Wednesday, March 18, 2015

လူတိုင်း မသိ မဖြစ်သော တို့ဆေး အန္တရာယ် အကြောင်း (လူတိုင်း ဖတ်ရန် သတိထားရန်)

 မယ်သီတာရယ် ရာမရယ် ကျွန်တော်ရယ်'s photo.


ယခု တလော ပြည်တွင်း မှ ဒုစရိုက် ဂိုဏ်းများ က တို့ ဆေး များ သုံး၍ လုယက်မှု-မုဒိန်းမှု ခလေး ငယ်များအား တို့ ဆေးသုံး လျှက် ဖမ်းဆီး ခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေ သဖြင့် စာဖတ် သူများ ဗဟုသုတ ရ ရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။

တို့ ဆေး ဟု လူပြောများနေသော် လည်း အမှန် မှာ အထူးပြုလုပ်ထားသည့် အပ် အသေးစား က လေးဖြင့် လူ့ ကိုယ်တွင်း သို့  လျှက်တပျက် ထိုးသွင်း လိုက်ခြင်းဖြစ်သည် ခြင်းကိုက် သလို စစ် ကနဲ့ စူးရှနာကျင်သွားမည်၊ ၄င်းဆေး အသားတွင်း ၀င်သွား သည်နှင့် စက္ကန့် ပိုင်းအတွင်း မှာ မူးဝေလာမည်-အမြင် အာရုံဝေး၀ါးကာ သတိ လွတ်သွားမည် ။

 ထို အချိန်မှာ သင့်ကို အနားမှာ အလိုက်သင့် တွဲခေါ်သူနောက် ပါသွားရတာပါ။ သည်ဆေးဝါ့းတွေ ကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာ မှာ သုံးတဲ့  မေ့ဆေး အမျိုးစား တွေ date of rape သည့် မိန်းခလေး များအား ဆေးခတ် မုဒိန်းကျင့်နိုင်သော တားမြစ် မူးယစ် ထုံထိုင်း ဆေး တွေကို များသော အားဖြင့် သုံးကြ သည်။

 

 မယ်သီတာရယ် ရာမရယ် ကျွန်တော်ရယ်'s photo.


အဆိုပါဆေးဝါးတွေ ဟာ အမှုန့် -အဆီ-အရည် အမျိုးမျိုး ထုတ်လုပ်ပြီး ဒုစရိုက်သမား များ သုံးနေကြ သည်၊ သူ့ အဆက်သွယ်သွယ် နဲ့ သူ ရှာရပါတယ် မူးရစ်ဆေးဝါး ရှာရသည် လောက် မခက်လှပါ၊ ရန်ကုန်တွင် ကား အဌား ယဉ်မောင်းသူ -ဇိမ်းခမ်း နဲ့  ကွမ်းယာဆိုင်တွေ မှာပင် မျက်မှန်း တန်းမိလျှင် အလွယ်တကူဝယ်ရနိုင်၏။
 

တို့ ဆေး များကို ဒုစရိုက်လောကသား များ သုံးပြုနေပုံ.......
ဥပမာ ဘန်ကောက်မြို့ ကို စရောက်လာပြီး နိုက်ကလပ် လိုနေရာမျိုးအား တဦးတည်း တယောက်ထဲ သွားမိ သူတွေ အများဆုံး ခံရသည်၊ ည ကပွဲရုံ မှာ သားကောင်ရှာသူ အမျိုးသမီးနှင့် တွဲက မိရင် ရင်းနှီးကြ-အတူသောက်ပြီး ရင် ကောင်မလေး က "အကို့ နောက် လိုက်ခဲ့မယ်နော်" ဟုပြောကာ လူရှင်း သည့် တည်း ခိုခန်း တွင်းရောက်သွားသည့် အခါ အမျိုးသားအား ရေချိုး ခိုင်း ပါလိမ့်မယ်။

အတူ ချိုးမယ် ဆိုလည်းလိုက်မည် မဟုတ်ပါ၊ မိန်းခလေးရေချိုးသည့် အလှည့်တွင် သူမ ဖွတ်ယူ လာ သည့် ဆေး အဆီရည် ပုလင်းလေးတွင်းမှ ဆေးရည်စက် များကို လက်ဝါးပေါ် ထည့်၍ သူမ ရင်သားပေါ်မှာ လိမ်းထား ပါလေသည်၊ ဒါ့ အပြင် ဘီယာခွက် အတွင်းမှာ လည်း အစက် ချထားတတ်သည်။

မယ်သီတာရယ် ရာမရယ် ကျွန်တော်ရယ်'s photo.


ကုတင်ပေါ် အိပ်တဲ့ကြတဲ့ အခါ မှာ သာမန် နဲ့ မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေး မျက် နှာပေါ် ကပ်ရင်းမြူ   ဆွယ်မည်၊  မူးနေတဲ့ ငနဲ ကတော့သိတဲ့ အတိုင်း...ရင်သားတွေကို လျှာဖြင့်လျှက် သည် ဖြစ်စေ ပါးစပ်ဖြင့် စုတ်သည်ဖြစ်စေ ဆေးရည် အဆီမှာ အမျိုးသား ပါစပ်တွင်း ၀င်သွားပြီးနောက် မိနစ် ပိုင်း အတွင် ခေါင်းတွင်း ချာချာလည်၍ အိပ်မောကျသွား ပါလိမ့်မယ်။

ဒီဆေးဟာ သုံးလေးနာရီလောက် သတိ လစ်သွားစေနိုင်သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီ သာ ကျန်ပါလိမ့်မည်။ သင့် မှာတန်ဘိုးရှိတဲ့ အရာအားလုံး ဇိမ်နဲ့ မွေနှောက် ယူသွားပါပြီ။

 နောက်သုံးတဲ့ တနည်းက အငွေ့ ပါ ...
-ရေမွေးဆပ်ပြာ အစ ရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေ မှာ အသင့် လုပ်ထားကြသည်၊ သားကောင်တွေ ကတော့ ပိုက်ဆံ ချမ်းသာတဲ့ အိမ်မှာ တယောက်ထဲ နေတဲ့ လူကြီးတွေ မိသားစု အပြင်ရောက်နေကြတုံး ၀တ်ကောင်း စားလှတွေ ၀တ်ပြီး အရောင်း စာရေး များကဲ့သို့  ဟန်ဆောင်ရင်း ဖေါ်ရည်စွာ ဆက်ဆံလျှက် အိမ်တွင်း သို့ ဝင် ဘို့ ကြိုးစားပါလိမ့်မည်။

နှစ်ယောက် သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာ ပုံစံနဲ့ ဝင်ပြီး ရေမွှေး (သို့  ) ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်မျှ  အနံ့ ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့ အခါ မူးဝေပြီး မေ့ သွားရော၊ အဲဒိတော့မှ တစ်အိမ်လုံး မှာ ရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။

ယခုပြည်တွင်းမှာ အများဆုံး သုံးနေတာ တို့ ဆေး ဆိုပြီးေ၇ွှတွေ ဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနား ကပ်ပြီး ဆေးထည့် ထားတဲ့ အပ် နဲ့ ပုတ် ထိုး လိုက်ခြင်းဖြစ်သည် ခံရတဲ့ သူက အဆိုပါ မူး ရစ် ဆေး အသား တွင်းရောက်သည့် အခါ ချက်ချင်း ဆေးရှိန် တက်လာလို့  ယိုင်လည်းခွေကျ သွားနိုင် ၏၊ ။ 


ဘာမှ မသိတော့အောင် မျောသွားပြီး ကိုယ် အတွင်း ပိုင်း ကြွက်သားများ လှုပ် မရ အောင်ထုံနေ ပါသည်။

အများဆုံး သုံးနေသည့် ဆေးဝါးများ..
..
Ketamine ကို အမေရိက တွင် လူ များနှင့် တိရိစ္ဆာန် များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကို တို့တွင် အိပ် မပျော်သည့် ရောဂါ များ အတွက် သောက်ရန် ညွှန်လေ့ ရှိပြီး ခွဲစိတ် ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။


တိရစ္ဆာန် များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်း များရှိ Ketamine ဆေးများ အား မကြာ ခဏ လုယက် ခံကြရကြောင်း သိရသည်။

 ဆေးခတ် ခံရ ချိန်နှင့် ဆေး အာနိသင် ပျယ်ချိန် အကြား မှ အဖြစ်အပျက် များအား မမှတ် မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သား များ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများ အား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲ လာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါး လာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။

GHB ၏ အာနိသင်များ

အာရုံ စူးစိုက်နိုင် မှု လျှော့ကျခြင်း အိပ်ချင် မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီ မသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ဝေ ၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ် သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေး အာနိသင် ပျယ်ချိန် အကြားမှ အဖြစ် အပျက်များ အား မမှတ် မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက် အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း ။


Ketamine ၏ အာနိသင်များ

စိတ် အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံ များ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ် ကို မထိန်းသိမ်းနိုင်ဟု ခံစား လာရခြင်း လှုပ်ရှား နိုင် စွမ်းအား ထိခိုက် လာခြင်း အသက် ရှူရန် ခက်ခဲ လာခြင်း အူတက်အောင် ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက် ကဲ့သို့ ခံစား ရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှု အား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်း လာခြင်း များဖြစ် ပါသည်။



ကြိုတင်၍ ကာကွယ် ဘို့ ဆိုသည်မှာ ...   

အနီး ပတ်ဝန်းကျင် မှ လူစိမ်း များကို အခါမလပ် သတိဖြင့် စောင့်ကြ ည့် ရမည့် အပြင် အသွား အလာကို တစ်ဦး တယောက်ထဲ သွားမည့် အစား အဖေါ်နှင့် သွားလာရပါမည် ။

 ခလေးများ အား တစ်ဦး တည်း မိမိ မျက်စေ့အောက် မှ နာရီပိုင်း မိနစ်ပိုင်း သွား ရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။

ခေတ်ပျက် ကာလ တွင် မသမာ သူများ-ဒုစရိုက် သမားများ လူယုတ်မာ များ ပေါသည်ထက်  ပေါ လာပြီဖြစ်၍ သွား သတိ-စား သတိ-နေ သတိ ရှိနိုင်ကြပါစေ။



From...   မယ်သီတာရယ် ရာမရယ် ကျွန်တော်ရယ်
1. Min Burma - facebook


No comments:

Post a Comment