Friday, March 13, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆)





၁၂ ။ အမျိုးမြတ်သူ ဖြစ်ရခြင်း

**********************

ကိလေသာမာရ် အပေါင်းကို အောင်မြင်တော် မူပြီးသည် ၏ အ ဖြစ်ကြောင့် ရာဂစသောကိလေသာ မြူ အညစ် အကြေး အပေါင်းမှ ကင်း စင်တော်မူသော မြတ်စွာဘုရားရှင် သည် သုဘလုလင် အား....... 
 

"ဒါကာတော် သုဘလုလင် နောက်တစ်မျိုးသော် ကား ဤလောက ၌  အချို့သော အမျိုး သမီး သည်သော် လည်းကောင်း အမျိုးသားသည် သော်လည်းကောင်း မခက်ထန် မတင်းမာသော စိတ်ထား ရှိသည် ဖြစ်၏။
အလွန်မောက်မာသော မာန်မာန တရား ထင်ရှား မရှိသည်ဖြစ်၏။ 


ရှိခိုး သင့် ရှိခိုး ထိုက်သော ပုဂ္ဂိုလ် ကို ရှိခိုး၏။ ခရီးဦးကြို ဆိုသင့် ကြိုဆို ထိုက် သောပုဂ္ဂိလ် ကို ခရီးဦး ကြိုဆို ၏။ နေရာပေးသင့်ပေးထိုက်သော ပုဂ္ဂိုလ် အားနေရာကို ပေး၏။ လမ်းဖယ်ပေးသင့်ပေးထိုက်သော ပုဂ္ဂိုလ်အား  လမ်းကို ဖယ် ပေး၏။ ။

ရိုသေ သင့် ရိုသေ ထိုက်သော ပုဂ္ဂိုလ် ကို အရိုအသေပြု၏။ လေးစားသင့်လေးစား ထိုက်သော ပုဂ္ဂိုလ် ကိုလေးစား၏။  မြတ်နိုးသင့် မြတ်နိုး ထိုက်သော ပုဂ္ဂိုလ် ကို မြတ်နိုး ၏။ ပူဇော်သင့်  ပူဇော် ထိုက်သော ပုဂ္ဂိုလ် ကိုပူဇော် ၏။ 

ထို ကဲ့သို့ မာန်မာန မကြီးသော ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်း စွာဆောက်တည် ထားအပ်သော ထို ကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေ လွန်သည်မှ  နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရိုက်သမား တို့ရဲ့ လားရောက်ရာ
ဖြစ်သော နတ်ပြည်နတ်လောက သို့ ပဋိသန္ဓေ အားဖြင့်ကပ်ရောက် တည်နေရပေသည်။ 



ဒကာတော် သုဘလုလင် ကိုယ်ခန္ဓာ ၏ ပျက်စိး ခြင်းကြောင့် စုတိပြတ်ကြွေသေလွန် သည်မှနောက်ကာလ ၌ကောင်းမှုပြုသူ  သုစရိုက်သမား တို့ရဲ့လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ အကယ်၍ မကပ်ရောက် ခဲ့ရသည်ဖြစ်ငြားအံ့ ၊ 

လူ့ပြည် လူ့လောက သို့  အကယ်၍ ဆိုက်ရောက် ခဲ့သည်ဖြစ်ငြားအံ့ ၊ အကြင် အကြင် ဘုံဘဝ၌ အကြင် အကြင်  လူ့လောက ၌ အကြင်အကြင် အမျိုးအနွယ် ၌ ပဋိသန္ဓေအားဖြင့် တဖန်ဖြစ်ပေါ်လာရ၏ ။ ထိုထို အမျိုးအနွယ် ၌ မြင့်မြတ်သော အမျိုးအနွယ် ရှိသော ပုဂ္ဂိုလ်  သည် ဖြစ်ရပေ၏။ "ဟု ဟောတော်မူ အပ်ခဲ့ ပါသည်။

စဏ္ဍာလီ အမယ်အို
*****************
မြတ်စွာဘုရားရှင် သည် နံနက်မိုးသောက်စ အချိန်တွင် မဟာ ဂရုဏာတော် သမာပတ် ကို ဝင်စားတော် မူ၍ လောကကို ကြည့်ရှုတော်မူ သောအခါ စဏ္ဍာလီ အမယ်အို သည် ယနေ့ပင်သေ ၍ ငရဲသို့ ကျရောက်
ရမည်ကိုမြင်တော်မူပါသည်။ ကယ်တင် ချီးမြောက်ခြင်း ငှါ ရရှိနိုင် ပါသ လား ဟု ကြည့်တော် မူရာ ကယ်တင် ၍ ရနိုင်သေးသည်ကိုမြင်တော်မူပါ သည်။ 


သူတောင်းစား တစ်ဦးဖြစ်သော စဏ္ဍာလီ အမယ်အို သည်  ထမင်းတောင်း ရန် ရာဇဂြိုလ်မြို့ သို့ဝင်ရောက် ချိန် ကို သိလျက် မြတ်စွာဘုရားရှင် သည် ဆွမ်းခံကြွတော် မူလာပါသည်။ ထို အမယ်အို အ နား သို့ရောက်သော အခါ မြတ်စွာဘုရားရှင် သည် ဆက်မကြွဘဲ ရပ် တော်မူပါသည်။


မြတ်စွာဘုရား အလိုတော် ကို သိတော် မူသော အရှင် မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီး သည် ထို အမယ်အိုအား"
ဒကာမကြီး........ရသေ့ ဟူသမျှ တို့တွင် အမြတ်ဆုံးဖြစ်တော် မူသော ဂေါတ မနွယ်ဖွား ရှင်တော်မြတ်ဘုရား သည် အသင် စဏ္ဍာလီ အမယ်အို ကိုစောင့် ရှောက် ချီးမြှောက်တော် မူလိုသည့် အတွက် မတ်တပ်ရပ်
ကာ တည်နေတော် မူပါပေ တယ်။ ဒါကြောင့် ဂေါတမမြတ်စွာဘုရား ၏ ခြေတော် အစုံ ကြာ ပဒုံ ကို လျင်မြန် စွာ ဦးတိုက်လိုက်စမ်းပါ။ 


သင် စဏ္ဍာလီ အမယ်အို လူ့ဘဝတွင် ကျန်ရှိသော အချိန်ကာလ တိုတောင်း လှပါသည် ဟု" မိန့်ကြားတော် မူပါသည်။
 

ထို တိုက်တွန်းချက် ကို ကြားရ သဖြင့် ထို အမယ်အိုတွင် မာန် မာနလည်း မရှိသောကြောင့် တုန်တုန် ရီရီနှင့် တောင်ဝှေ့လေး ကို ချ၍ ဦးတိုက်ကာ မြတ်စွာဘုရားရှင် ဆက်ကြွသွားတော် မူသည် အထိ လက်
အုပ်ချီမိုး လျက် ရပ်နေ ပါသည်။
 

 မြတ်စွာဘုရားရှင် ၏ မျက်ကွယ် သို့ရောက်သော အခါ  စဏ္ဍာလီ အမယ်အို သည် နွားဝှေ့ ခံရ၍သေဆုံးကာ နတ်ပြည်သို့ရောက် ရှိသွားပါသည်။ မြတ်စွာဘုရားရှင် သံဃာတော်တို့် ကို လမ်းဖယ်ပေး ခြင်း လက်အုပ်ချီ မိုးခြင်းသည် သေးငယ်သော ကံ ဖြစ်သည်ဟု မထင် ကြပါနှင့် ။ နတ်ပြည်ရောက်ကြောင်းကောင်းမှု ကုသိုလ် ထူး ဖြစ်ပါသည်။





သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း



No comments:

Post a Comment