Thursday, March 19, 2015

လက်တွေ့  အသုံးတည့်သည့် ပျားရည်နှင့် သံပုရာသီး { ပိန်နေ သူများ အတွက် }

 "လက်တွေ့အသုံးတည့်သည့် ပျားရည်နှင့် သံပရာသီး

ပိန်နေသူများအတွက်
ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ
ဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူများအတွက်
ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်။ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ။
ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်
မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစအလှအပကို မြတ်နိုးတတ်ကြတာသဘာဝပါဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီများနေသူတွေအတွက်လက်တွေ့၇ ရက်အတွင်းသိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်။
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်။ အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ။
ပါဝင်တဲ့ ပစ္စည်းတွေကတော့ သံပုရာသီး၊ ပျားရည်၊ အုန်းဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ ရောစပ်ပြီး လိမ်းပေးရမှာပါ…

( ဖေါ်စပ်နည်း )
- သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီးအကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ။
- အကြမ်းပုဂံလုံးထဲသို့ အုန်းဆီ သုံးလေးစက်၊ ပျားရည်သုံးလေးစက်လောက် ထည့်ပေးပါ။ ထို့နောက် ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းဆေး)တစ်မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး မွှေပေးပါ။

( အသုံးပြုနည်း )
ညအိပ်ယာဝင်ခါနီးတိုင်း
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။ ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်။
တစ်ပါတ်အတွင်း သိသာစွာ ဗိုက်ချပ်လာသည်ကို လက်တွေ့တွေ့မြင် ခံစားရမှာပါ

မှတ်ချက်- ညစာကို ပုံမှန်ထက်လျှော့စားပေးရင် ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်။ တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ။"


ရှေးရှေးသော ဆရာတော်ကြီး များ ကတော့ ညနေပိုင်း မှာ သံပုရာသီး ( ၁) လုံးနှင့်၊ ပျားရည် ထမင်းစား ဇွန်း ( ၃ ) ဇွန်းလောက် ကို ဖန်ခွက်ကြီး တခု ထဲမှာ ထည့်ပြီး ရေနွေး အဖြူနှင့် သမအောင် မွှေကာ သကြား အနည်း ငယ် ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊


 ရောဂါ မျိုးစုံ ကို ကာကွယ်နိုင် သလို၊ ညနေပိုင်း မှာလည်း ဗိုက် မဆာတော့ဘူး၊ သံပုရာ က လေ ကို နိုင်သလို ပျားရည် ကလဲ ၀မ်းတွင်း ကလီစာ များကို ဆေးကုပေး တတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်း မှန် ဖြစ်ပြီး လူကို လဲ ၀ဖြိုးစေတယ်။ 

အသားအရေ ကိုလည်း ကြည်လင်စေတယ်။ အထူး သဖြင့် အစာအိမ် သမားများ အတွက် ပျားရည် ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည် က အစာအိမ် နာကြောင့် အစာအိမ် နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာ များကို ကျက်စေပါတယ်။




ဒီနေရာ မှာ ကိုယ့်ကိုယ် ကို ပိန် လွန်းလို့ စိတ်ညစ်နေ သူများ၊ ၀ချင် သူများ အထက်ပါ နည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံ မရှိပါနဲ့၊ ကိုယ်တွေ့ ပါပဲ၊ 

စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ် က ညနေပိုင်း မှာ အထက်ပါ နည်းကို ပဲ စွဲစွဲမြဲမြဲ သောက် လာပြီး ၂ လလောက် လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန် က ( ၂၀ ) လောက် တက်လာ လို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ် မတက်နိုင်ပါဘူး၊


ဝနေ သူများ အတွက်
*****************
ဝလွန်း လို့ ပိန်ချင်သူများ ကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည် သက်သက် သောက် တာ ကောင်းပါ တယ်။ အခုခေတ်ပေါ်နေ တဲ့ ပိန်ဆေးတွေ က ဘေးထွက် ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်း က ထောက်ခံ ထားကြပါတယ်၊ သံပုရာ ကတော့ မရှိသလောက်ပါပဲ။
 

ဗိုက်ခေါက်ထူ/ ဗိုက်ပူ လို့ အလှ ပျက်နေသူများ အတွက်
******************************************
မိန်းခလေး ဘဲဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ် အလှအပ ကို မြတ်နိုးတတ်ကြတာ သဘာဝပါ ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီ များနေသူတွေ အတွက်လက်တွေ့  ၇ ရက်  အတွင်း  သိသိ သာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေး ကို မျှဝေလိုက်ပါတယ်။



ဆေးနည်း က အလွန်  လွယ်ပြီး အကုန် အကျ လည်း အလွန် သက်သာပါတယ်။ အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေ ကို ရောစပ်ပြီး အသုံးပြုရမှာပါ။


ပါဝင်တဲ့ ပစ္စည်းတွေ  ကတော့ သံပုရာသီး၊ ပျားရည်၊ အုန်းဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်း ရုံ ရောစပ်ပြီး လိမ်းပေးရမှာပါ…


( ဖေါ်စပ်နည်း )
*************
- သံပုရာသီး တစ်လုံး ရဲ့ ၅ ပုံ တစ်ပုံလောက် ကို လှီးပြီး အကြမ်းပုဂံလုံး ထဲကို အရည်ညှစ်ပါ။
 

- အကြမ်း ပုဂံလုံး ထဲသို့ အုန်းဆီ သုံးလေးစက်၊ ပျားရည် သုံးလေးစက်လောက် ထည့်ပေးပါ။ ထို့နောက် ဂဠုန် ရာဇာ/  မိဂသီ/  ရှမ်းရိုးမ/  လင်ဇီး(လိမ်းဆေး)  တစ်မျိုးမျိုး ကို တစ်ခါ  လိမ်းစာ အနေတော် ထည့်ပြီး မွှေပေးပါ။

( အသုံးပြုနည်း )
*************
ည  အိပ်ယာဝင်  ခါနီးတိုင်း ဆေးကို ရင်ခေါင်း မှ ၀မ်းဗိုက် သို့ အထက် မှအောက် သို့ ဆွဲချပြီး အသားထဲ စိမ့် ၀င်အောင် ပွတ်လိမ်းပေးပါ။ ခါးတွင် အဆီ ရှိပါက ခါးမှ ချက်သို့  ပွတ်လိမ်းပေးနိုင်ပါတယ်။
 

တစ်ပတ်အတွင်း သိသာစွာ ဗိုက်ချပ် လာသည်ကို လက်တွေ့တွေ့မြင် ခံစားရမှာပါ

မှတ်ချက်- ညစာ ကို ပုံမှန် ထက်လျှော့စားပေးရင် ပိုပြီး သိသိ သာသာ ဗိုက်ချပ်စေ ပါတယ်။ တစ်ပတ် အတွင်း သိသိ သာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment