Saturday, March 28, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် .... အပိုင်း (၁၇)





၁၃ ။ ပညာဥာဏ် နည်းပါးသော ပုဂ္ဂိုလ်ဖြစ်ရခြင
်း
**************************************
သစ္စာလေးရပ် တရားမြတ် ကို ကိုယ်တော်တိုင် ထူးသောဥာဏ်ဖြ
င့် ထွင်းဖောက် သိမြင်တော် မူသော မြတ် စွာ ဘုရားရှင် သည် သုဘလုလင် အား.......
 

"ဒကာတော် သုဘလုလင် ဤလောက၌ အချို့သော အမျိုးသမီး သည်သော်လည်းကောင်း အမျိုးသား သည်သော် လည်းကောင်း သမဏ သို့သော် လည်းကောင်း ဗြာဟ္မဏသို့သော် လည်းကောင်း ချဉ်းကပ်၍ မမေးမြန်းတတ်ပေ။
 

`အရှင်ဘုရား ကုသိုလ်သည် ကား အဘယ်ပါနည်း။ အရှင် ဘုရား အကုသိုလ် သည် ကား အဘယ် ပါနည်း။ အရှင်ဘုရား အပြစ် ရှိသော တရားတွေကား အဘယ်ပါနည်း။ အပြစ်မရှိသော တရားသည်ကား အဘယ်ပါ နည်း။ မှီဝဲ သင့် မှီဝဲ ထိုက်သော တရားတို့ သည် အဘယ်ပါနည်း။ မမှီဝဲ သင့် မမှီဝဲ ထိုက်သောတရားတို့သည် အဘယ်တရားမျိုးပါနည်း။ 

ဘုရားတပည့်တော် အဖို့ ပြုလုပ် အပ်ခဲ့သည် ရှိသော် နေ့ညဥ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလ တို့် ပတ်လုံး အကျိုး စီးပွား မဲ့ရန် အလို့ငှါ ၊ဆင်းရဲ ရခြင်းအလို့ငှါ ဖြစ်ပေ၏။ ဤကဲ့သို့သော တရားမျိုးသည်ကား အဘယ်ပါနည်း။



ဘုရားတပည့်တော် အဖို့ပြုလုပ် အပ်ခဲ့သည် ရှိသော်နေ့ညဥ့် သံသရာ ရှည်မြင့်စွာသော အချိန် အခါကာလတို့ ပတ်လုံး အကျိုးစီးပွား ရှိရန်အလို့ငှါ ၊ချမ်းသာရန် အလို့ငှါ ဖြစ်ပေ၏။ ဤကဲ့သို့သော တရားမျိုး သည်ကား အဘယ် တရားမျိုးပါနည်း။ ´
 
ထိုပုဂ္ဂိုလ်သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာဆောက် တည်ထား အပ်သော ထို အကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန် သည် မှ နောက်ကာလ ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော  မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လားရောက် ရာဖြစ်သော အလို ဆန္ဒ ကင်းလျက် ဖရိုဖရဲပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်သောငရဲသို့ကပ်ရောက် ရပေ၏။ 
ဒကာတော် သုဘလုလင် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည်မှနောက် ကာလ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့ ၏ လားရောက်ရာဖြစ်သော အလိုဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက် ရာဖြစ်သော ငရဲ သို့ အကယ် ၍ မကပ်ရောက် သည်ဖြစ်ငြားအံ ။ 
လူ အဖြစ်သို့ (ဝါ) လူ့လောက သို့ အကယ်၍ရောက်ရှိ လာသည် ဖြစ်ငြားအံ့ အကြင်အကြင် ဘဝ၌ ပဋိသန္ဓေ အားဖြင့် တဖန်ဖြစ်ပေါ်လာရပေသည်။ ထိုထို ပဋိသန္ဓေ အားဖြင့် ဖြစ်ပေါ်၍ လာရာ ဘုံဘဝ ၌ (ဝါ) ထိုထို ပဋိသန္ဓေ အားဖြင့်ဖြစ်ပေါ်၍ လာရာ အမျိုးအနွယ်၌ `ဒုပ္ပည´ပညာဥာဏ် နည်းပါးသူ ဖြစ်လေရာ ၏။"ဟုဟောကြား တော်မူခဲ့ပါသည်။

အဘယ်ကြောင့် ငရဲ သို့ရောက်ရပါသနည်း။ ကုသိုလ် အကုသိုလ် ကို ခွဲခြား၍ မသိသောကြောင့် မပြုသင့် မပြုထိုက်သည် ကို ဆင်ခြင် စဉ်းစား ခွဲခြား ရှောင်နိုင်စွမ်း မရှိသောကြောင့်ဖြစ်ပါသည်။ 
မိမိသည် ခွဲခြားသိရန် အတွက် စာ ဖတ်ရပါမည်။ ဆရာကောင်းထံ ချဉ်းကပ် ရပါမည်။ ကလျာဏ မိတ္တ ကို ရှာဖွေဆည်း ကပ်ရပါမည်။
 
 မြတ်စွာဘုရားရှင် သည် အရှင်အာနန္ဒာ ကိုယ်တော်မြတ်အား.........
"ချစ်သား အာနန္ဒာ......ကလျာဏမိတ္တ အစစ်ဖြစ်တော် မူသော ငါဘုရား သာလျှင် အစွဲပြု၍ ပဋိသန္ဓေ နေ ရခြင်း ဇာတိ တရား ထင်ရှားရှိ ကုန်သော သတ္တ၀ါ တို့သည် ပဋိသန္ဓေ နေရခြင်း ဇာတိ တရား သဘော မှ လွတ်မြောက်သွားကြကုန်၏။ ပေ။
 
ဇရာ အိုခြင်း၊ ဗျာဓိ ဖျားနာ ရခြင်း၊ မရဏ သေခြင်း၊သောက ပရိဒေဝ ဒုက္ခ ဒေါ မန ဿုပါ       ယာသ စိုးရိမ်ရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ရခြင်း ။ပေ။ 
ချစ်သားအနန္ဒာ အကြင် အချင်းအရာဖြင့် အကြင် မိတ် ကောင်းဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသော သူ၏အဖြစ်သည် အကြင် မိတ်ကောင်းဆွေကောင်း သူတော်ကောင်းတို့ အပေါ် ၌ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ၏ အဖြစ်သည် ရှိ၏။ 
ဤ မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်း အပေါင်း အဖော်ကောင်း ရှိသူ၏ အဖြစ် သူတော်ကောင်း တို့အပေါ် ၌ညွတ်ကိုင်း ရှိုင်းသော စိတ်ဓာတ် ရှိသူ၏ အဖြစ်သည်ကား အရိယမဂ် တည်းဟူသော မြတ်သော
အကျင့် ကို ကျင့်ရခြင်း၏ အားလုံးကိုပင်ပြီးစီးစေနိုင်၏။ 
ဤ အခြင်းအရာ ကို ဤ ငါဘုရား ဟူသော ကလျာဏ မိတ္တ ကို ရ၍ ဆင်းရဲမှ လွတ်ကြောင်း ဖြင့်လည်း သိ
အပ်၏။"ဟု မိန့်တော်မူပါသည်။



 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း




 Ven Ra Hta

No comments:

Post a Comment