Saturday, March 21, 2015

အသုံးဝင် Kiss Me Quick ပင်


ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ပန်းပင်လေးတွေ ကို အလှ အပ အနေ နဲ့ စိုက်ပျိုး တတ်ကြ ပါ တယ်။ မြေကြီး မှာ စိုက်တဲ့ အပင် နဲ့ အိုး အုံနဲ့ စိုက် တဲ့ အပင် ဆိုပြီးေ ပါ့...။

အခုပြောပြ မှာက အိုး အုံနဲ့ စိုက်ပျိုး တဲ့ အပင်လေး အကြောင်းပါ...။ အဲဒီ အပင် က ဘာလဲ ဆိုတော့ ကစ်စ်မီ (kiss me plant) အကြောင်းလေးပါ...။ မြန်မာ လိုတော့ ရှားစောင်း သိင်္ဂနိတ် လို့ ခေါ်တယ်ဗျ...။ 


ဒါပေမယ့် မြန်မာ အမည်ကို သိပ် အသုံးမပြုကြပါဘူး...။ မွေးစား စကားလုံး ကစ်စ်မီ လို့ပဲ သုံးကြတာပါ..။
ကစ်စ်မီ ပင်ကို လူတိုင်း သိမှာပါ...။

အရွက် ရှည်ရှည်လေး နဲ့ အပင် မှာ ဆူးလေး တွေလည်း ပါတတ် ပါတယ်။ ကစ်စ်မီ ပန်း ကတော့ အ၀ါဖျော့ဖျော့လေး ရှိတ ယ်၊ နီနီ တောက်တောက် ရှိ တယ်၊ အ၀ါ ဘက် နဲနဲ သန်းတာလေး ရှိတယ်လေ ။

ကစ်စ်မီ ပန်း က ရနံ့ မရှိပေမယ့် လှလို့ သဘောကျတယ်...။ အိမ်မှာ ဆို အမေ နဲ့ ညီမလေး က ပန်းပွင့်တွေ ပွင့်လွယ်အောင် လို့ ဆိုပြီး အား ဆေး အနေနဲ့ ဘားပလက် ပြားတွေ ချေချေပြီး ထည့်တာတွေ့ဖူးတယ်..



kiss me quick
*******************
ကစ်စ်မီ ပင် က အလှ စိုက်ပျိုးတာ ပေမယ့် ကျန်းမာရေး အတွက် အသုံးဝင် တယ်နော်...။

ကျွန်တော် အထက်တန်း ကျောင်းသား ဘ၀တုန်းက တစ်ခြားရွာ ကိုသွားပြီး တက်ရ တာလေ။ တစ်ရက်တော့ ကျွန်တော် လေထိုး၊ လေအောင့် ဖြစ်တော့ ဗိုက် က အရမ်း နာတယ်...။

အဲဒါ နဲ့ ဆရာမ ကို ခွင့်တိုင်ပြီး တည်း တဲ့ အိမ်ကို ပြန်လာခဲ့ တယ်။ အဲဒါနဲ့ သူတို့ က မေး တာပေါ့...။ကျွန်တော် လည်း ကျွန်တော် ဖြစ်တာပြောပြလိုက်ရော။ အဲဒါနဲ့ ကစ်စ်မီ အညွန့်လေး သုံးရွက် ကို ခူးလာပြီး ရေနွေး ပူပူ ထဲ ထည့်လိုက်တယ်။

 ပြီးတော့ ကျွန်တော့်ကို အရွက် လိုက် ၀ါးခိုင်းတယ် ။ ကျွန်တော်လည်း ခိုင်းတဲ့ အတိုင်း ၀ါးပစ် လိုက်တာ။ တအောင့်လောက် နေတော့ သက်သာ သွားတယ်ဗျ...။

 နောက် တနည်း ကတော့............
ဝမ်းကိုက်နေတဲ့ လူတစ်ယောက် ကို ကစ်စ်မီရွက် သုံးလေးရွက် ကို အစိမ်းလိုက် စား ခိုင်းရင် သက်သာ သတဲ့ဗျ...။ အခြားနည်းတွေလည်း ရှိအုံးမှာပေါ့...
 

ကျွန်တော်သိတာလေး ဝေမျှတာပါ...။

ဗဟုသုတ အနည်းငယ် ရမယ်ထင်ပါတယ်...။
(ကျွန်တော့် ရဲ့ ရေးသားချက် များ အဓိပ္ပါယ် မပေါ်လွင်ခဲ့ ပါက ကျွန်တော့်ရဲ့ ညံ့ဖျင်းမှု သာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲက လာတဲ့ စကားလေးတွေ ကိုစောင့်မျှော်နေပါတယ်။

အားလုံကိုကျေးဇူးတင်ပါတယ်........
ရာဇာ(ကျေးတောသားလေး)

From...   သတင်းဘုရင်

သတင်းဘုရင်

No comments:

Post a Comment