Tuesday, March 17, 2015

အသက် (၆၅)နှစ်နှင့် အထက် များ အား လစဉ် ကျပ်နှစ်သောင်းခွဲ ထောက်ပံ့ရန် စီစဉ်


 
မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အို အချို့မှာ ကူညီစောင့်ရှောက်မည့် သူ ကင်းမဲ့နေဆဲဖြစ်သည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကို လစဉ်ငွေကျပ် နှစ်သောင်းခွဲ ထောက်ပံ့ပေးနိုင်ရန် အစိုးရ က စတင် စီစဉ်ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုဝန် ကြီး ဦးဘုန်းဆွေ ကပြောသည်။

မြန်မာနိုင်ငံ ၏ လူမှုကာ ကွယ်စောင့်ရှောက်ရေး အမျိုး သား အဆင့် မဟာဗျူဟာ စီမံချက် တွင် အထက်ပါ အစီအစဉ် ပါရှိ ကြောင်း ဒုဝန်ကြီးက ဆိုသည်။

လာမည့် ဧပြီ ၁ ရက်တွင် စတင် မည့် ၂၀၁၅-၁၆ ခု၊ ဘဏ္ဍာ နှစ်တွင် အသက်(၉၀)နှင့် (၁၀၀)နှစ် အကြား အဘိုး၊ အဘွားများ အား လူမှု ကာကွယ်စောင့်ရှောက် ရေး ထောက်ပံ့နိုင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည့် အမျိုးသား စီမံကိန်း ဥပဒေကြမ်း တွင်လည်း ဘဏ္ဍာငွေတောင်းခံထားကြောင်း မတ်လ ၁၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။


 မြန်မာနိုင်ငံ ၏ လူမှုကာ ကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံချက် တွင် မသန် စွမ်း သူများ၊ သက်ကြီးရွယ်အိုများကို ထောက် ပံ့ပေးနိုင်ရေးအတွက် ထည့်သွင်း ရေးဆွဲထားပြီး လုပ်ငန်း အစီ အစဉ် ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်သည့် အခါတွင် သက်ကြီး ရွယ်အို ၃ ဒသမ ၅ သန်းထံ သို့ ထောက်ပံ့မှု များရောက်ရှိမည် ဟု ဒုဝန်ကြီး က ပြောသည်။

အသက် (၆၅)နှစ်နှင့် (၉၀) နှစ်ကြား အဘိုး၊ အဘွားများ အား ဘဏ္ဍာနှစ် အလိုက် ရရှိသော ဘဏ္ဍာငွေပေါ် မူတည် ကာ တစ် နှစ်ပြီး တစ်နှစ်တိုးမြှင့်ထောက်ပံ့ မှုများ ပြုလုပ်သွားမည် ဟု ဒုဝန်ကြီးက လွှတ်တော် အား ပြော သည်။

 မြန်မာနိုင်ငံ ၏ လူမှုကာ ကွယ်စောင့်ရှောက်ရေး အမျိုး သား အဆင့် မဟာဗျူဟာ စီမံချက် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ဦးဆောင်ကာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အ စည်းများ၊ နိုင်ငံတကာနှင့် ပြည် တွင်းအစိုးရ မဟုတ်သော အဖွဲ့အ စည်းများနှင့် ပူးပေါင်းရေး ဆွဲခြင်း ဖြစ်ကာ ၂၀၁၄ ဒီဇင်ဘာ ၃၀ ရက်က အတည်ပြု မိတ်ဆက် ခဲ့ခြင်းဖြစ်သည်။



 ရန်မျိုးနိုင်
 နေပြည်တော်
From...   http://7daydaily.com/story/33894#.VQgf444a-1s


No comments:

Post a Comment