Tuesday, March 24, 2015

ရိုးရိုးလေး နဲ့ ကိုယ်အလေးချိန်ကျစေမယ်..






တစ်ချို့ အရာတွေက လုပ်ဆောင်ဖို့ လွယ်ကူ ရိုးရှင်းပေမယ့် အကျိုး သက်ရောက်မှု ရှိနေတတ်ပါတယ်။ ခုဖော်ပြပေးမယ့် အချက်တွေ ကလည်း ရိုးရှင်းပေမယ့် သင့်ရဲ့ ကိုယ် အလေးချိန်လျော့ကျစေဖို့ ကူညီပေးနိုင် တာမို့ တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါဦး.....
 
၁။ ရေနွေးသောက်ပါ။
******************
လူတွေ တော်တော် များများ ဟာ ပူနွေးနေတဲ့ရေ ထက် အေးအေးလေး ရှိတဲ့ အရည်တွေ ကိုပဲ ပိုနှစ် သက်ကြ ပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်အလေးချိန် လျော့ကျ ချင်တဲ့ သူ တစ်ယောက်ဖြစ်လာပြီ ဆိုရင် သင့်ရဲ့ ကိုယ် အပူချိန်တွေ ကိုလည်း ထည့်တွက် လာဖို့လိုလိမ့်မယ်။ 

ပူနေတဲ့ အစားအစာတွေ က အစာ စားနေစဉ် ဗိုက်ပြည့် တာ လွယ်သွားအောင် ကူညီပေးပါတယ်။ ဒါကြောင့် များများ မစား ပဲနဲ့ ရေနွေးတွေ ကို အခုထက် ပိုပြီးသောက်လိုက် ပါ။ ပုံမှန် ရေနွေးကို ပဲ သောက်ဖို့ အဆင် မပြေဖြစ်နေ ရင် အရသာ တစ်ခုခု ရှိလာအောင်လို့ ရေနွေးထဲ လက်ဖက် စိမ်းတွေ ထည့်ပြီး သောက်နိုင် ပါတယ်။

၂။ တီဗီကြည့် တဲ့ အချိန်တွေ ကို လျော့လိုက်ပါ။
************************************
စိတ်ဝင်စားတဲ့ ဇာတ်လမ်းခွေတွေ ကြည့်လိုက်ပြီ ဆိုရင် မုန့်ထုပ်တွေရှေ့ ကို ချပြီးတော့ တီဗီရှေ့ အချိန်ကုန် တာက သိပ် မဆန်း ပါဘူး။ ဒါပေမယ့် ကိုယ်စားလိုက် တဲ့ မုန့်တွေကြောင့် ကိုယ်အလေးချိန် တိုးလာတယ် ဆိုတာ ကိုတော့ သတိပေးပါရစေ။ 

ဒါကြောင့် တီဗီ ကို လျော့ပြီးကြည့်မယ် ဆိုရင် စားလိုက် တဲ့ မုန့်တွေ ဆီက ဝင်လာနိုင်တဲ့ ကယ်လိုရီတွေ ကို ဖယ်ထုတ် ထားပြီးသားဖြစ်နေပါလိမ့်မယ်။
 
၃။ ချောင်နေတဲ့ အဝတ်အစား (ညအိပ် အဝတ်) တွေနဲ့ အစာ မစားပါနဲ့။
******************************************************
သုတေသန ပြုလုပ်တဲ့ သူတွေက ချောင်နေတဲ့ အဝတ် အစားတွေ ဝတ်ပြီး အစာ စားနေရင် ပိုပြီးတော့ စားနိုင် တဲ့ အလားအလာ ရှိတယ် လို့ ဖော်ပြထားကြတယ်။
 
၎။ အစာကြေ သွားအောင် အကူ အညီပေးတဲ့ အစားအသောက်တွေ ကို ရွေးစားပါ။
***************************************************************
သစ်သီး နဲ့ လုပ်ထား တဲ့ အရည် စတဲ့ အစာကြေအောင် အကူအညီပေးနိုင်တဲ့ အစား အသောက်တွေ ကို ရွေးချယ် စားသုံးတာ က ကယ်လိုရီတွေ ကို လျော့ကျစေနိုင်ပါတယ်။
 
၅ ။ အစား အသောက်တွေ မှာ စပ်တဲ့ အရသာ ရှိတဲ့ အမုန့်တွေ ကို ထည့်ပါ။
*********************************************************
သုတေသနဖော်ပြချက် အရ အစားအသောက် ကို စပ်ပြီး စားတယ် ဆိုရင် ခန္ဓာကိုယ် မှာ ဓာတု ဓါတ်ပြုတာ ပိုပြီး လွယ်ကူစေ ပါတယ်။ အဲဒါကြောင့် ငရုပ် မုန့်တွေ စားပြီး တာနဲ့ အဆီဓါတ် ပါတဲ့ ဆဲလ်တွေ ဟာ ဖွံ့ဖြိုးတာ ပိုပြီး နှေးကွေးစေပါတယ်။
 
၆။ ဝိုင်သောက်ပါ။
ဝိုင် တစ်ရက် ကို ၁ခွက် (သို့) ၂ခွက် သောက်တဲ့ အမျိုးသမီး ဟာ မသောက်တဲ့ သူထက်တော့ ကိုယ် အလေးချိန် ပိုပြီး နည်းပါတယ်။


Credit: Trend Myanmar
From... Myanmar World


No comments:

Post a Comment