသည့်"HN-5B"အမည်ရှိဒုံးကျည်မျိုးကွဲအားတစ်မျိုးအားစတင်အသုံးပြုခဲ့ပြီး(၁၉၉၀)ခုနှစ်မှသာထုတ်ဖော်ပြသခဲ့သည်။(တချိန်ထဲတွင်ပါကစ္စတန်သို့နည်းပညာနှင့်ဒုံးများပေးပို့ ရောင်းချခဲ့ပြီး Anza MkI အမည်ဖြင့်ထုတ်လုပ်၍အသုံးပြုလျှက်ရှိသည်။)သတိပြုရမည့်အချက်မှာ"HN-5B"တွင် cooled IR seeker တပ်ဆင်ထားသည်။"HN-5B"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်ကိုစစ်သုံးယာဉ်နှင့်အခြားယာဉ်များပေါ်တွင်တပ်ဆင်၍လဲအသုံးပြုနိုင်သည်။

"HN-5"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်မျိုးကွဲများထဲမှနောက်ဆုံးမျိုးကွဲဖြစ်သည့်"HN-5C"ပခုံးထမ်းလေယာဉ်ပစ်ဒုံးစနစ်မှာဘေးဘီးယက်(4x4)ယာဉ်ပေါ်တွင်လေယာဉ်ပစ်ဒုံးကျည်လေးစင်းကိုဆုံလည်ပေါ်တွင်တပ်ဆင်ပြီး electro-optical fire control စနစ်ဖြင့်ချိတ်ဆက်၍အသုံးပြုရသည့် တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ဖြစ်သည်။

"HN-5"ပခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်များမှာအများအားဖြင့်သက်တမ်းကုန်ဆုံးနေခြင်းခေတ်မမှီတော့ခြင်းအနှေးပျံလေယာဉ်များအားပစ်ခတ်ရာတွင်အကန့်အသတ်များရှိခြင်း flare decoy အားရှောင်ကွင်း၍ပစ်ခတ်နိုင်မှုအားနည်းခြင်းများကြောင့်တရုတ်တပ်မတော်မှ QW-1 နှင့်တွဲဖက်၍အသုံးပြုလျှက်ရှိပြီးအချို့ နိုင်ငံများတွင်ဆက်လက်အသုံးပြုလျှက်ရှိကြောင်းဖော်ပြလိုက်သည်။

စည်သူ
12nd Feb, 2015
 တရုတ်နိုင်ငံထုတ် "HN-5" ပခုံးထမ်းလေယာဉ်ပစ် ဒုံးစနစ် (တရုတ်အခေါ်"HY-5"အနီရောင် ပန်းဖွားများ") ကို တရုတ်နိုင်ငံမှ (၁၉၇၀) ခုနှစ်နောက်ပိုင်းတွင် ထုတ်လုပ် ခဲ့ပြီး အရန် အဖြစ် ထားရှိတဲ့ တာတိုပစ် ပခုံး ထမ်းလေကြောင်းရန် ကာကွယ်ရေးစနစ်ဖြစ်သည်။

"HN-5"ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်မှာ ဆိုဗီယက် ထုတ်"SA-7A(Grail)"နှင့်"Strela-2"အား တိုက်ရိုက် ကူးယူ ၍ထုတ်လုပ် ထားသည့် ပထမမျိုးဆက် ပခုံးထမ်းလေယာဉ်ပစ် ဒုံးစနစ် လဲဖြစ်ပြီး ဗီယက်နမ် စစ်ပွဲ အတွင်းမြောက်ဗီယက်နမ် အတွက် အများအပြား ထုတ်လုပ်ခဲ့သည့် အမျိုးအစားဖြစ်သည်။ 

တရုတ်နိုင်ငံ မှ ပထမအဆင့် ထုတ်လုပ် ထားသည့်"HN-5"ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်များ အား ဗီယက် နမ် စစ်ပွဲအတွင်းသို့ ပေးပို့ ၍၄င်းတို့ ၏့ လက်နက်အားစမ်းသပ်ခဲ့ကြသည်။
 

စမ်းသပ်ချက်များ အရ"HN-5"ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်မှာ အမေရိကန်လေယာဉ် များတွင် တပ်ဆင် ထား သည့် (ECM) စနစ်များရဲ့ တန်ပြန် တိုက်ခိုက်ခံရ မှုကြောင့် မထိရောက်ကြောင်း အဖြေထွက်ပေါ်လာခဲ့ သည်။

တချိန်ထဲတွင် တရုတ်နိုင်ငံမှ"HN-5"ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည် များအား အဆင့်မြင့်တင် မှုများ ထပ်မံပြု လုပ်၍ အလျင်အမြန် ထုတ်ကာ ဗီယက်နမ်စစ်ပွဲ အတွင်းထပ်မံပေးပို့ ခဲ့သော်လည်း ဗီယက်နမ် စစ်ပွဲကြီးပြီး ဆုံး သွား၍ ဒုံးစနစ်အား စမ်းသပ်ခွင့် မကြုံခဲ့ပေ။

"HN-5"အား အဆင့်မြင့်တင် ထားသည့် "HN-5A" ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်တွင် "cooled seeker" တပ်ဆင်ထားပြီး ဒုံးကျည် ထိပ်ဖူး၏ အလေးချိန်ကို တိုးမြင့်ထားကာ အမြင့်မီတာ (၅၀) မှ (၂.၅) ကီလိုမီတာ အတွင်းပစ်ခတ်နိုင်သည်။ 

ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ မီတာ (၈၀၀) မှ (၄.၄) ကီလိုမီတာ အထိဖြစ်သည်။ "HN-5A"တွင် တပ်ဆင် ထားသည့်လေယာဉ်ပစ် ဒုံးကျည်မှာ တစ်စက္ကန့်လျှင် မီတာ (၅၀၀)နှုန်းဖြင့် အသံ ထက်မြန်သောနှုန်းဖြင့် ပစ် ခတ်နိုင်စွမ်းလဲရှိသည်။

၁၉၈၀ ခုနှစ်တွင် တရုတ်နိုင်ငံ မှ ဆီုဗီယက်ထုတ် "SA-14(Gremlin)" အား အခြေခံပြီး ထုတ်လုပ်ထား သည့်"HN-5B"အမည်ရှိ ဒုံးကျည် မျိုးကွဲအား တစ်မျိုးအား စတင် အသုံးပြုခဲ့ပြီး (၁၉၉၀) ခုနှစ်မှသာ ထုတ်ဖော်ပြသခဲ့သည်။

(တချိန်ထဲတွင် ပါကစ္စတန်သို့ နည်းပညာနှင့် ဒုံးများပေးပို့ ရောင်းချခဲ့ပြီး Anza MkI အမည်ဖြင့် ထုတ်လုပ်၍ အသုံးပြုလျှက်ရှိသည်။) သတိပြုရမည့် အချက်မှာ"HN-5B"တွင် cooled IR seeker တပ်ဆင် ထားသည်။ "HN-5B"ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်ကို စစ်သုံးယာဉ်နှင့် အခြားယာဉ်များပေါ်တွင် တပ်ဆင်၍လဲ အသုံးပြုနိုင် သည်။

"HN-5" ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည် မျိုးကွဲ များထဲမှနောက်ဆုံး မျိုးကွဲဖြစ်သည့် "HN-5C"ပခုံး ထမ်းလေ ယာဉ် ပစ် ဒုံးစနစ်မှာဘေးဘီးယက် (4x4) ယာဉ်ပေါ်တွင်လေယာဉ်ပစ် ဒုံးကျည်လေးစင်းကို ဆုံလည်ပေါ်တွင် တပ်ဆင်ပြီး electro-optical fire control စနစ်ဖြင့်ချိတ်ဆက် ၍ အသုံးပြုရသည့် တာတိုပစ်လေကြောင်းရန် ကာကွယ်ရေး ဒုံးစနစ်ဖြစ်သည်။

"HN-5"ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည် များမှာ အများအားဖြင့် သက်တမ်း ကုန်ဆုံးနေခြင်းခေတ် မမှီတော့ခြင်း အနှေး ပျံလေယာဉ်များအား ပစ်ခတ်ရာတွင် အကန့်အသတ်များ ရှိခြင်း flare decoy အားရှောင် ကွင်း၍ ပစ်ခတ်နိုင်မှု အားနည်းခြင်းများကြောင့် တရုတ် တပ်မတော် မှ QW-1 နှင့် တွဲဖက်၍ အသုံးပြုလျှက် ရှိပြီး အချို့ နိုင်ငံများတွင် ဆက်လက် အသုံးပြုလျှက်ရှိကြောင်းဖော်ပြလိုက်သည်။


စည်သူ
12nd Feb, 2015


No comments:

Post a Comment