Friday, March 6, 2015

ကမ္ဘာလှည့် ခရီးသည်တွေ အထူးပြုလေ့လာတဲ့ အထဲမှာ တစ်ခု ပါဝင်တဲ့ ဓမ္မရံကြီးဘုရား

1 2 3 4

ပုဂံ ကို အလည် အပတ် သွားတဲ့ အခါ ဓမ္မရံကြီး ဘုရား ကိုတော့ သွားရောက် ဖူးမြော်ဖို့ မမေ့ပါနဲ့။ ဓမ္မရံကြီး ဘုရား ဟာ ပုဂံမှ ထုထည် အကြီးမား ဆုံးသော စေတီတော် တစ်ဆူဖြစ် တဲ့ အပြင် ရှေးကျသော ဗိသုကာ လက်ရာများ ကလည်း အံ့မခန်း ဖြစ်ပါတယ်။

ဒါ့အပြင် နံရံ တစ်ခုချင်း စီမှာလည်း အလွန် စိတ်ဝင်စားဖွယ် ဖြစ်အောင် ထုဆစ် ပုံဖော် ထားပါတယ်။ ဘုရားကြီး ၏ အတွင်းဘက် မှာလည်း ဗုဒ္ဓ ရုပ်ပွားတော်များ ထားရှိပြီး လျှပ်စစ်မီး မလို သဘာဝ အလင်းရောင်
ရရှိပါတယ်။ 


ဒါ့အပြင် အတွင်းထဲ ကို ဝင်သွားလို့ အသက်ရှု ကျပ်ခြင်း ချွေးထွက်ခြင်း လုံးဝ မရှိအောင် ရှေးခေတ် ဟန်ပန် များဖြင့် ဆောက်လုပ် ထားတာဟာ အတုယူဖွယ် ကောင်းမွန်လှပါတယ်။



နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း အုတ်နံရံတွေ ဟာ ခိုင်မာပါတယ်။ ယခု အချိန်ထိ လည်း အတော်ပင် ခိုင်ခံ့လျက် ရှိနေပါသေး တယ်။ 

ဒီလို အချက် များကြောင့် ဓမ္မရံကြီး ဘုရားကို သွားရောက် ဖူးမြော် ပါလို့ တိုက် တွန်း ရေးသားလိုက် ရပါတယ်။



 
ကျော်လင်းနိုင် (ရိုးရာလေး)
From...  http://www.searchmyanmar.com/link/frame/cid/47913

No comments:

Post a Comment