Friday, April 3, 2015

တပ်မတော် (ရေ) မှ မလေးရှားနိုင်ငံ တွင် ထိန်းသိမ်း ခံထားရသော မြန်မာ အလုပ်သမား တစ်ရာကျော် ကို ပြန်လည်ခေါ်ဆောင်လာပြီး အလုပ်သမား ဝန်ကြီးဌာန သို့ လွှဲပြောင်းပေးအပ်ခဲ့

Yangon Media Group's photo.
Yangon Media Group's photo.

ရန်ကုန်၊ မတ် ၂၉
မလေးရှားနိုင်ငံ တွင် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံနေရသော မြန်မာ အလုပ်သမား ၁ဝ၂ ယောက် ကို တပ်မတော် (ရေ)၊ စစ်ရေယာဉ် မဟာ သီဟ သူရ  ဖြင့် ပြန်လည်ခေါ်ဆောင် လာကာ ယနေ့နံနက် ၁ဝနာရီ က အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း တပ်မတော်ရေ မှ တာဝန်ရှိသူ ထံမှ သိရှိရသည်။

''လူတွေက ညှိုးငယ်ပြီး အဝတ် တစ်ထည် ကိုယ်တစ်ခုနဲ့ ပါ။ အား လုံး ကို လက်ထိတ် ခတ်ထားပြီး ကတုံး တုံး ထားတယ်။ ထွက်မပြေးနိုင် အောင် မလေးရှားရဲ က လုံခြုံရေး အပြည့် အဝ ချထားတယ်။ သူတို့က လုပ်ထုံး လုပ် နည်း အရ လုပ်တာ မှန် ပေမယ့် ကိုယ့်မြန်မာတွေ ကို အဲဒီလို ပုံစံ နဲ့ သူများနိုင်ငံ မှာ မြင်ရတာ နည်း နည်း မှ စိတ်မချမ်းသာပါဘူး။

သင်္ဘောရောက်တဲ့ အချိန်မှာ အား လုံးကို လက်ထိတ်ဖြုတ်ပေးပြီး သူ တို့ကို အခန်းတစ်ခု ထဲမှာ ပေါင်းထား ပါတယ်။ လူများတော့ ကိုယ်ခန္ဓာ အပူ ချိန်တွေကြောင့် နေရထိုင်ရ အဆင် ပြေအောင် ဆိုပြီး အဲကွန်း ကို ၂၄ နာရီလုံး ဖွင့်ပေးထားရတယ်။ 

ပါလာ တဲ့ ဆေး ဗိုလ်ကြီး ကလဲ တစ်ဦးချင်း စီရဲ့ ကျန်းမာရေး ကို ဂရု တစိုက်ကြပ် မတ်ပေးပါတယ်'' ဟု စစ်ရေ ယာဉ်တွင် လိုက်ပါခဲ့သူ တာဝန်ရှိအရာထမ်း တစ်ဦးက ပြောသည်။

 မြန်မာ့ တပ်မတော်(ရေ) မှ Frigate အမျိုးအစား စစ်ရေယာဉ်-မဟာ သီဟသူရ (F-23)) သည် မလေးရှား နိုင် ငံ လန်ကာဝီ ကျွန်း၌ မတ် ၁၇ မှ ၂၁ရက် အထိ ကျင်းပပြုလုပ်သည့် Langkawi International Mari-time and Aerospace Exhibition 2015 (LIMA-2015) ပြပွဲ သို့ တက် ရောက်ခဲ့ပြီး အပြန်တွင် မလေးရှား နိုင်ငံသို့ တရား မဝင် လမ်းကြောင်း များ မှသွားရောက်ခဲ့ပြီး မလေးရှား အစိုးရ ၏စီမံချက်ဖြင့် ဖမ်း ဆီး ခံရကာ၊ ထိန်း သိမ်းရေး စခန်းများတွင် ထိန်းသိမ်း ခံနေရသူ၊ မြန်မာနိုင်ငံသို့ ပြန်ရန်အ တွက် မည် သူဖြစ်ကြောင်း သက်သေ ခံလက် မှတ် (C of I) ထုတ်ယူရရှိ ထားပြီး လေယာဉ်စရိတ် ကျခံနိုင် ခြင်းမရှိ သဖြင့် နေရပ်ပြန်ရန် အခက် အခဲ ကြုံတွေ့နေရသူ ယင်းအလုပ် သမားများကို ပြန်လည်ခေါ်ယူ ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။



''ကိုယ်တွေ ထင်ထား တာက ကိုယ့်နိုင်ငံပြန်ရတော့မယ် ဆိုတော့ ဘယ်လို အကြောင်းကြောင့်ပဲဖြစ် ဖြစ် ဝမ်းသာကြမယ် ထင်ထားတာ။ ဒါပေမဲ့ သူတို့တွေ ပုံစံကြည့်ရတာ ရွှင်ရွှင်မြူးမြူး တက်တက်ကြွကြွ မရှိလှ ပါဘူး။

 မေးကြည့်တော့ အများ စု က အိမ်မှာ စီးပွားရေး အဆင်မပြေ ကြဘူး။ ဒါကြောင့် မလေးရှားမှာ ထွက်လုပ် တာ။ ဟိုမှာ က အနိမ့်ဆုံး လစာ ၁၅ဝဝ ရင်းဂစ် ကနေ ၂ဝဝဝ အထိ ရကြပါတယ်။ မြန်မာငွေနဲ့ တွက် ရင် လေး သိန်းခွဲ နဲ့ ခြောက်သိန်း လောက်က စရတော့ စားပြီး သောက်ပြီး အိမ်ကို အနည်းဆုံး သုံးလေး သိန်း လောက် ပို့နိုင်တယ်။ 

ခုအခြေအနေ က လက်ဗလာ နဲ့ အိမ် ပြန်ရမှာ။ ကိုယ့်နိုင်ငံရောက်ရင် အလုပ် အကိုင်ကလဲ အဆင်ပြေ၊ မပြေမပြော နိုင်လို့ ရှေ့ရေးတွေးပြီး မပျော်နိုင်တာ လို့ ပြောတယ်''ဟု ယင်း အရာရှိကပင် ဆက်လက်ပြော ဆိုသည်။

စစ်ရေယာဉ်တွင် ဦးဆောင်ပါ ဝင်လာသော ဗျူဟာ မှူးကြီး က သင်္ဘော ဖြင့် ပြန်လည်ခေါ်ဆောင်လာသော အလုပ်သမားများ ကို ခရီးစဉ် အတွင်း အဆိုအက ပွဲလေးများ စီစဉ်ပေးကာ စိတ်လက်ပေါ့ ပါးအောင် ဆောင် ရွက် ပေးခြင်း များ၊ ညပိုင်း တွင် Projector များထောင်ကာ ကာရာအိုကေ ဆို နိုင်အောင် ဆောင် ရွက်ပေးခြင်းများ နှင့် ကျန်းမာရေး စစ်ဆေးမှုများလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

''သူတို့တွေ က သူတို့ အပေါ် ဒီလို ဆက်ဆံလိမ့်မယ် လို့ ထင်ထား ကြပုံမပေါ်ဘူး။ အစောပိုင်းတုန်းက ညှိုး ငယ်နေ တဲ့ သူတို့တွေ ကိုယ် တွေ ရဲ့ နွေးနွေးထွေးထွေး ဆက်ဆံမှု ကြောင့် တဖြည်းဖြည်းနဲ့ ပျော်လာကြ တယ်။ လက်ခုပ်ဝိုင်းတီး လိုက် ဆိုပြီး တချို့ဆို ထွက်ကကြတယ်။ 

သူတို့ အဲဒီလိုပျော်တာမြင်တော့ ကိုယ်တွေလည်း စိတ်ချမ်းသာရပါ တယ်။ ဘာပဲပြောပြော ကိုယ်တွေရဲ့ ဂရုစိုက်မှု က သူတို့တွေ ရဲ့ စိတ် အားငယ်မှု ကို အတိုင်းအတာတစ် ခုထိ ဖြေလျှော့ပေးနိုင်တဲ့အတွက် သူတို့နဲ့ ထပ်တူ ဝမ်းသာရပါတယ်။ 

Jetty ရောက်လို့ သင်္ဘောပေါ် ကနေ သွားရတော့မယ့် အချိန် မှာ တစ်စင်း လုံး ကို လှိုက်လှိုက် လှဲလှဲ နဲ့ လိုက် လံ နှုတ်ဆက်တာ မြင်ရတော့ ဝမ်းသာ ဝမ်းနည်း ခံစားရပါတယ်''ဟု စစ်ရေယာဉ် ပေါ်တွင် လိုက်ပါသွားသည့် တာဝန် ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော LIMA 2013 သို့လည်း မြန်မာ့တပ် မတော်(ရေ)မှ စစ်ရေယာဉ်- မဟာ ဗန္ဓုလ (F21) သည် ပထမဆုံး အကြိမ် အဖြစ် သွားရောက်ခဲ့ကြောင်း၊ LIMA သည် ၁၉၉၁ ခုနှစ်မှ နှစ်နှစ် တစ်ကြိမ် စတင်ကျင်းပခဲ့ရာ LIMA 2015 သည် (၁၃)ကြိမ်ရှိပြီဖြစ်ပြီး၊ 

LIMA 2015 တွင် စစ်ဘက်၊ အရပ် ဘက်နှင့် လုံခြုံရေး အဖွဲ့အစည်း အမျိုးမျိုး အ တွက် ရေကြောင်းနှင့် လေကြောင်း ဆိုင် ရာ ထုတ်ကုန် ပစ္စည်း လေယာဉ်၊ သင်္ဘော အပါအဝင် (ကြီး/ငယ်) အမျိုး မျိုးအား Indoor/ Outdoor/ On- Water တွင် ခင်းကျင်းပြ သခြင်း၊ မောင်း သူမဲ့ လေယာဉ်များ အပါ အဝင် လေ ယာဉ်အမျိုးမျိုး လက်တွေ့စွမ်းရည် ပြသခြင်း၊ 

Conference နှင့် Seminar အမျိုးမျိုး ဆောင်ရွက်ခြင်း၊ စစ် ရေယာဉ်များ မှ ဧည့်သည်များ ဖိတ် ကြားလက်ခံ ၍ နေ့လယ်စာ၊ ညစာ ဖြင့် တည်ခင်း ဧည့်ခံခြင်း၊ စစ်ရေ ယာဉ်များ အပြန် အလှန် လေ့လာလည် ပတ်ခြင်း စသည့် အစီအစဉ်များ ပါ ဝင်ကာ၊ နိုင်ငံအဖွဲ့ အစည်း အသီးသီး မှ စစ်ရေယာဉ်များ အပါအဝင် ရေယာဉ်မျိုးစုံ၊ Aerial Display လေယာဉ်မျိုးစုံ၊ Static Display လေယာဉ်မျိုးစုံနှင့် နိုင်ငံတကာ မှ Delegation အဖွဲ့ပေါင်း ၃ဝဝ ကျော် ခန့် ပါဝင်တက်ရောက်ကြောင်း သိရသည်။



KMMA
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

www.facebook.com/democracytodaynewspaper www.myanmarnewsnetwork.com
 Yangon Media Group 


No comments:

Post a Comment