Sunday, March 8, 2015

Volvo ကုမ္ပဏီ က မောင်းသူမဲ့ မော်တော်ယာဉ် များ ကို ၂ဝ၁၇ ခုနှစ် တွင် ထုတ်လုပ်ရန် စီစဉ်

Volvo ကုမ္ပဏီက မောင်းသူမဲ့ မော်တော်ယာဉ်များကို ၂ဝ၁၇ ခုနှစ်တွင် ထုတ်လုပ်ရန်စီစဉ်


ဆွီဒင် အခြေစိုက် Volvo ကားကုမ္ပဏီ မှ မောင်းသူမဲ့ မော်တော်ယာဉ် များ ကို ၂ဝ၁၇ ခုနှစ်တွင် စမ်း သပ် မောင်းနှင်နိုင် ရန် ဆွီဒင်နိုင်ငံ လမ်းများပေါ်တွင် စမ်းသပ် အစီအစဉ် အနေဖြင့် မောင်းသူ မဲ့ မော်တော်ယာဉ် အစီး ၁ဝဝ ကို စတင် မောင်းနှင်သွားမည် ဟု သိရသည်။
 
မောင်းသူမဲ့ မော်တော်ယာဉ် ထုတ်လုပ်ရန် Tesla, Google, Audi, Mercedes, Nissan စသည့် အခြား ကုမ္ပဏီ များက စမ်းသပ် လျက် ရှိနေပြီး Volvo ကလည်း မောင်းသူမဲ့ မော်တော်ယာဉ် ထုတ်လုပ်ရန် စတင် ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

Volvo ၏ သုတေသန ဌာန ဥက္ကဋ္ဌ Dr. Peter Mertens က ''မောင်းသူမဲ့ မော်တော်ယာဉ်တွေ က အပြောင်း အလဲ ဖြစ်လာစေပါ လိမ့်မယ်။ အနာဂတ် မှာ မောင်းသူမဲ့ ယာဉ် သုံးမလား ဆိုတာ ရွေးချယ် ရပါတော့မယ်''ဟု ပြောသည်။ 


Volvo က မောင်းသူမဲ့ မော်တော်ယာဉ် ထုတ်လုပ်ရန် ၂ဝ၁၄ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ပြီး လက်ရှိတွင် စမ်းသပ်မှုများ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ 

Volvo ၏ မောင်းသူ မဲ့ မော်တော်ယာဉ် များတွင် Long-range Sensors, 360-Degree View စသည့် စွမ်းဆောင်ချက် များ ပါဝင်ကြောင်း သိရသည်။  


Written by 
From...   http://www.myawady.net.mm/tech/item/61484-2015-03-04-11-55-16

No comments:

Post a Comment