Tuesday, March 24, 2015

စင်ကာပူနိုင်ငံ ၏ ပထမဆုံး ၀န်ကြီးချုပ်နှင့် အာရှ ၏ ၀ါရင့်ခေါင်းဆောင်ကြီး မစ္စတာ လီကွမ်ယူ ကွယ်လွန်

 MOI Webportal Myanmar's photo.

 မစ္စတာလီကွမ်ယူ ကို ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အရှေ့ ဖျားဒေသ ဗြိတိန်နိုင်ငံ ၏ အဓိကရေတပ် စခန်း တည်ရှိရာ ဗြိတိသျှ ကိုလိုနီ နယ်မြေ တစ်ခု ဖြစ်သည့် စင်ကာပူ ကျွန်း တွင် မွေးဖွား ခဲ့သည်။

ဖခင်မှာ လီချင်ကွန်းနှင့် မိခင်မှာ ချွာကျင်းနီဖြစ်ပြီး ၁၉ ရာစုမှ စ၍ စင်ကာပူနိုင်ငံ ၌ အခြေချနေ ထိုင်သည့် ကြွယ် ၀သော တရုတ် မိသားစု တစ်စုမှ ပေါက်ဖွား လာသူ များဖြစ်သည်။

ဗြိတိန်နိုင်ငံ ကိန်းဘရစ်မြို့ ရှိ Fitzwilliam ကောလိပ် ၌ ဥပဒေပညာရပ် ကို ဆည်းပူးလေ့ လာခဲ့ပြီး ၁၉၄၉ ခုနှစ် တွင် ပထမ အဆင့်ဖြင့် ထူးချွန်စွာအောင်မြင် ခဲ့သည်။

လီကွမ်ယူ သည် စင်ကာပူ ကျွန်းကို ကိုလိုနီနယ်မြေ ဘ၀မှ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး အတွက် ဦးဆောင်ကြိုးပမ်း ခဲ့သူလည်းဖြစ်သည်။ 

၁၉၅၄ ခုနှစ်တွင် ၎င်း၏ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များနှင့် ခွဲထွက်ပြီး ပြည်သူ့ အက်ရှင် ပါတီ (People’s Action Party) ကို ထူထောင်ခဲ့သည်။ ၁၉၅၉ ခုနှစ် ဇွန် ၅ ရက်တွင် လွတ်လပ်သော စင်ကာပူနိုင်ငံ ၏ ပထမ ဆုံးသော ၀န်ကြီးချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။


 

 MOI Webportal Myanmar's photo.

၁၉၆၃ ခုနှစ်တွင် စင်ကာပူ၊ ဆာဘားနှင့် ဆာရာဝပ် တို့သည် မလေးကျွန်းဆွယ်ကြီး ကို ကိုယ်စားပြုသည့် မလေးယားပြည်ထောင်စု (Federation of Malaya) နှင့် ပေါင်းစည်း ကာ မလေးရှားနိုင်ငံကို ထူထောင်ခဲ့သည်။

၎င်းနောက် သုံးနှစ်ခန့် တွင် သဘောထား ကွဲလွဲမှုကြောင့် စင်ကာပူ ကိုပြန်လည် ခွဲထွက် ခဲ့ပြီး လီကွမ်ယူ က စင်ကာပူနိုင်ငံသစ်ကို ဦးဆောင်ခဲ့သည်။

လီကွမ်ယူ ၏ ဦးဆောင်မှုဖြင့် စင်ကာပူနိုင်ငံသည် ရွှံ့ညွန် ထူပြီး ခြင်ပေါသော တံငါရွာလေး အဖြစ်မှ လွတ် လပ်ပြီး စည်ပင်ဖွံ့ဖြိုးသောနိုင်ငံ အဖြစ် သို့ပြောင်း လဲပေးခဲ့သည်။

ယခုအခါ စင်ကာပူနိုင်ငံ သည် စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံ အဖြစ် သို့ ရောက်ရှိလာပြီး တစ်ဦး ချင်း ၀င်ငွေ အများဆုံးနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့ သည်။ လီကွမ်ယူ၏ ကမ္ဘာကျော် ထူးခြားသော စွမ်းဆောင် ရည်ကြောင့် စင်ကာပူနိုင်ငံ သည် ကမ္ဘာ့ ဘဏ္ဍာရေးဈေးကွက်တွင် အဓိကနိုင်ငံ အဖြစ် ပါဝင်လာခဲ့သည်။ 

၎င်းသည် စင်ကာပူ အစိုးရ အဖွဲ့ကို သန့်ရှင်းပြီး စွမ်းဆောင် ရည်မြင့်မားသည့် အစိုးရ အဖွဲ့အဖြစ် ရပ် တည်နိုင်စေရန် ဦးတည်ဆောင် ရွက်ခဲ့သည်။


 MOI Webportal Myanmar's photo.

လီကွမ်ယူ သည် စင်ကာပူနိုင်ငံ ၏ ၀ါရင့် ၀န်ကြီး (Senior Minister) အဖြစ် ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလ မှ ၂၀၀၄ ခုနှစ် သြဂုတ်လ အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ယင်းနောက်တွင် Minister Mentor အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် မေလ ၂၁ ရက် အထိ တာဝန်ယူဆောင်ရွက် ခဲ့သည်။ 

လီကွမ်ယူ သည် ကမ္ဘာတစ်ခွင် ထင်ပေါ်ကျော် ကြားသော နိုင်ငံ အုပ်ချုပ်သူ တစ်ဦး အဖြစ် ကာလ ရှည်ကြာ စွာထမ်းဆောင်နိုင် ခဲ့သည်။ 

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် မှ စတင် ၍ လီကွမ်ယူ သည် ပြင်းထန်သော အဆုတ်ရောင်ရောဂါဖြင့် စင်ကာပူနိုင်ငံ အထွေထွေဆေးရုံကြီး တွင် သီတင်း ၆ ပတ်ကြာ တက်ရောက် ကုသမှု ခံယူ ခဲ့ရာမှ မတ် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၃နာရီ ၁၈မိနစ်တွင် ကွယ်လွန်ခဲ့သည်။ 

လီကွမ်ယူ သည် ၁၉၅၀ ပြည့်နှစ် တွင် ကျောင်းနေဘက်ဖြစ်သူ ချုးနှင့် လက်ထပ် ခဲ့သည်။ 

လက်ရှိ စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း သည် မစ္စတာ လီကွမ်ယူ ၏ သား တစ်ဦးဖြစ် သည်။

လီကွမ်ယူသေဆုံးမှု သည် စင်ကာပူနိုင်ငံ အတွက်သာမက အာဆီယံနှင့် ကမ္ဘာ အတွက် အားထား ရသည့် ၀ါရင့်ခေါင်းဆောင်ကြီး တစ်ဦး ဆုံးရူံး ရခြင်းလည်း ဖြစ်သည်။


From...  MOI Webportal Myanmar

 

No comments:

Post a Comment