Wednesday, March 18, 2015

မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီး အုတ်ဂူ ၊ ဒင်္ဂါး စက်ရုံ တို့အား ပြုပြင် ထိန်းသိမ်းသင့်





မန္တလေး မတ် ၁၇

 

မန္တလေးမြို့ တွင် အထင် ကရဖြစ်သည့် ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းကြီးနှင့် မိဖုရားခေါင်ကြီး တို့၏ အုတ်ဂူ၊ မင်းကိုးပါး ရုပ်တုနှင့် ပြည်ထောင်စု ကျောက်တိုင်၊ ဒင်္ဂါးစက်ရုံ တို့မှာ ဆူးပင်များ၊ ချုံနွယ်များ ဝိုင်းရံလျက် ရှိခြင်းကြောင့် သမိုင်း သုတေသီများ ၊ နိုင်ငံခြားသား များ၊ ကျောင်းသားကျောင်းသူ များ လေ့လာ ရန် ခက်ခဲလျက် ရှိသည်။
 

မန္တလေး နန်းမြို့ မြနန်း စံကျော် ရွှေနန်းတော် အနီးတွင် ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းကြီးနှင့် မိဖုရားခေါင်ကြီး တို့၏ အုတ်ဂူ ရှိပြီး၊ မြန်မာနိုင်ငံ တည်ထောင် အုပ်ချုပ်ခဲ့သော အလောင်းမင်း တရားကြီး၊ ကျန်စစ်သား၊ ဘုရင့်နောင် အပါအဝင် တိုင်းပြုပြည်ပြု  သာသနာပြု ရှေးခေတ် မြန်မာ့သူရဲကောင်း စစ်ဘုရင် များအား လေးစား ဂုဏ်ပြု မော်ကွန်း တင်နိုင်ရန် 

မင်းကိုးပါးရုပ် တုနှင့် ပြည်ထောင်စု ကျောက်တိုင်ကို အရှေ့ အနောက်၁၆၅ပေ၊ တောင် မြောက်ပေ ၈ဝ အကျယ်နေရာ တွင် ၁၉၉၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ပန်းခြံဖြင့် နိုင်ငံခြားသား များ လေ့လာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်။

ယခု အခါပြုပြင်ထိန်းသိမ်းမှု မရှိခဲ့ သဖြင့် သမိုင်းဝင် မင်းတုန်းမင်း ဥပုသ်သီလ ဆောက်တည် ခဲ့သော ဥပုသ်ဆောင်၊၁၈၇၄ခုနှစ်က တည်ဆောက်ခဲ့ပြီး အနှစ်၂ဝ အတွင်း ငွေဒင်္ဂါး တန်ဖိုး၂၈သန်း အထိ ထုတ်ဝေနိုင် ခဲ့သည့် ဒင်္ဂါး စက်ရုံ၊ မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီး အုတ်ဂူ တို့မှာဆူးပင်များ၊ ချုံနွယ်များ ဝိုင်းရံလျက် ရှိရာ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ 


အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း မြှင့် တင်ရေး အတွက် ယခင်အတိုင်းပြုပြင်ထိန်းသိမ်း ထားရှိ ၍ လေ့လာလိုသူများ သွားလာနိုင်ရန် ခြုံနွယ်များ ရှင်းလင်းပြီး ဥယျာဉ် သဖွယ်တည်ဆောက် ဂုဏ်ပြု သင့်ကြောင်း ပြည်တွင်းပြည်ပ ခရီးသွားများ က အကြံပြုပြောကြားကြောင်း သိရသည်။
 


မောင်ပြည်သူ(မန္တလေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment