Friday, March 13, 2015

အခွင့် အလမ်း နဲ့ အန္တရာယ်




လူငယ်တွေ က တိုးတက်နေတဲ့ ယနေ့ နိုင်ငံတော် မှာ ကြိုးစား ချင်စိတ်တွေ ပိုပိုပြီး ပြင်းပြလာကြတယ်။ သူတို့ ဘယ်လောက်ထိ လုပ်နိုင်စွမ်းရှိတယ် ဆိုတာကို လူကြီးတွေ ကို ပြချင်ကြတယ်။ ပြီးတော့ သူတို့ ပတ် ၀န်း ကျင် ကို သူတို့ စွမ်းအားတွေ နဲ့ လွှမ်းမိုးချင် ကြတယ်။

ပြည်တွင်း မှာ သူတို့ လိုချင် တဲ့ အလုပ်တွေ ကို လုံလုံလောက်လောက် မပေးနိုင် တဲ့ အချိန်မှာ နိုင်ငံတကာ ကို သွားနိုင်မယ့် အခွင့် အလမ်းတွေကို သူတို့ ရှာလာကြတယ်။ သူတို့ ကိုယ်တိုင်လည်း ဒီ အခွင့် အလမ်းတွေ ပေါ်ပေါက် လာအောင် ဖန်တီးလာကြတယ်။

ဒီချိန်မှာ သူတို့ အတွက် ပြဿ         နာတွေရှိလာပြီ။ သူတို့ အတွက် အလုပ် ရရေးကို ဦးစားပေးရှာကြံ လာတဲ့ အချိန်မှာ အခွင့် အလမ်း ရဲ့ အနောက် မှာ အယောင်ဆောင် အန္တရာယ်တွေ က ဆီးကြိုစောင့် ကြိုနေကြ တာ ကို သတိမထား မိတော့ဘူး။ 



အခွင့်အလမ်း ကိုပဲ စိတ် ထဲရှိနေတော့ အန္တရာယ်တွေ ဟာ သူတို့ ဘ၀တွေ ကို ဖျက်ဆီး ပစ်လိုက်တော့တယ်။
နောက်တစ်ချက် က အန္တရာယ် ရှိမှန်း သိရဲ့ နဲ့  အန္တရာယ်ကြား ကို လူငယ် တစ်ချို့ က တိုးဝင်ခဲ့ကြတယ်။ 

ဒါကို ဘဲ သူတို့ ဘ၀ အတွက် အခွင့် အလမ်းကောင်း အဖြစ် မှတ်ယူထားကြပုံ ရတယ်။ ဘ၀ တစ်ခုမှာ အခွင့် အလမ်းကောင်းတွေ အများကြီး ရွေးချယ်ခွင့် ရှိပါလျက် စိတ်မြန် လက်မြန် နဲ့  အခွင့်အလမ်း တစ်ခု အတွက် တစ်ဘ၀လုံး နစ်မွန်း ခံကြတာ ရင်နာဖို့ ကောင်းပါတယ်။

အခွင့်အရေး နဲ့ အန္တှရာယ်ကြားမှာ ပဲ တန်ဖိုး ရှိတဲ့ လူငယ်တွေ အများကြီး ကျဆုံးသွားရတယ်။ ဒါဟာတွေး ကြည့် ရင် နိုင်ငံ အတွက်အင် မတန်မှ နစ်နာ သလို၊ ကိုယ့် လူမျိုးတွေ အတွက်လည်း သိက္ခာ ကို ထိခိုက်စေ တယ်။

 ဒီဖြစ်ရပ်တွေကြား မှာ နောက် မျိုးဆက်တွေက အတု ယူပြီး မပြုပြင်ကြတဲ့ အပြင် ပိုမိုဆိုးရွား တဲ့ ဖြစ် ရပ်တွေ ဖြစ်လာကြပြန်တယ်။

ခေတ်တွေ မည်မျှပင် ပြောင်းလဲ လာစေဦး လူငယ်တွေ အတွက် လိုအပ်နေတဲ့ အလုပ် အကိုင် အခွင့် အလမ်းတွေ ကို အမိနိုင်ငံတော် အတွင်းမှာ လုံလောက်စွာ မဖြည့်ဆည်းနိုင် သ၍ ဒီ အပေါ်မှာ အန္တရာယ်တွေ လည်း ရှိနေဦးမှာပါ။ 

ကာယကံရှင်ဖြစ်တဲ့ ပညာတတ် လူငယ်တွေ အနေနဲ့ လည်း အမှား၊ အမှန်ကို ပညာနဲ့ ဆုံးဖြတ်စေချင်တယ်။
လူငယ်တွေကို ပြောချင်တာ က မိမိတို့ တန်ဖိုး ထားတဲ့ ဘ၀ မှာ အခွင့်အလမ်းတွေ ကို အများကြီးဖန်တီး ခွင့်ရှိနေပြီးသားပါ။ 

အနာဂတ် မှာ နိုင်ငံကို ဦးဆောင်မယ့် လူငယ်တွေ ဟာ အခွင့်အလမ်း နဲ့ အန္တရာယ်ကြား မှာ ဝေခွဲ ဖန်တီးနိုင်ဖို့ တော့ အင်မတန် လိုအပ်ပါတယ် ဆို တာ အကြံပေးချင်ပါတယ်။


True Man
From...   http://www.searchmyanmar.com/link/frame/cid/48031


No comments:

Post a Comment