Saturday, March 7, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ..... အပိုင်း (၁၄)






၁၀။ စည်းစိမ် ဥစ္စာ များပြားရခြင်း
**************************
ကိလေသာ အညစ်အကြေးတို့ ကင်းစင်
တော်မူသော မြတ်စွာဘုရားရှင် သည် သုဘလုလင် အား " "ဒကာတော် သုဘလုလင် ဤလောက၌ အချို့သော အမျိုးသမီး သည်သော် လည်းကောင်း အမျိုး
သား သည်သော်လည်းကောင်း ပေးလှူလေ့ရှိသည်ဖြစ်၏ (အလှူဒါနပြု လေ့ရှိသည်) 


သာမဏ အားသော်လည်းကောင်း ဗြာဟ္မဏ အားသော် လည်းကောင်း ထမင်း ကို လည်းကောင်း(ဆွမ်း) ၊ အဖျော်ယမကာ ကို လည်းကောင်း၊ အဝတ် ကိုသော်လည်းကောင်း၊ ယာဉ် ကိုသော်လည်းကောင်း
ပန်း, နံသာ, နံသာပျောင်း ကိုလည်းကောင်း၊ အိပ်ရာနေရာ,ကျောင်း,ဆီမီး ကိုလည်းကောင်ပေး လှူတတ် သည် ဖြစ်၏။ 


ထို ပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာ ဆောက်တည် ထား အပ်သော ထို ကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန် သည် မှ နောက် ကာလ ၌ ဤသို့ ပြည့်ပြည့် စုံစုံ ပြုကျင့်၍ ထား အပ်သော ဤသို့ကောင်းစွာ ဆောက်တည်၍ ထားအပ်သော ထို ဒါန ကောင်းမှု ကုသိုလ်ကံကြောင့် စုတိပြတ်ကြွေသေလွန်သည် မှနောက် ကာလ ၌ ကောင်းမှုပြုသူ သုစရိုက် သမားတို့ ရဲ့ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရပေ၏။ 


ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်း ကြောင့် စုတိပြတ်ကြွေသေလွန် သည်မှနောက် ကာလ၌ ကောင်းမှုပြုသူ သုစရိုက် သမား တို့ရဲ့ လားရောက်ရာဖြစ်သော နတ်ပြည်လောကသို့ အကယ်၍ မစိုက်ရောက်ခဲ့သည်ဖြစ်ငြား အံ့ အကြင် အကြင် ဘုံဘဝ ၌ အကြင် အကြင် လူ့လောက ၌ အကြင် အကြင် အမျိုးအနွယ် ၌ ပဋိသန္ဓေ အားဖြင့်ဖြစ်ပေါ်လာ ရ၏။ ထိုထို အမျိုးအနွယ် ၌ "မဟာဘောဂ" များပြားသာ စည်းစိမ် ဥစ္စာရှိသည် ဖြစ်၏။ "ဟု ဟောတော်မူ အပ်ခဲ့ပါသည်။

ပဉ္စသီလ သမာဒါနိယ မထေရ်
***********************
ပဉ္စသီလ သမာဒါနိယမထေရ် အလောင်းတော် သည် အနောမဒဿီ             မြတ်စွာဘုရား မပွင့် မီ ရှေးရှေး ဘုရားရှင် တို့၏ သာသနာတော် အတွင်းဝယ် ကောင်းမှုမျိုးစေ့ တို့ကို (ဝိဇ္ဇာ စရဏ ဟူသော အဓိကာ ရကောင်း မှု) ကျဲချ  စိုက်ပျိုးခဲ့ ပြီးသားဖြစ်သော်လည်း အကြောင်းမလှ သဖြင့် အနောမဒဿီ           မြတ်စွာဘုရား လက်ထက်တွင်  သူဆင်းရဲမျိုး ၌ လူဖြစ် ခဲ့ရပါသည်။ 



စန္ဒဝတီ မင်းနေပြည်တော် ၌ အလုပ်သမား (အခစား)ဖြစ်ခဲ့ရပါ သည်။ သူတပါးအလုပ် ကို ကြောင့်ကြစိုက် ရသောကြောင့် ရဟန်းပြုခွင့် မရသောအခါ "ငါသည် အပါယ်လေးဘုံ မှမည်သို့  မည်ပုံလွတ်မည် နည်း၊ 


ဒီ ဆင်းရဲ ဒုက္ခမှ မည်သို့ လွတ်မည်နည်း"ဟု စဉ်းစားမိ ပါသည်။ လှူဖွယ်ဝတ္တု  တို့ကို မလှူဒါန်းနိုင်သော ဆင်းရဲသားဖြစ်ခြင်း ကြောင့် ငါးပါး သီလ သာလျင် ဖြည့်ကျင့် ၍ကောင်းစွာဆောက်တည် မည် ဟု စဉ်းစား မိခဲ့ပါသည်။ 


မြတ်စွာဘုရား ရှင်၏ လက်ျာရံ တပည့်ကြီး အရှင်နိသဘ မထေရ် ထံသို့ သွားရောက်ကာ ငါးပါးသီလ ခံယူ၍ အနှစ် တစ်သိန်း ပတ်လုံး မကျိုးမပေါက် မပြောက် မကျားအောင် ထိန်းသိမ်းစောင့်ရှောက် ပါသည်။
ဘုရားရှင် ၏ သာသနာတော် အတွင်းဝယ် ထိုကဲ့သို့သီလကို ဆောက်တည် ၍ မိမိတတ် အားသမျှ ဆွမ်း တစ်ဇွန်း၊ ပန်းတစ်ပွင့် စသည်ဖြင့်လောင်းလှူခဲ့ပါသည်။


သီလတည်း ဟူသောမြေပေါ် ၌ ရပ်၍ ကျဲချသော ဒါန မျိုစေ့ တို့ သည် ကြီး မားသော အကျိုးကို ဖြစ်စေပါ သည်။ သေခါနီး ကာလ ၌ မိမိပြုခဲ့သော သီ လ ကို ဆင်ခြင်သော အခါ မကျိုးမပေါက် မပြောက်မကျား သဖြင့် အလွန် ဝမ်းမြောက်စွာ ဖြစ်၍သေဆုံးရပါသည်။ (မိမိ သည်သေဆုံးသော အခါ ကောင်းရာသို့ရောက် ရှိမည် ကို သိရ သဖြင့်) သေဆုံးပြီးနောက် နတ်ပြည် သို့ရောက်ရပါသည်။ 


ထို သီလ ကုသိုလ် တို့ ၏ စွမ်းအားကြောင့် လူမင်း စည်းစိမ်၊ နတ်မင်း စည်းစိမ်၊ စကြဝတေး မင်း စည်းစိမ် တို့ ကို အကြိမ်များ စွာခံစားရပါသည်။ အနောမဒဿီ            မြတ်စွာဘုရား လက်ထက် မှ  ဂေါတမမြတ်စွာဘုရား လက်ထက် တိုင်အောင် တစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း တို့ ကာလပတ်လုံး အပါယ်လေးဘုံ သို့တစ်ခါမှ မကျရောက်ခဲ့ပါ။ 

ထိုသို့ ဖြစ်ရခြင်းမှာ သံသရာ ကျင်လည်စဉ် သာသနာတော်နှင့် ကြုံရခဲ လှသ ဖြင့် အလွန် ရနိုင်ခဲသော အခွင့် အရေး ကို အသုံးချနိုင်ခဲ့သောကြောင့် ဖြစ်သည်။
 

 ဂေါတမမြတ်စွာ ဘုရား ပွင့်ထွန်းသော အခါ ကလေး ဘဝ၌ ပင် ငါးပါးသီလ အကြောင်း နာကြားရစဉ် ပီတိဖြစ် မိ၍ သစ္စာလေးပါးနှင့် စပ်သော စကားကို နာကြားရ သဖြင့် ထိုစကားတို့ အဆုံး တစ်ထိုင်ထဲ
နှင့် အရဟတ္တဖိုလ် ကို ဆိုက်ရောက်ခဲ့ပါသည်။



 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း

No comments:

Post a Comment