Sunday, March 22, 2015

တကယ့် ဥပေက္ခာ ဆိုတာ

 "တကယ့် ဥပေက္ခာဆိုတာ

ဥပေက္ခာရဲ့ သဘောတရားကိုမြန်မာလူမျိုးတွေက 
အဓိပ္ပါယ်ကောက် လွဲနေတယ်။မခေါ် မပြော၊ 
ဂရုမစိုက်ဘဲနေတာကိုဥပေက္ခာလို့ထင်နေကြ
တယ်။ အမှန်မှာဥပေက္ခာက မေတ္တာထက်လည်း 
သာတယ်၊ ကရုဏာထက်လည်း သာတယ်။
ဥပေက္ခာဆိုတဲ့  သဘောတရားကလူဆိုတာ သူ 
့ကံနဲ့သူဖြစ်တာ။ဆဲသွားရင်လည်းငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့။ဥပေက္ခာသမားသည်လာရောက်ပြီး
တော့ချီးမွမ်းပြီးတော့ အကူအညီပေးရင်လည်း
အော်ဒီကောင်ကတော်တယ်၊ငါ့ကိုချီးမွမ်းဖော်ရ
တယ်၊ ငါ့ကို ကူညီဖော်ရတယ် ဆိုပြီးတော့လည်း 
ဝမ်းမသာဘူး၊

ဆိုလိုတာကစိတ်ဓါတ်အလွန်တည်ငြိမ်တဲ့ပုဂ္ဂိုလ်
အနေအထားမျိုးကိုဥပေက္ခာလို့ခေါ်တယ်။
စိတ်ဓါတ် အလွန်တည်ငြိမ်တယ်။ စိတ်ဓါတ် 
တည်ငြိမ်ပြီးလူကိုလျစ်လျူမရှုဘူး၊လူ့ရဲ့အပြုအမူကို
သာ လျစ်လျူ ရှုပြီးလုပ်သင့်တာလုပ်တယ်။

ဆိုပါစို့  လူတစ်ယောက်အကူအညီလိုနေတယ်။ 
ဒုက္ခရောက်နေတယ်။ သို့သော်သူကဆဲပြီးတော့ 
ခိုင်းတယ်၊ စိတ်မဆိုးဘူး။ လုပ်ပေးတယ်။
တစ်ယောက်ကချော့ပြီးတော့ခိုင်းတယ်။ ၀မ်းမ
သာဘူးလုပ်ပေးတယ်။အဲဒါဥပေက္ခာ။ဝမ်းသာ
တယ်တို့  စိတ်ဆိုးနေတယ်တို့ ဆိုတာကစိတ်မှာ 
တည်ငြိမ်မှု မရှိတာကိုပြတယ်။ တည်ငြိမ်မှုမရှိတဲ့ 
သဘောကို ပြနေတာ။အခုမြန်မာတွေကဘယ်လို အဓိပ္ပါယ်ကောက်လဲ ဆိုလို့ရှိရင်တော့ဥပေက္ခာ
ဆိုတာအေး ကိုယ်နဲ့ မတည့်တဲ့သူ ဒီကောင် 
မခေါ်မပြောဘဲနေလိုက်တယ်၊ဥပေက္ခာပြုထား
တယ် မခေါ်မပြောဘူး၊စကားလည်းမပြောဘူး၊ 
သူ့ ဘာမှမလုပ်ဘူး၊အဲဒါဥပေက္ခာဒီလိုမဟုတ်ဘူး၊ 
အဲဒီ ဥပေက္ခာက တစ်မျိုး ဒီမွန်မြတ်တဲ့ ဥပေက္ခာ 
မဟုတ်ဘူး။

မွန်မြတ်တဲ့ဥပေက္ခာဆိုတာတစ်ဖက်သား လုပ်
တာကိုဂရုစိုက်ပြီးတော့မနေဘူး၊လုပ်သင့်တာ
လုပ်တယ်၊ ဒါမှ တကယ့် ဥပေက္ခာ၊ ဆဲလည်း 
ဂရုမစိုက်ဘူး၊လုပ်သင့်တာလုပ်မယ်၊ ချီးမွမ်းရင်
လည်း ဂရုမစိုက်ဘူး၊လုပ်သင့်တာလုပ်မယ်၊ 
လုပ်သင့်တာကိုလုပ်ပေးတယ်၊စိတ်ဓါတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ ဒါမှ တကယ့် 
ဥပေက္ခာ ပါ။ 

ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ"



ဥပေက္ခာ ရဲ့ သဘောတရား ကိုမြန်မာ လူမျိုးတွေ က  အဓိပ္ပါယ်ကောက် လွဲနေတယ်။ မခေါ် မပြော၊
ဂရု မစိုက် ဘဲနေတာကို ဥပေက္ခာ လို့ထင်နေကြ တယ်။ အမှန်မှာ ဥပေက္ခာ က မေတ္တာထက် လည်း
သာ တယ်၊ ကရုဏာထက်လည်း သာတယ်။
 

ဥပေက္ခာ ဆိုတဲ့  သဘောတရားက လူ ဆိုတာ သူ့ ကံနဲ့သူဖြစ်တာ။ ဆဲသွား ရင်လည်း ငါ့ဆဲရမလား လို့ စိတ်မဆိုးနဲ့။ ဥပေက္ခာသမားသည် လာရောက်ပြီး တော့ချီးမွမ်းပြီးတော့ အကူအညီပေးရင် လည်း
အော်ဒီကောင်ကတော်တယ်၊ ငါ့ကိုချီးမွမ်းဖော်ရ တယ်၊ ငါ့ကို ကူညီဖော်ရတယ် ဆိုပြီးတော့လည်း
ဝမ်းမသာဘူး၊


ဆိုလိုတာက စိတ်ဓါတ် အလွန် တည်ငြိမ်တဲ့ ပုဂ္ဂိုလ် အနေအထားမျိုးကို ဥပေက္ခာလို့ခေါ်တယ်။
စိတ်ဓါတ် အလွန် တည်ငြိမ်တယ်။ စိတ်ဓါတ်  တည်ငြိမ်ပြီး လူကို လျစ်လျူ  မရှုဘူး၊ လူ့ရဲ့ အပြုအမူ ကို
သာ လျစ်လျူ ရှုပြီး လုပ်သင့်တာလုပ်တယ်။




ဆိုပါစို့  လူတစ်ယောက် အကူအညီ လိုနေတယ်။  ဒုက္ခရောက်နေတယ်။ သို့သော် သူက ဆဲပြီးတော့  ခိုင်း တယ်၊ စိတ်မဆိုး ဘူး။ လုပ်ပေးတယ်။ တစ်ယောက်ကချော့ပြီးတော့ ခိုင်းတယ်။ ၀မ်းမ သာဘူး လုပ်ပေး တယ်။ အဲဒါဥပေက္ခာ။

ဝမ်းသာ တယ်တို့  စိတ်ဆိုးနေတယ် တို့ ဆိုတာက စိတ်မှာ  တည်ငြိမ်မှု မရှိတာ ကိုပြတယ်။ တည်ငြိမ်မှု မရှိတဲ့
သဘောကို ပြနေတာ။ အခုမြန်မာတွေက ဘယ်လို အဓိပ္ပါယ်ကောက်လဲ ဆိုလို့ ရှိရင်တော့ ဥပေက္ခာ ဆို တာအေး ကိုယ်နဲ့ မတည့်တဲ့ သူ ဒီကောင် မခေါ်မပြောဘဲနေလိုက်တယ်၊ ဥပေက္ခာပြုထား တယ် မခေါ် မပြော ဘူး၊ စကားလည်းမပြောဘူး၊
 

သူ့ ဘာမှ မလုပ်ဘူး၊ အဲဒါ  ဥပေက္ခာ ဒီလို မဟုတ်ဘူး၊  အဲဒီ ဥပေက္ခာက တစ်မျိုး ဒီ မွန်မြတ်တဲ့ ဥပေက္ခာ
မဟုတ်ဘူး။


မွန်မြတ်တဲ့ ဥပေက္ခာ ဆိုတာ တစ်ဖက်သား လုပ် တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊ လုပ်သင့် တာလုပ် တယ်၊ ဒါမှ တကယ့် ဥပေက္ခာ၊ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာ လုပ်မယ်၊ ချီးမွမ်းရင် လည်း ဂရု မစိုက်ဘူး၊ လုပ် သင့်တာလုပ်မယ်၊
 

လုပ်သင့်တာကို လုပ်ပေးတယ်၊ စိတ်ဓါတ် ကတော့ တည်တည်ငြိမ်ငြိမ် ထားတယ်၊ ဒါမှ တကယ့်
ဥပေက္ခာ ပါ။



ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
 နိဗ္ဗာန် သို့

No comments:

Post a Comment