Wednesday, April 8, 2015

ဘဝ ဆီမီးတိုင်

Aung Naing's photo.

လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက် က ကျွန်တော့မှာ ရှိတဲ့ ငွေ အရင်းနှီးလေး နဲ့ လူတိုင်းက မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ လုပ်ငန်း တစ်ခုကို ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။

နောက်လ အနည်းငယ် အတွင်းမှာ ဆိုရင် နောက်တဆင့်ကို တက်လှမ်းပြီး အဲဒီ နယ်ပယ် ရဲ့ အကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်လာပါတော့မယ်။


အခုလဲ ကျွန်တော့ အတိုင်းအတာ နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အများက ထင်ထားတဲ့ အရာ တစ်ခုကို ထပ် လုပ်ဖို့ ခြေလှမ်းစခဲ့ ပါပြီ။

ဒါပေမဲ့ ကျွန်တော့ အကြိုက်ဆုံး သီချင်းဖြစ်တဲ့ အဆိုတော် Rocker ကြီး ဦးညီထွဋ် ရဲ့ "ကောင်းကင်မေမေ" ဆိုတဲ့ သီချင်းလေး ထဲက အတိုင်း အခက်အခဲပေါင်းစုံကျော်ဖြတ်ပြီး ကြိုးစားမယ် ဆို နောက် ဆုံးတော့ လောကဓံ ကို အနိုင်ယူနိုင် စမြဲဆိုတာယုံကြည်နေဆဲပါ။


2007 ခုနှစ် က မန္တလေး မစိုးရိမ်ကျောင်း မှာ သီတဂူ ဆရာတော်ကြီးဟောကြားတော် မူခဲ့တဲ့ "ဘဝ ဆီမီးတိုင်" တရားကို နာပြီး ထဲက ဆရာတော်ကြီးညွှ န်ကြားခဲ့တဲ့ ......
 

1. ဝီရိယ (Energetic mind)
2. သမာဓိ ( Guardian of the mind)
3. သီလ ( Discipline)
4. ပညာ ( Wisdom)
 

ဆိုတဲ့ တရားလေးပါးပြည့်စုံ ရင် ဘဝရဲ့ ဘယ် လှိုင်းတံပိုး ဘယ်မုန်တိုင်း က မှ မဖိစီး မနှိပ် စက်နိုင်ဘူး လို့ဟောခဲ့ တာကို ယုံယုံကြည်ကြည် နဲ့ ကြိုးစား ခဲ့လို့ နေရာတစ်ခု ရခဲ့တာကို ကျွန်တော်တို့မြန်မာ လူငယ်တွေ ကို လက်ဆင့်ကမ်းပေးချင်လို့ပါ။
 


 Aung Naing's photo.

 မြတ်ဗုဒ္ဓ အနေ နဲ့ ဒီလိုမျိုး လူငယ်တွေ အတွက် ကြီးပွားကြောင်းတွေဟောခဲ့တယ် ဆိုတာကို လူငယ်တွေ သိစေ ချင်လို့ပါ။
 

အဲဒီ တရားလေးပါးကို အကြမ်းဖျင်း ရှင်းပြချင်ပါတယ်။

၁။ ဝီရိယ ( Energetic mind)
တကယ့် အဲဒီ တရားထဲမှာ ဆရာတော်ကြီး ဟောခဲ့တာ "ဥတ္ထန" ပါ။ တနည်းအားဖြင့်တော့ ဝီရိယ ပေါ့။
ဝီရ ဆိုတာ ရဲစွမ်းသတ္တိ ။ ပူသလား? ရင်ဆိုင်မယ်။ အေးသလား? နောက် မဆုတ်ဘူး။


 ဖြစ်လာမဲ့ အခက်အခဲ အားလုံး ကို ရဲစွမ်း သတ္တိ ရှိရှိနဲ့ ရင်ဆိုင်ပြီး ကိုယ့် ရည်မှန်းချက် ပန်းတိုင်ဆီ အခက်အခဲ အားလုံးကို ရင် ဆိုင်ကျော်ဖြတ် ရဲတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင် မှသာ ဘယ်အလုပ်လုပ် သည်ဖြစ်စေ အောင်မြင်နိုင် မှာပါ။
အခက်အခဲ အနည်းငယ် ရင်ဆိုင် ရရုံ နဲ့ အားငယ် စိတ်ပျက်နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။


၂။ သမာဓိ ( Guardian of the mind)
သမာဓိ ကို စိတ်စောင့် တရားလို့ လဲခေါ်ကြပါသေးတယ်။
လုပ်ငန်းတစ်ခုကို လုပ်ကြတဲ့နေရာ မှာ Stability (တည်ငြိမ်မှု) ရှိဖို့ ဘယ်လောက် အရေးကြီးလဲ ဆိုတာ လုပ် ငန်း လုပ်ဖူးတဲ့ သူတိုင်းသိကြပါတယ်။


တခုခု ကို အာရုံ စူးစိုက်မှု မရှိပဲ မျောက်လို ခုန်နေတဲ့ စိတ်မျိုးနဲ့ ဆိုရင် ဘယ်လုပ်ငန်း မှ မအောင်မြင်နိုင်ပါဘူး။
ဒါကြောင့် မို့ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး နှစ်ယောက်ဖြစ် တဲ့ Bill Gates နဲ့ Warren Buffett နှစ်ယောက် လုံး က ဘဝအတွက်အောင်မြင်ဖို့ အရေးကြီးဆုံး အရာဟာ Focus လို့ပြောခဲ့တာပါ။
 

တစ်နေရာထဲမှာ စွဲစွဲမြဲမြဲ မလုပ်ပဲ မကြာခဏ အလုပ်ပြောင်းလေ့ ရှိသူတွေ မအောင်မြင်တတ်ကြတာ သာဓက တစ်ခုပါ။
 

ဒါကြောင့်မို့ အာရုံ စူးစိုက်နိုင်မှု ဟာလဲ ဘဝအောင်မြင်ရေး အတွက် အကြီးမားဆုံး လိုအပ်ချက် တစ်ခုပါပဲ။

၃။ သီလ ( Discipline)
သီလ ဆိုတာ စည်းကမ်း ပါပဲ။ 
စည်းကမ်းမဲ့ ရင် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်တာ အထွေအထူး ရှင်းပြဖို့မလိုပါဘူး။ ဒါပေမဲ့ တခုပြော ချင်တာ ကတော့ ကျွန်တော်တို့မြန်မာတွေ အများစု က လုပ်ငန်းလေး စပြီးအောင်မြင် လာတာနဲ့  ကြွားဝါ ချင်စိတ်တွေ များလာတာပါပဲ။
 

ကိုယ့် အပျော်အပါးနဲ့ လုပ်ငန်းကို အဆင့်အတန်းမြင့်မားလာစေဖို့ Upgrade လုပ်တာတွေ၊ လုပ်ငန်းတိုးချဲ့ တာတွေ၊ လုပ်ငန်းအတွက် အရံငွေ စုဆောင်းတာတွေ လုပ်ဖို့ မစဉ်းစားပဲ ကားကောင်းကောင်း စီးဖို့၊ မယားငယ် ယူဖို့၊စိန်တွေရွှေတွေ ဝတ်ဖို့လောက်တွေ မှာ အားထဲ့နေ တတ်ကြပါတယ်။
 

လုပ်ငန်းက တစ်ချိန်လုံးကောင်းနေနိုင်တာ မဟုတ်လို့ အခက်အခဲတွေ ရင်ဆိုင် ရ လာနိုင်ချိန် အတွက် Contingency plan ကို မပြင်ဆင် ထားရင် ကိုယ့်လုပ်ငန်း က အချိန်မရွေး Bankruptcy ဖြစ်သွားနိုင်ပါတယ်။
ဝင်ငွေကို စနစ်တကျ မသုံးပဲ စိတ်အလို လိုက်ပြီးလျှောက်သုံးနေတာ ကလဲသီလ ပျက်ယွင်း တာပါပဲ။


၎။ ပညာ (Wisdom)
ကိုယ့် ရည်မှန်းချက် ပန်းတိုင် မရောက် မချင်း လေ့လာ သင်ကြားကြရ မှာပါ။
ဒီဘက်ခေတ်တွေမှာ ကိုယ်တိုင် အမှား လုပ်ပြီးမှ ပညာ ရမယ် ဆိုရင် အရမ်းညံ့ သွားပါပြီ။
ကိုယ်တိုင်တွေ့ကြုံ ရတဲ့ အမှားတွေ ကနေသင်ခန်းစာ ရတာ ကို Lessons learned လို့ခေါ်ပြီး သူများ မှားနေတာတွေ ကိုကြည့်ပြီး ကိုယ်တိုင် ပညာ ဖြစ်ရင်တော့ Lessons Studied လို့ခေါ်ပါတယ်။
 

အခုလို ပြိုင်ဆိုင်မှု အရမ်းပြင်းထန် လာတဲ့ ခေတ်မှာ သူတပါးအမှား ကို ပညာ ရအောင် ယူပြီး ခြေလှမ်း လှမ်းနိုင်မှ သာ အောင်မြင်နိုင်တော့ မှာပါ။

ဒီခေတ်မှာ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပညာ ရော စီးပွားရေး စီမံခန့်ခွဲမှု နဲ့ တခြား ဗဟုသုတ တွေ ပါပြည့် စုံနိုင် မှတော်ရုံ ကျမှာဖြစ်လို့ လူငယ်တွေ အနေနဲ့ အရမ်းကြိုးစားကြရပါမယ်။


ကျွန်တော် တခါပြောခဲ့ဖူး သလို နိုင်ငံတကာ ပညာရပ်တွေပဲ သင်ကြားနေလို့ မြတ်ဗုဒ္ဓ ဟောကြား ခဲ့တဲ့ အနှစ် သာရပြည့်ဝတဲ့ အခုလို တရားတွေ မသိကြရင် ကြာပင်အောက်မှာနေပြီး ကြာဝတ်ဆံတွေ ရဲ့အရသာ မသိ တဲ့" ကြာပင်အောက်က ဖား"တွေဖြစ်နေကြမှာပါ။
 

ဒီလိုပဲ ခေတ်ပညာတွေ နဲ့ အဆက်ပြတ် သွားရင်လဲ "နွားခြေရာခွက်ထဲ က ဖားသူငယ်" လို မျက်စိသူငယ် နား သူငယ် ဖြစ်နေကြရမှာပါ။

ဒါကြောင့်မို့ လူငယ်တွေ အနေနဲ့ ဒီအချိန် မှာ ကျန်တဲ့ ပရောဂ တွေ ဝင်ပူး မခံပဲ ကိုယ့်ကိုကိုယ် capicity development လုပ်ထားကြ ဖို့ လေးလေး နက်နက် တိုက်တွန်းလိုက်ရပါတယ်။



 
Aung Naing's photo.


လူငယ်တွေ အားလုံးပဲ "ကောင်းကင်မေမေ" သီချင်းလေး ဆိုနိုင်ကြပါစေ။
(ကိုယ့်အမေရင်း ကို တိုင်တည်ပြီး ဆိုကြနော်၊မဟုတ်တဲ့ အမေ တွေ မပါကြေး)


"မေမေ့ရဲ့ သားနိုင်တယ် အန္တရယ်တွေ ရင်ဆိုင်နွှဲတိုင်း...
မေမေ့ ရဲ့ အားမာန်တွေ သားလေး ရဲ့သွေးထဲကို စီးဝင် ...
အရှုံးပွဲ နဲ့ တွေ့ဖို့ရန် အကြောင်းမမြင်..အားလုံး
အောင်ပွဲဆင်......."



From...FB

No comments:

Post a Comment