Friday, March 13, 2015

မက္ကစီကို ကမ်းလွန် တွင် ကမ္ဘာလှည့် ခရီးသည်လှေပေါ် ဝေလငါး ခုန်တက် လာ၍ အမျိုးသမီးတစ်ဦး သေဆုံး




မက္ကစီကို ကမ်းလွန် တွင် ကမ္ဘာလှည့် ခရီးသည် လှေပေါ်သို့ ဧရာမ ဝေလငါးကြီး တစ်ကောင် ခုန်တက် လာ မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

မက္ကစီကို အာဏာပိုင် များက မီးခိုးရောင် ဝေလငါး တစ်ကောင် သည် ရေမျက်နှာပြင်ပေါ် တက်လာ ချိန်တွင် ကမ္ဘာလှည့် ခရီးသည် များ တင်ဆောင် လာသည့် လှေငယ်ပေါ် ရိုက်ခတ် မိခဲ့ပြီး အသက်(၄၅)နှစ် အရွယ် ကနေဒါ အမျိုးသမီး တစ်ဦး အသက် ဆုံးရှုံး ခဲ့ကြောင်း ကြေညာခဲ့သည်။

မက္ကစီကိုနိုင်ငံ၊ ဘာယာ ကယ်လီဖိုးနီယားဆား ပြည်နယ် မှ ရဲအရာရှိ တစ်ဦး က ကာဘိုဆန်လူးကက်စ် အပန်းဖြေ ကမ်းခြေနှင့် (၂) ကီလိုမီတာမျှသာ ကွာဝေးသော ကမ်းလွန်ပင်လယ်တွင် ယခုမတော်တဆ မှု ပေါ်ပေါက် ခဲ့ခြင်း ဟု ပြောကြားခဲ့သည်။


 
မတ်လ ၁၁ ရက်၊ နေ့လယ်ပိုင်း က ပင်လယ်ပြင် ဘက်မှ ဆိပ်ကမ်း ဘက် လှေငယ်ပြန်လည် ခုတ်မောင်း လာစဉ် ဝေလငါးကြီး က အနီးကပ် ခုန်ပေါက် ခဲ့ရာမှ လှေပေါ် တည့်တည့် ကျလာခြင်း ဖြစ်သည်။ 

ထို့နောက် ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရသွားသည့် အမျိုးသမီး ကို ကမ်းခြေ အရောက် သယ်ဆောင်လာပြီး ကုသပေးခဲ့သော် လည်း သေဆုံး သွားခြင်း ဖြစ်သည်။

ဒေသဆိုင်ရာ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဦးစီးမှူး ဟွမ်ကာဗာယဲလ် ဖီဂွာရိုအာ က အခင်းဖြစ် ပွား ပြီးနောက် မက္ကစီကို ရေတပ် သည် လှေ ရှိရာ ချက်ချင်း သွားရောက်ပြီး အမျိုးသမီး ကို သယ်ထုတ်ခဲ့ကြောင်း ဆိုသည်။ 

သူမသည် ကမ်းခြေ ရှိ ဆေးခန်းတစ်ခု ထိ ရောက်ရှိ ခဲ့သေးသော်လည်း ဒဏ်ရာပြင်းထန် သဖြင့် သေဆုံး ခဲ့ခြင်း ဖြစ်သည်။ 

မက္ကစီကို အာဏာပိုင် များက သေဆုံးသူ အမျိုးသမီး ၏ နေရပ်နှင့် အမည် ကို ထုတ်ဖော်ကြေညာမှု မရှိသေးကြောင်း လည်း သိရသည်။



7day daily
From...  http://www.searchmyanmar.com/link/frame/cid/48215



No comments:

Post a Comment