Tuesday, March 3, 2015

ပစ္စည်းတွေ ကို မခိုး ရရင် မနေနိုင်တဲ့ သူ



 အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ အနောက် အရပ်ဒေသ မှာနေထိုင်တဲ့ အသက် (၅၄) နှစ်အရွယ်ရှိ ကင်မ်ဖာရီဟာ ဘ၀ တစ်လျှောက်လုံး ပစ္စည်းတွေ ခိုးယူခြင်း ကို ပြုလုပ် ခဲ့လို့ ထောင် အကြိမ်ကြိမ် ကျခဲ့ ဖူးပေမယ့် ခိုးယူခြင်း အပြု  အမူကို လုံးဝ စွန့်လွှတ်ခဲ့ခြင်း မရှိပါဘူး။

 ပြီးခဲ့တဲ့ (၄၄) နှစ်တာ ကာလ အတွင်း သူ ခိုးယူခဲ့တဲ့ တန်ဖိုးက ပေါင်နှစ်သန်း နီးပါး အထိ ရှိတယ်လို့ ခန့်မှန်း တွက်ချက် ထား ပါတယ်။ ဒီလို ခိုးယူမှုကြောင့် ထောင်ဒဏ် ခုနစ်ကြိမ် ချမှတ်ခံ ရပြီး နောက်ဆုံး ထောင်ဒဏ် ချမှတ် ခံထားရတာ ကတော့ ပြင်သစ်နိုင်ငံ မှာ ဖြစ်ပါတယ်။

ကင်မ်ဖာရီ ဟာ ငယ်စဉ် ဘ၀ ကတည်း က ဆိုင်မှာ ရှိတဲ့ ပစ္စည်းတွေ ကို အလစ်သုတ် ခဲ့ခြင်း ဖြစ်ပြီး သူဟာ အသက် ကိုးနှစ် အရွယ်လောက် ကတည်း က အကျင့်ဆိုးတွေ ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အရွယ်ရောက် လာတဲ့ အခါမှာ နောက်ထပ် အကျင့်ဆိုး တစ်ခု ၀င်လာခဲ့ပါ တယ်။ 


အဲဒါ ကတော့ အလှ အပရေးရာတွေ ကို ၀ါသနာ ပါခြင်း ဖြစ်ပါတယ်။ ဈေးဝယ် ထွက်ခြင်း၊ ခန္ဓာကိုယ် ကို ခွဲ စိတ်ပြုပြင်ခြင်း စတဲ့ အရာတွေကို ပြုလုပ် လို တာ မို့ အလစ်သုတ် ခြင်းအပြုအမူ ကို အဆက်မပြတ် ပြုလုပ်ခဲ့ ပါတယ်။ 

ကင်မ်ဖာရီ မှာ သားသမီး ခြောက်ဦး ရှိပါတယ်။ ခင်ပွန်း ဖြစ်သူ က ကင်မ်ဖာရီ ရဲ့ အကျင့်ဆိုးတွေကြောင့် စွန့်  ခွာသွားခဲ့ ပါတယ်။ သားသမီးဖြစ်သူတွေ ကို လည်း ကင်မ်ဖာရီ ရဲ့ အမေဖြစ်သူနဲ့ အပ်နှံ ထားမှု ပြုလုပ်ထား ပါတယ်။

ကင်မ်ဖာရီ ဟာ သူ့ရဲ့ အကျင့်ဆိုးတွေ ကို ပြုပြင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မဖြစ်ခဲ့ပါဘူး။ အဓိက ကတော့ ကင်မ်ဖာရီ ဟာ ချမ်းသာ ကြွယ်ဝ လိုပြီး ဖက်ရှင် အသုံးဆောင် ပစ္စည်းတွေ ကို စွဲလမ်းနေတဲ့ စိတ်ကြောင့် ငွေကြေး ကို အလွယ် တကူ ရှာဖွေနေတဲ့ စိတ်ဝင်နေခြင်း ဖြစ်ပါတယ်။ 

ကင်မ်ဖာရီ ကို ဆန်းဒေးပီးပဲလ် သတင်းစာ က တွေ့ဆုံ မေးမြန်း ခဲ့ရာမှာ သူ့ရဲ့ အပြုအမူ ဆိုးတွေ ကို ပြင်နိုင်တော့ မှာ မဟုတ်ဘူးလို့ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

အေသင်အောင်
From... Search Myanmar


No comments:

Post a Comment