Thursday, April 2, 2015

ရွန်းစိုတောက်ပ တဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်စေမယ့် အသီးအနှံ (၇) မျိုး



"ရွန်းစိုတောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမယ့် အသီးအနှံ (၇) မျိုး

ရေပန်းစားနေတဲ့ခရင်မ်တွေကိုလည်းသုံး၊ မျက်နှာကိုလည်းထိန်းသိမ်းပါ။ အစားအစာနဲ့ အာဟာရပညာရှင်Danna James က ချော့မွေ့နူးညံ့တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ သူကြိုက်နှစ်သက်တဲ့အစားအစာတွေကို ဝေငှထားပါတယ်။

၁။ သင်္ဘောသီး

မျက်နှာဆေးမယ်ဆိုရင်တောင်သင်္ဘောသီးကိုအသုံးပြုနိုင်ပါတယ်။ စားတောင်စားသေးတာပဲလေ၊ မဟုတ်ဘူးလား။ သင်္ဘောသီးဟာ ဗီတာမင်စီဓာတ် အလွန်ကြွယ်ဝပြီး မျက်နှာမှာရှိတဲ့ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နှစ်ရက်တာခန့်သင်္ဘောသီးကိုစားမယ်ဆိုရင်ပဲအသားအရေဟာ ၀င်းလက်တောက်ပပြီး ကျစ်လစ် လှပနေမှာပါ။ သင်္ဘောသီးမှာ ဗီတာမင်အေ ပေါင်းစပ်ပါဝင်တဲ့အတွက် ခရင်မ်တွေရဲ့ စွမ်းဆောင်ရည်လိုပဲ အသားအရေကိုနူးညံ့စေပါတယ်။ သင်္ဘောသီးမှာပါပိန်း(papain)  လို့ခေါ်တဲ့အစာချေစနစ်ကိုကောင်းမွန်စေတဲ့ဓာတ် ပါဝင်ပြီးအသားအရေရောင်ရမ်းခြင်းကိုတိုက်ဖျက်ပေးခြင်းအားဖြင့်နီစပ်စပ်အသားအရေကိုလျော့ကျစေပါတယ်။

၂။ အုန်းနို့ရည်

အုန်းနို့ဆိုတာတော့ကြားဖူးမှာပါ။ အုန်းသီးကိုအရည်ညှစ်ပြီးရလာတဲ့အုန်းနို့ရည်မှာအကျိုးပြုဘက်တီးရီးယား ပါဝင်ပါတယ်။ အုန်းနို့ရည်အနည်းငယ်အတွင်းမှာ ဒိန်ချဉ်မှာပါဝင်တဲ့ ပမာဏထက်သုံးဆများတဲ့ ၁၅ဘီလီယံ လောက်ရှိတဲ့ ဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲ့ဒီ့အကျိုးပြုဘက်တီးရီးယားတွေကအသားအရေကိုကြည်လင်စေပါတယ်။ အုန်းနို့ရည်ဟာ သဘာဝအချိုဓာတ်ရှိတဲ့အတွက် အသားအရေရဲ့ အဓိကရန်သူဖြစ်တဲ့သကြားအစားအချိုဓာတ်ကိုပေးစွမ်းပြီးအာသာပြေစေပါတယ်။

၃။ နှမ်းမဲ

အရက်သောက်လွန်လို့အသားအရေပျက်စီးနေတာတောင်မှနှမ်းမဲဟာအသားအရေကိုပြန်လည်တင်းရင်းစေပြီး ၀င်းလက်တောက်ပစေပါတယ်။ နှမ်းမဲမှာမရှိမဖြစ်အဆီဓာတ်၊ cellulite အက်စစ်၊ အမိုင်နိုအက်စစ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ အသားအရေကိုလှပစေမယ့် အာဟာရဓာတ်တွေ အပြည့်ပါဝင်တဲ့ နှမ်းမဲပဲဖြစ်ပါတယ်။ တတ်နိုင်သမျှစားတဲ့အစားအစာတိုင်းမှာထည့်စားဖို့သင့်တော်တဲ့အစားအစာတစ်ခုပါပဲ။

၎။ မုန်လာဥနီ

မုန်လာဥနီဟာသွေးဖြူတွေကိုလှုံ့ဆော်မှုပေးခြင်း၊ ဆဲလ်ညစ်တွေကိုဖယ်ရှားပေးခြင်းဖြင့်မှိုင်းနေတဲ့အသားအရေကိုပြန်လည်ပြုပြင်ပေးပါတယ်။ မုန်လာဥနီဟာသွေးထဲမှာအောက်ဆီဂျင်သယ်ဆောင်နိုင်တဲ့စွမ်းရည်ကိုလည်း လေးဆမြှင့်တင်ပေးတဲ့အတွက်အသားအရည်ကိုတောက်ပစေပါတယ်။ အရေပြားအလွှာကိုဆွဲဆန့်ပေးခြင်းဖြင့်အသားအရေကိုမှေးမိန်စေတဲ့အဆီဓာတ်ဖြစ်တဲ့ခနူကူငအန တွေထွက်ပေါ်လာခြင်းကိုလည်းလျှော့ချပေးနိုင်ပါတယ်။

၅။ သံပုရာသီး

သံပုရာရည်သောက်ခြင်းဖြင့် အဆီဓာတ်ပျော်ဝင်ပါရှိတဲ့ အဆိပ်ဓာတ်တွေနဲ့အဆီထွက်လွယ်တဲ့အသားအရေကိုဆိုးဆိုးရွားရွားဖြစ်စေတဲ့ ဟော်မုန်းဓာတ်အဟောင်းတွေကိုဖယ်ရှားပစ်နိုင်ပါတယ်။ သံပုရာရည်ဟာ အဆီဓာတ်ကိုဖျော်ပစ်ပြီး အသားအရေကို ရေဓာတ်ကြွယ်ဝစေပါတယ်။ သံပရာခွံမှာပါဝင်တဲ့ ဓာတ်တွေဟာလည်း အူနဲ့ပါးစပ်ထဲမှာရှိတဲ့ပိုးတွေကိုသေစေပြီး ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ၀က်ခြံ ထွက်ခြင်းကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။

၆။ ဖရုံစေ့

ဖရုံစေ့မှာဇင့်၊ ဗီတာမင်အီး၊ဆာလဖာနဲ့အိုမီဂါ-၃ အက်ဆစ်စတာတွေ ပါဝင်ပြီးအသားအရေကိုကုသပေးပါတယ်။ အာဟာရဓာတ်ပေးတယ်။ အသားအရေကိုပြန်လည်ကောင်းမွန်စေတယ်။ ရေဓါတ်ကိုကြွယ်ဝစေတယ်။ ထိခိုက်ဒဏ်ရာဖြစ်ထားလို့အမဲကွက်တွေကျန်နေခဲ့ရင်တောင်ပြန်လည်ပြုပြင်ပေးပါတယ်။

၇။ ခရမ်းချဉ်သီးဖျော်ရည်

တစ်နေ့တာအတွင်း ဘာမှမစားရသေးခင်မှာလတ်ဆတ်တဲ့ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်မယ်ဆိုရင်သူ့မှာ ပါဝင်တဲ့ လိုင်ကိုပိန်းဟာခရမ်းလွန်ရောင်ခြည်ဒဏ်ကိုကာကွယ်ပေးမှာပါ။ ၈အောင်စ ပမာဏပါဝင်တဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ဟာနေရောင်ခြည်ကာကွယ်နှုနှ်းင်္ဏ ၅ ကိုပေးစွမ်းမှာပါ။ ခရမ်းချဉ်သီး ဖျော်ရည်ဟာ မှိုင်းနေတဲ့အသားရေကိုတောင် ပြန်လည်ဝင်းပစေတဲ့အတွက် မယ်တော်မေရီတောင်နံနက်၊ နေ့လယ်စာစားတဲ့အခါသုံးဆောင်ပါတယ်။

Ref: elle.com
Trend Myanmar" 



 ရေပန်းစားနေတဲ့ ခရင်မ်တွေကို လည်းသုံး၊ မျက်နှာ ကိုလည်း ထိန်းသိမ်းပါ။ အစားအစာနဲ့ အာဟာရ ပညာ ရှင်Danna James က ချော့မွေ့နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ သူကြိုက်နှစ်သက်တဲ့ အစားအစာတွေ ကို ဝေငှထားပါတယ်။

၁။ သင်္ဘောသီး
မျက်နှာဆေးမယ် ဆိုရင်တောင် သင်္ဘောသီးကို အသုံးပြုနိုင်ပါတယ်။ စားတောင် စားသေးတာပဲလေ၊ မဟုတ် ဘူးလား။ သင်္ဘောသီး ဟာ ဗီတာမင်စီ ဓာတ် အလွန်ကြွယ်ဝပြီး မျက်နှာမှာ ရှိတဲ့ ဆဲလ်အသေတွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ 

 နှစ်ရက်တာခန့် သင်္ဘောသီးကို စားမယ် ဆိုရင်ပဲ အသားအရေ ဟာ ၀င်းလက်တောက်ပပြီး ကျစ်လစ် လှပနေ မှာပါ။ သင်္ဘောသီး မှာ ဗီတာမင်အေ ပေါင်းစပ် ပါဝင်တဲ့ အတွက် ခရင်မ်တွေ ရဲ့ စွမ်းဆောင်ရည် လိုပဲ အသားအရေ ကိုနူးညံ့စေပါတယ်။ 

သင်္ဘောသီးမှာ ပါပိန်း(papain) လို့ခေါ်တဲ့ အစာချေစနစ် ကိုကောင်းမွန်စေတဲ့ ဓာတ် ပါဝင်ပြီး အသား အရေရောင် ရမ်းခြင်းကို တိုက်ဖျက်ပေးခြင်း အားဖြင့်နီစပ်စပ် အသားအရေ ကိုလျော့ကျစေပါတယ်။

၂။ အုန်းနို့ရည်
အုန်းနို့ ဆိုတာတော့ကြားဖူး မှာပါ။ အုန်းသီးကို အရည်ညှစ်ပြီး ရလာတဲ့ အုန်းနို့ရည် မှာအကျိုးပြု ဘက်တီးရီး ယား ပါဝင် ပါတယ်။ အုန်းနို့ရည် အနည်းငယ် အတွင်းမှာ ဒိန်ချဉ်မှာ ပါဝင်တဲ့ ပမာဏထက် သုံးဆ များတဲ့ ၁၅ ဘီလီယံ လောက် ရှိတဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ 

အဲ့ဒီ အကျိုးပြု  ဘက်တီးရီးယားတွေ က အသားအရေ ကိုကြည်လင်စေပါတယ်။ အုန်းနို့ရည် ဟာ သဘာဝ အချိုဓာတ် ရှိတဲ့အတွက် အသားအရေ ရဲ့ အဓိက ရန်သူဖြစ်တဲ့ သကြားအစား အချိုဓာတ် ကိုပေးစွမ်းပြီး အာသာပြေစေပါတယ်။



၃။ နှမ်းမဲ
အရက်သောက်လွန်လို့ အသားအရေ ပျက်စီးနေတာတောင် မှနှမ်းမဲ ဟာ အသားအရေ ကိုပြန်လည် တင်း ရင်းစေပြီး ၀င်းလက်တောက်ပစေပါတယ်။ နှမ်းမဲ မှာ မရှိမဖြစ် အဆီဓာတ်၊ cellulite အက်စစ်၊ အမိုင်နိုအက် စစ်၊ ပိုတက်စီယမ် နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ အသားအရေကို လှပစေမယ့် အာဟာရ ဓာတ်တွေ အပြည့် ပါဝင်တဲ့ နှမ်းမဲ ပဲဖြစ်ပါတယ်။ တတ်နိုင်သမျှ စားတဲ့ အစားအစာတိုင်းမှာ ထည့်စားဖို့ သင့်တော် တဲ့ အစားအစာ တစ်ခုပါပဲ။

၎။ မုန်လာဥနီ
မုန်လာဥနီ ဟာသွေးဖြူတွေ ကို လှုံ့ဆော်မှုပေးခြင်း၊ ဆဲလ်ညစ်တွေကို ဖယ်ရှားပေးခြင်းဖြင့်မှိုင်းနေတဲ့ အသား အရေကိုပြန်လည်ပြုပြင်ပေးပါတယ်။ 

မုန်လာဥနီ ဟာသွေးထဲမှာအောက်ဆီဂျင် သယ်ဆောင်နိုင်တဲ့ စွမ်းရည်ကို လည်း လေးဆမြှင့်တင်ပေးတဲ့ အတွက် အသားအရည် ကိုတောက်ပစေပါတယ်။ အရေပြားအလွှာ ကို ဆွဲဆန့်ပေးခြင်းဖြင့် အသားအရေ ကိုမှေးမိန်စေတဲ့ အဆီဓာတ် တွေ ထွက်ပေါ်လာခြင်းကို လည်းလျှော့ချပေးနိုင်ပါတယ်။

၅။ သံပုရာသီး
သံပုရာရည်သောက်ခြင်းဖြင့် အဆီဓာတ်ပျော်ဝင် ပါရှိတဲ့ အဆိပ် ဓာတ်တွေနဲ့ အဆီ ထွက်လွယ်တဲ့ အသား အရေကို ဆိုးဆိုး ရွားရွားဖြစ်စေတဲ့ ဟော်မုန်းဓာတ် အဟောင်းတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ သံပုရာရည် ဟာ အဆီဓာတ် ကိုဖျော်ပစ်ပြီး အသားအရေ ကို ရေဓာတ်ကြွယ်ဝစေပါတယ်။ 

သံပရာခွံမှာ ပါဝင်တဲ့ ဓာတ်တွေ ဟာလည်း အူနဲ့ ပါးစပ် ထဲမှာ ရှိတဲ့ ပိုးတွေကိုသေစေပြီး ဘက်တီးရီး ယားကြောင့်ဖြစ် တဲ့ ၀က်ခြံ ထွက်ခြင်း ကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။

၆။ ဖရုံစေ့
ဖရုံစေ့မှာ ဇင့်၊ ဗီတာမင်အီး၊ဆာလဖာနဲ့ အိုမီဂါ-၃ အက်ဆစ် စတာတွေ ပါဝင်ပြီး အသားအရေ ကို ကုသပေး ပါတယ်။ အာဟာရ ဓာတ်ပေးတယ်။ အသားအရေ ကိုပြန်လည်ကောင်းမွန်စေ တယ်။ ရေဓါတ် ကိုကြွယ် ၀စေတယ်။ ထိခိုက် ဒဏ်ရာဖြစ်ထားလို့ အမဲကွက်တွေ ကျန်နေခဲ့ ရင်တောင်ပြန်လည်ပြုပြင်ပေးပါတယ်။

၇။ ခရမ်းချဉ်သီးဖျော်ရည်
တစ်နေ့တာ အတွင်း ဘာမှ မစားရသေးခင် မှာ လတ်ဆတ်တဲ့ ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက်သောက်မယ် ဆိုရင် သူ့မှာ ပါဝင်တဲ့ လိုင်ကိုပိန်း ဟာ ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ကာကွယ်ပေး မှာပါ။ 

၈အောင်စ ပမာဏ ပါဝင်တဲ့ ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက် ဟာနေရောင်ခြည် ကာကွယ်နှုနှ်းင်္ဏ ၅ ကိုပေးစွမ်း မှာပါ။ ခရမ်းချဉ်သီး ဖျော်ရည် ဟာ မှိုင်းနေတဲ့ အသားရေ ကိုတောင် ပြန်လည် ၀င်းပစေတဲ့ အတွက် မယ်တော်မေရီတောင် နံနက်၊ နေ့လယ်စာ စားတဲ့ အခါသုံးဆောင်ပါတယ်။

Ref: elle.com
Trend Myanmar

 Myanmar Forward

No comments:

Post a Comment