Sunday, March 8, 2015

မြန်မာစာ font ထည့်ရန် root လုပ်ခြင်း သည် ဖုန်း အတွက် ထိခိုက်မှု မရှိနိုင်

မြန်မာစာ font ထည့်ရန် root လုပ်ခြင်း သည် ဖုန်းအတွက် ထိခိုက်မှု မရှိနိုင်


ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်း၊ message ပို့ခြင်း၊ Contact အမှတ်ခြင်း များကို မြန်မာ ဘာသာဖြင့် အသုံးပြု နိုင်ရန် အတွက် မြန်မာ font ထည့်သွင်း ရာတွင် root လုပ်ခြင်းသည် warranty seal ပျက်ယွင်းစေ သည် ဟု ဆိုကာ အများစု မှာ root မလုပ်လို ကြကြောင်း သိရသည်။

သို့သော် root လုက်လိုက်ခြင်း သည် မြန်မာစာ font အတွက်သာ မက အခြား root access ရမှသာ အသုံး ဝင် မည့် apps များ အတွက် လည်း အသုံးဝင်ပြီး ဖုန်း အတွက် ကြီးမားသော ထိခိုက်မှု မျိုး မရှိနိုင်ကြောင်း သိရ သည်။

“အမှန် တကယ် က root လုပ်တာ နဲ့ မလုပ်တာ က သိပ်မကွာ ပါဘူး။ root မလုပ်ဘဲ မြန်မာစာ font ထည့် တယ် ဆိုတာ က ADB mood မှာ ဆိုရင် ဖုန်းကို ဖွင့်ထားပြီး Command line နဲ့ remount လုပ်ပြီး ထည့်လိုက် တာ။

 
အချို့ ဖုန်းတွေ ဆိုရင်လည်း fastboot mood  မှာရှိတဲ့ recovery file ထဲမှာ custom recovery အနေ နဲ့ ထည့်ပြီး zip file လေးတွေ ကို ဖြည်ချ လိုက်တာ ပါပဲ။ root လုပ်တာ ကျတော့ system ထဲက font ကို ဝင်ပြောင်း ရတာ မို့လို့ Admin အနေ နဲ့ change လိုက်တဲ့ သဘောပါ။

ဖုန်းတော်တော် များများ က သူတို့ ရဲ့ ဖုန်းမှာ game တွေ ၊ apps တွေ တင်ခွင့် ရှိပေမယ့် System ထဲကို ဝင်ရောက် ခွင့်ပေး မထားပါဘူး။ ဒါကြောင့် warranty seal ပျက်တာပါ။ 

ဒါပေမယ့် အချို့ root access ရမှ သုံးလို့ ရမယ့် apps တွေဆိုလည်း root လုပ်ရ မှာပဲလေ။ ဖုန်း ကို မထိခိုက် ပါဘူး” ဟု လသာမြို့နယ် ရှိ Mobimax ဖုန်းဆိုင် မှ ကိုပြည့်စုံကို က ပြောသည်။

ယခု နောက်ပိုင်း Samsung, Nokia ဖုန်းများ တွင်လည်း root လုပ်ရန်ပင် မဟုတ်သေးဘဲ boot လုပ်ရန် unlock ဖြည် ရုံဖြင့် warranty seal ပျက်ကြောင်း သိရသည်။ 

ထို့ကြောင့် အချို့သော ဖုန်း အသုံးပြုသူ များမှာ facebook, Gmail, message, ဖုန်း contact အတွက် မြန်မာ လို ပေါ်စေရန် apps တစ်မျိုးချင်းစီ ကို ထည့်သွင်း ထားပြီး မြန်မာ Keyboard ထည့် ကာ အသုံးပြု ကြကြောင်း သိရသည်။



Written by 
Ref: MMT (Yoyarlay)




No comments:

Post a Comment