Monday, March 2, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း ( ၁၂ )





၈။ အခြွေ အရံ များပြားရခြင်း
**********************
မဟာ ကရုဏာတော် မေတ္တာတော် ၏ တည်ရာဖြစ်သော  မြတ်စွာဘုရားရှင် သည် သုဘလုလင် အား" ဒကာတော် သုဘလုလင် နောက်တစ်မျိုးသော် ကား ဤလောက ၌ အချို့သော အမျိုးသမီး သည်သော် လည်းကောင်း အမျိုးသား သည်သော် လည်းကောင်း ငြူစူ စောင်းမြောင်းတက်သော စိတ်ထား မရှိသည် ဖြစ် ၏။ 


သူတစ်ပါး တို့၏ လာဘ်ရခြင်း အရိုအသေ ခံရခြင်း အလေးစား ခံရခြင်း အမြတ်နိုး ခံရခြင်း အရှိခိုး ခံရခြင်း
အပူဇော် ခံရခြင်း တို့၌ မငြူစူ မစောင်းမြောင်းတတ် ကပ်၍ မပြစ်မှားတတ်။
 

ဤသို့ ပြည့်ပြည့် စုံစုံ ပြုကျင့်၍ ထားအပ်သော ဤသို့ကောင်းစွာ  ဆောက်တည်၍ ထားအပ်သော ထိုမငြူစူ မစောင်းမြောင်း တက်သော ဖြူစင်ဖြောင့်စင်းသော  စိတ်ထားတည်း ဟူသော ကောင်းမှု ကုသိုလ် ကံကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့ ရဲ့လားရောက်ရာ
ဖြစ်သော နတ်ပြည်လောက သို့ ကပ်ရောက်ရပေ၏။ 


ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်း ကြောင့် စုတိပြတ်ကြွေသေလွန်သည် မှနောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့ ရဲ့ လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ အကယ်၍ မကပ်ရောက် ခဲ့ရသည်ဖြစ်ငြားအံ့ ၊ လူ့ပြည် လူ့လောက သို့ အကယ်၍ စိုက်ရောက် ခဲ့သည်ဖြစ်ငြားအံ့ အကြင်အကြင် ဘုံဘဝ၌ အကြင်အကြင် လူ့လောက ၌ အကြင်အကြင် အမျိုးအနွယ် ၌ ပဋိသန္ဓေအားဖြင့်ဖြစ်ပေါ်လာရ၏။ ထိုထို အမျိုးအနွယ် ၌ ကြီးမားသော ဘုန်းကံရှိသည် (ဝါ) အခြွေအရံ များပြား သည် ဖြစ်၏။ "ဟု ဟောတော်မူ အပ်ခဲ့ ပါသည်။




အရှင်ဥရုဝေလကဿ          မထေရ်
**************************
မထရ်မြတ် အလောင်းအလျာဖြစ်တော် မူသော အမျိုး ကောင်းသားသည် ပဒုမုတ္တရ ဘုရားရှင် လက် ထက်တော် အခါ၌  ဟံသာဝတီ မင်းနေပြည်တော် ၌ ချမ်းသာကြွယ်ဝသော အမျိုးကောင်း သားတစ်ဦးဖြစ် ခဲ့ပါသည်။ 


တနေ့သောအခါ တရားနာ ရင်းမြတ်စွာဘုရား ရှင်သည် တပည့်သာဝက တို့်တွင် အခြံအရံ ပရိတ်သတ် များပြားရာတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ဘွဲ့ထူး ကို ရဟန်းတော် တစ်ပါးအားပေး ရာတွင် အား ကျသောစိတ်ထားဖြစ်ခဲ့ ပါသည်။ မိမိသည်လည်း ထိုရဟန်း  တော်ကဲ့သို့ ဘွဲ့ထူးကို ပန်ဆင်နိုင်ရန် ဘုရားအမှူး ရှိသော သံဃာတော် တစ်သိန်းကို (၇) ရက်တိုင်တိုင် ဆွမ်းမဟာဒါန တစ်ခုပေးလှူခဲ့ပါသည်။
 


(ထိုသို့ ဆုတောင်းရခြင်း မှာ ဧတဒဂ် ရတော် မူသောရဟန်းကို မနာလိုဝန် တိုခြင်း မဟုတ်ဘဲ အားကျသော စိတ်ထားဖြင့် ကြည်ညိုသော စိတ်ထား ဖြင့် နည်းမှန် လမ်းမှန် ကိုပြုကျင့်ခြင်းဖြစ်ပါသည်။) (၇ )ရက်စေ့သော အခါ  ဘုရားရှင်နှင့် တကွ ရဟန်းသံဃာ တစ်သိန်း ကို တိစီဝရိတ် သင်္ဃန်း (သင်းပိုင်၊ ကိုယ်ရုံ၊ နှစ်ထပ် သင်္ဃန်း) တစ်စုံ တစ်စုံစီ လှူဒါန်းကာ နောင်ပွင့် သောဘုရားသာသနာတော်တွင် အခြံအရံ များပြားရာတွင် ဧတဒဂ် ဘွဲ့ထူးရရှိရန် ဆုတောင်းပါသည်။
 

လွန်ခဲ့သော ၉၁ ကမ္ဘာထက်တွင်လည်း ဖုဿဘုရားရှင်  ၏ ဖတူ မိကွဲ ညီတော်ဖြစ်၍ ဘုရားအမှူး ရှိသော သံဃာတော် တစ်သိန်း အား ဝါတွင်း သုံးလပတ်လုံး လုပ်ကျွေး ခဲ့ပါသည်။ ထိုကောင်းမှူ ကုသိုလ် များဆက် တိုက်ပြုလုပ်ခဲ့ သဖြင့် အပါယ်လေးပါးသို့ မကျရောက်ရဘဲ လူပြည် နတ်ပြည်၌ ကျင်လည်ရ၍ နေခဲ့ရပါသည်။
 

 ဂေါတမမြတ်စွာ ဘုရားရှင် ပွင့်ထွန်းသော အခါ ဥရုဝေလ အရပ်၌ ဥရုဝေလ ရသေ့ အမည်ဖြင့် ရသေ့ ၅၀၀ အခြံအရံ ရှိသော ရသေ့ ကြီးဖြစ်ခဲ့ပါသည်။ ဂယာကဿ        ပ နဒီကဿ        ပ ဟူသောညီငယ်နှစ်ဦး တို့ သည် လည်း ထိုတော ၌ ရသေ့ ၃၀၀ ၊ရသေ့ ၂၀၀ ခြံရံ၍နေ ထိုင်ကြ၍ ရသေ့ ညီနောင်ရှင်တစ်ထောင် ဟုထင် ရှား ပါ သည်။

 မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကြွရောက်ကာ ချွေချွတ်ခြင်း ခံရ သဖြင့် အရဟတ္တဖိုလ်  သို့ ဆိုက်ရောက် ခဲ့ပါသည်။ နောင် အခါ၌ မြတ်ဗုဒ္ဓ ၏ သာသနာတော် အတွင်းဝယ် အရှင်ဥရုဝေလကဿပ      မထေရ် အား များပြားသော ပရိတ် သတ် အခြံအရံ ရှိကြသော တပည့် သာဝက တို့တွင် အသာဆုံး အမြတ် ဆုံး အခြံ အရံ အများ ဆုံး ရဟန်းတော် အဖြစ် ဧတဒဂ် ဘွဲ့ထူး ကို ဆင် မြန်းခွင့်ရရှိခဲ့ပါသည်။


သူတစ်ပါး တို့ ၏ လာဘ်ရခြင်း အရိုအသေ ခံရခြင်း အလေးစား ခံရခြင်း အမြတ်နိုး ခံရခြင်း အရှိခိုး ခံရခြင်း အပူဇော် ခံရခြင်း တို့ ၌ မနာလို ဝန်တိုစိတ် မရှိဘဲ နည်းမှန် လမ်းမှန်ဖြင့် ရရှိ ရန် ပါရမီ ကောင်းမှုမျိုးစေ့ တို့ကို ကြဲချ စိုက်ပျိုး ခဲ့သဖြင့် ဖြစ်လေရာ ဘဝ တိုင်း တွင်သူတစ်ပါး တို့၏ အရိုအသေ ခံရခြင်း အလေးစား ခံရခြင်း
အမြတ်နိုး ခံရခြင်း အရှိခိုး ခံရခြင်း အပူဇော် ခံရခြင်း ဖြစ်သည်။





 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း




 Ven Ra Hta

No comments:

Post a Comment