Thursday, February 5, 2015

နိုင်ငံသား မဟုတ်သည့် ယာယီ သက်သေခံကတ်ပြား(White Card) ကိုင်ဆောင်ခွင့် ရှိသူများ အား ဆန္ဒခံယူပွဲ တွင် မဲပေးခွင့်ပြုခြင်း အပေါ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ သဘောထားကြေညာချက်

Yangon Media Group's photo. 












Yangon Media Group's photo.


ကြေညာချက် အမှတ် (၃/၂၀၁၅) | ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ( ၄)ရက်

  
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ပြင်ဆင် သည့် ဥပဒေကြမ်း အတည်ပြုရေး အတွက် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း ကို ထောက်ခံမဲ-၃၂၈မဲ၊ ကြားနေမဲ-၁၉မဲ၊ နှင့် ကန့်ကွက်မဲ ၇၉မဲတို့ဖြင့် ၂-၂-၂၀၁၅ ရက်နေ့ တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် အတည်ပြု ခဲ့သည်။ 

ထို အတည်ပြု ခဲ့သော ဥပဒေ အရ ပြည်သူ့ဆန္ဒခံယူပွဲ တွင် နိုင်ငံသား မဟုတ်သည့် ယာယီ သက်သေခံ ကတ်ပြား( White Card) ကိုင်ဆောင်ခွင့် ရရှိသူများ ပါ မဲပေးခွင့် ရရှိ သွားကြမည် ဟု ပါရှိ ပါသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁)၊ အပိုဒ်ခွဲ  (၄) ၊ တွင် “ နိုင်ငံတော် ၏ အချုပ်အခြာ အာဏာ သည် နိုင်ငံသားများ ထံမှ ဆင်းသက်ပြီး နိုင်ငံ တစ်ဝန်းလုံးတွင် တည်သည်” ဟုပြဌာန်း ထားပါသည်။ 


အဆိုပါ ဥပဒေပြဋ္ဌာန်းချက် အရ နိုင်ငံတော် အတွက် ဤမျှ  အရေးကြီး လှသည့်၊ အခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲ တွင် မြန်မာနိုင်ငံသား မဖြစ်သေးသူများ ကို မြန်မာနိုင်ငံသားများ နည်းတူ ပါဝင် မဲပေးခွင့် မရရှိသင့် ဟု ကျွန်ုပ်တို့ က ရိုးသားစွာ ယုံကြည်သည်။

ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်များ အပါအ၀င် နိုင်ငံတော်၏ အင်စတီကျူးရှင်း များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဌာန်းချက်များ၊ တည်ဆဲ ဥပဒေများနှင့် အညီ မြန်မာနိုင်ငံ သား တို့ အနာဂတ် ကံကြမ္မာ ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ကို မထိပါး မပွန်းပဲ့အောင် ကာကွယ်စောင့်ရှောက် ရမည့် တာဝန်ရှိကြပါသည်။ 

ထို့အတူ မြန်မာနိုင်ငံသား မဟုတ်သူများ မှ မြန်မာနိုင်ငံသား တို့၏ အနာဂတ် ကံကြမ္မာ ကို ၀င်ရောက် စွက်ဖက် စိုးမိုးခွင့် မရရှိအောင် အထူးကြတ်မတ် ထိမ်းသိမ်း ကာကွယ်ရမည့် တာဝန်လည်း ရှိကြ ပါသည်။

ထိုနည်းတူစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သားများ သည်လည်း မိမိတို့နိုင်ငံ ၏ အနာဂတ် ကံကြမ္မာ အတွက် မြန်မာနိုင်ငံသား မဟုတ်သူ မည်သူမျှ  ၀င်ရောက်စွက်ဖက် ချယ်လှယ်မှုမျိုး မပါဝင်စေဘဲ မိမိတို့ ဆန္ဒနှင့် အညီ တည်ဆဲ ဥပဒေဘောင် အတွင်းမှ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့် ရမည့် အခွင့်အရေး ရရှိစေ ရမည်ဟု ယုံကြည်သည်။

သို့ရာတွင် ယခုပြည်ထောင်စုလွှတ်တော် ၏ ဆုံးဖြတ်ချက် သည် နိုင်ငံသား မဟုတ်သူများ ကို နိုင်ငံသား တစ်ဦး ၏ အမြင့်ဆုံး ရပိုင်ခွင့် တစ်ခုဖြစ်သည့် “ မဲပေးပိုင်ခွင့်” ကို တရားဝင် ခွင့်ပြုပေး သကဲ့သို့ ဖြစ်နေ ပါ သည်။ 

ထို့အတွက် ထို ဆုံးဖြတ်ချက် သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဌာန်းချက်နှင့် အညီ မြန်မာနိုင်ငံသား တို့ ၏ မွေးရာ ပါ နိုင်ငံသား အခွင့်အရေး ကို လျော့ပါးအောင် ခွင့်ပြုနေ သကဲ့သို့ နိုင်ငံတော် ၏ အချုပ်အခြာ အာဏာနှင့်၊ နိုင်ငံသား များ ၏ နိုင်ငံရေး ကံကြမ္မာနှင့် မိမိရွေးချယ်ခွင့် ကို ထိပါးအောင် တရားဝင်ခွင့်ပြုနေ သကဲ့သို့ ဖြစ်နေကြောင်းတွေ့ရှိရ ပါသည်။

တစ်ဖက် တွင် တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်ပြီး တိုင်းရင်းသား ပင်ဖြစ် ပါသော်လည်း အကြောင်း အမျိုး မျိုးတို့ကြောင့် လက်ရှိ တွင် ယာယီ သက်သေခံ ကတ်ပြား(White Card) ကိုင်ဆောင် ထားသူများ အား နိုင်ငံ သားဖြစ်မှု ဥပဒေနှင့် အညီ ဆောလျင်စွာ နိုင်ငံသား စိစစ်ရေးကတ်ပြား များ ထုတ်ပေးရန် သက်ဆိုင်ရာ ၀န်ကြီး ဌာန နှင့် အစိုးရ အဖွဲ့တို့တွင် တာဝန်ရှိပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ပြင် ဆင် သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းပါ ယာယီသက်သေခံ ကတ်ပြား ( White Card) ကိုင်ဆောင်ခွင့် ရရှိသူများ မဲပေးခွင့်ကို အလေး အနက်ပြန်လည် သုံးသပ် ပြင် ဆင်ပေး ပါရန် တောင်းဆို လိုက် ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ရန်ကုန်မြို့



No comments:

Post a Comment