Wednesday, April 8, 2015

မလေး၇ှား တွင် ယာဉ်တိုက် ခံရ ပြီးသေဆုံး ခဲ့သည့် မယောနှင်း အတွက် နစ်နာကြေး ၂၀၈သိန်း မိသားစု ကိုပေးအပ်



ရန်ကုန်၊ ဧပြီ ၆။     ။ မလေးရှားနိုင်ငံ တွင် သွားရောက် အလုပ်လုပ် ကိုင်သည့်မြန်မာနိုင်ငံသား တစ်ဦး ယာဉ် တိုက်မှုဖြစ်ကာ အသက် ဆုံးရှုံးသွား၍ နစ်နာကြေး အဖြစ် ကျပ် ၂၀၈ သိန်း ကို ဧပြီ ၆ရက်က မြန်မာနိုင် ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့မှ တစ်ဆင့် မိသားစုထံ လွှဲအပ်ခဲ့သည်။
 
အသက် ၂၉နှစ် အရွယ် မယောနှင်း သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၀ရက် က မလေးရှားနိုင်ငံ တွင် နား ကြပ် တပ်၍ လမ်းဖြတ် ကူးရာမှ ယာဉ်တိုက်မှုဖြစ်ကာ အ သက် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

သေဆုံးမှု အတွက် ၎င်းကို မလေးရှားနိုင်ငံ သို့  အလုပ်သွား  လုပ်ရန်  ချိတ်ဆက်ပေး  ခဲ့သည့်  ကြည်အား မာန်  ကုမ္ပဏီ က  ဂရုဏာကြေး၂၂ သိန်း ၊ မလေးနိုင်ငံ မှ မယောနှင်း အလုပ် လုပ်သည့် Insurance လျှပ်စစ် စက်ရုံမှ အသက် အာမခံကြေး၊ 

ဂရုဏာကြေး နှင့် အသက် ရှိစဉ်က အလုပ် လုပ်ကိုင်သွားသည့် လစာ စု စုပေါင်း မလေးရင်းဂစ် ၃၅,၆၂၀ (ကျပ် ၁၀၄သိန်း)၊ မလေးရှားနိုင်ငံ အစိုးရ မြန်မာ အလုပ်သမားများ အတွက် အသက် အာမခံကြေး ၆၇သိန်းကျော် နှင့် စက်ရုံ ရှိ အလုပ် သမားများက စုပေါင်း၍ ဂရုဏာကြေး ၁၅သိန်း စုစုပေါင်း ၂၀၈သိန်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။


 
ပြည်ပ သို့ သွားရောက်  အလုပ် လုပ် မည့်မြန်မာ လုပ်သားများ  အနေဖြင့်ပြည်ပ  ကုမ္ပဏီ က မိမိ အတွက် အသက် အာမခံ ထားရှိပေးခြင်း ရှိ မရှိ ကိုသေချာအောင် စုံစမ်း သင့်ကြောင်း ကြည်အားမာန် ကုမ္ပဏီ ဒါရိုက်တာ က အကြံပြုထားသည်။

"မြန်မာ အလုပ်သမားတွေ က သူတို့ အတွက် အသက် အာမခံကြေးကို ကုမ္ပဏီက ဝယ်ပေးထားလား ဆိုတာ ကို confrim လုပ်စေချင်တယ်။ တကယ် လို့ တစ်ခုခုဖြစ် သွားပြီ ဆိုရင်  ဒီလို အသက်အာမခံ ကြေး နစ် နာကြေးတွေ အနေနဲ့ ရတာပေါ့။"ဟု  ကြည်အားမာန် ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ချယ်ရီ က မဇ္ဈိမပြောသည်။


 Written by  ခင်မြတ်မြတ်ဝေ 
From...  http://www.searchmyanmar.com/link/frame/cid/49005

No comments:

Post a Comment