Wednesday, March 4, 2015

ကိုကာကိုလာ အချိုရည် နဲ့ ရေချိုး ခဲ့သူ


ဂျပန်နိုင်ငံသား တစ်ဦး ဟာ ကိုကာကိုလာတွေ နဲ့ ရေချိုးမှု ပြုလုပ်ခဲ့ပြီး ဒီဖြစ်ရပ် ကို ဗီဒီယို မှတ်တမ်း တင်ပြီး  YouTube မှာ တင်ခဲ့ရာ စိတ်ဝင် တစား ကြည့်ရှုခဲ့ကြ တယ် လို့ သိရပါတယ်။ ဒေးလီးမေးလ် သတင်းစာ ရဲ့ ဖော်ပြ ချက်အရ  ကိုကာကိုလာ နဲ့ ရေချိုးမှု ကို ကြည့်ရှုတဲ့ အရေအတွက် က (၆) သန်းကျော် အထိ ရှိခဲ့ပါ တယ်။

 နောက်ပြောင်ပြောင် လုပ်တတ် တဲ့ ဂျပန်နိုင်ငံသား ဟာ ဇီးရိုး ကိုကာကိုလာတွေ ကို ရေချိုးကန် ထဲ ဖောက် ထည့် လိုက် ပါတယ်။ ဇီးရိုး ကိုကာကိုလာ တွေဟာ ရေချိုးကန် ထဲ အပြည့် ထည့်ရ တာကြောင့် ဘူးအများ အပြား အသုံးပြုခဲ့ရ ပါတယ်။ 

ကိုကာကိုလာတွေ ဟာ ရေချိုးကန် ထဲ ရောက် သွားချိန်မှာ အမြှုပ်တွေ ဆူတက် လာခဲ့ ပါတယ်။ ဒီနောက် ဂျပန်နိုင်ငံသား ဟာ ပူရှိန်းတွေ ကို ရေချိုးကန် ထဲမှာ ထပ်ထည့် ခဲ့ ပါတယ်။ ကိုကာကိုလာ နဲ့ ပူရှိန်းတွေ ဓာတ်ပြု လာပြီး အမြှုပ်တွေ မတရားထွက် လာခဲ့ ပါတယ်။ 


ဒီနောက် ဂျပန်နိုင်ငံသား ဟာ ရေချိုးကန် ထဲမှာ ကိုကာကိုလာ ကို သောက်ပြ ခဲ့ပါတယ်။ ဒီလို ပြု လုပ်ခြင်းကြောင့်  ကိုယ်ခန္ဓာ ပာာ ပေါ့နေ သလိုမျိုး ဖြစ်သွားခဲ့ပါတယ်။ 

တကယ်တော့ နောက်ပြောင်လိုတဲ့ အနေနဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကနေဒါ နိုင်ငံသား တစ်ဦး ဟာလည်း ဒီလိုမျိုး ပြုလုပ်ပြီး နောက်ပြောင်ခဲ့ တယ်လို့ သိရပါတယ်။

 အေသင်အောင်
The Messenger
From...  http://www.searchmyanmar.com/link/frame/cid/47882

No comments:

Post a Comment