Monday, March 9, 2015

စတော့အိတ်ချိန်း စတင်နိုင် ဖို့ ၇ဝ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေပြီ





မြန်မာနိုင်ငံ မှာ ပထမဆုံးသော စတော့အိတ်ချိန်းဈေးကွက် ကို လာမယ့် အောက်တိုဘာ မှာ စတင်ဖို့ပြင် ဆင် ထားတာကြောင့် နည်းပညာပိုင်း အပါအဝင် စတော့အိတ်ချိန်း နဲ့ ပတ်သက်တဲ့ နယ်ပယ် တစ်ခုလုံးမှာ ၇ဝ ရာ ခိုင်နှုန်း အဆင်သင့်ဖြစ်နေပြီ လို့ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က မတ်လ ၇ ရက်နေ့  မှာ ပြောဆိုလိုက်ပါတယ်။

 မြန်မာပြည် မှာ စတော့ဈေးကွက် ဟာ တကယ်ပဲပေါ်ပေါက်လာတော့မှာလား။ စတော့အိတ်ချိန်းနဲ့ ပတ် သက် လို့ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ တက်ရောက်လာ သူတွေ၊ စိတ်ပါဝင်စားသူတွေ ပိုများလာ တာကြောင့် စတော့နဲ့ ပတ်သက်တဲ့ တုံ့ပြန်မှု ဟာ အားကောင်းတဲ့ အကြောင်း၊ 

 ကမ္ဘာပေါ် က ၁၉၈နိုင်ငံ မှာ စတော့အိတ်ချိန်း မရှိတဲ့နိုင်ငံ ၉နိုင်ငံပဲ ရှိလို့ မြန်မာပြည် အတွက် စတော့ အိတ်ချိန်း ဟာ မစောတော့ဘူး လို့ ဒုဝန်ကြီးက ပြောပါတယ်။


ရင်းနှီးမြှုပ်နှံတဲ့ဈေးကွက် တစ်ခု ပွင့်သွားရင် အများနဲ့ ဆိုင်တဲ့ ကုမ္ပဏီတွေ အနေနဲ့ စတော့အိတ်ချိန်း မှာ ရင်းနှီးမြှုပ်နှံ ရမယ့် အချက်အလက်တွေကို သိသွားရင် ကုမ္ပဏီတွေ အရည် အသွေး ပြည့်သွား မှာဖြစ် သလို ငွေအရင်းအနှီး ရှာဖွေ ရတာလည်း လွယ်သွားမယ်လို့ ဆိုပါတယ်။
Myanmar Share Investment ဆိုတဲ့ခေါင်းစဉ် နဲ့ စတော့ အိတ်ချိန်းဈေးကွက် မှာ ရင်းနှီးမြှုပ်နှံမယ့် သူတွေ၊ ရှယ်ယာ ထုတ်ရောင်းမယ့် သူတွေကို ပညာပေး အစီအစဉ်အဖြစ် Park Royal ဟိုတယ် မှာ ဆွေးနွေး ခဲ့ကြပါတယ်။ 

၂ဝ၁၅ အောက်တိုဘာ မှာ ပထမဆုံး စတော့အိတ်ချိန်း ကို တည်ထောင်နိုင်ဖို့ အတွက် ဖက်စပ် ကုမ္ပဏီတွေ လည်း ဖွဲ့စည်းထား သလို စတော့အိတ်ချိန်းမှာ တင်ရောင်းမယ့် Listed Companyတွေ အတွက် သတ်မှတ် ထား တဲ့ စံနှုန်းတွေ နဲ့ ကိုက်ညီမယ် ဆိုရင် စာရင်းဝင် ကုမ္ပဏီ အဖြစ် တင်ရောင်းပြီး အရောင်း အဝယ် လုပ်ပေးမယ် လို့ ဒေါ်တင်မေဦး က ရှင်းပြပါတယ်။
မြန်မာပြည် မှာတော့ စတော့နဲ့ ပတ်သက်ပြီး အထိအတွေ့ မရှိတာမို့ ရင်းနှီးမြှုပ်နှံမယ့် သူတွေ၊ ပါဝင်မယ့် သူတွေ နားလည် ဖို့ ဒီလိုဆွေးနွေးပွဲ မျိုး တစ်လ တစ်ကြိမ် လုပ်ဖို့ စီစဉ်ထားတယ် လို့ ဆိုပါတယ်။


 Posted by: Video-edite
From... http://kamayutmedia.com/business/finance/3274


No comments:

Post a Comment