Wednesday, May 13, 2015

လျှော့ မတွက် ပါနဲ့

 Golden Triangle's photo.


 သင့်မေမေ ဟာ သင့်ကို သူ့ဗိုက် ထဲမှာ ကိုးလ လွယ်ခဲ့တယ်။
သူမ ဟာ လေးလကြာအောင် ပျို့အန် ခဲ့ရတယ်။
သူမ ခြေထောက်တွေ ဖောရောင် ခဲ့တယ်။
သူမ အရေပြားတွေ ဆွဲဆန့် ခံခဲ့ရတယ်.။
သူမ လှေကားတွေ ကို အားစိုက်ပြီး တက်ခဲ့ ရတယ်။
သူမ နည်းနည်း လှုပ်တိုင်း အသက်ရှူ   မ၀ ဖြစ်ခဲ့ရတယ်။
သူမ အိပ်မပျော် တဲ့ ညပေါင်း များစွာကို ဖြတ်ကျော် ခဲ့ရတယ်။
သူမ သင့် ကို လူ့လောကထဲရောက်အောင် ပြင်းထန် တဲ့ ဝေဒနာတွေ နဲ့ ရုန်းကန်ခဲ့ရတယ်။

အဲဒီနောက် မှာ သူမဟာ သင့်ရဲ့..
* သူနာပြုဆရာမ
* စားဖိုမှူး



* အိမ်ဖော်
* ယာဉ်မောင်း
* ပရိသတ်
* ဆရာမ
* သူငယ်ချင်း ဖြစ်ခဲ့တယ်။
သူမဟာ သင့် အတွက်…
* ရုန်းကန် ခဲ့ရတယ်။
* ငိုခဲ့ရတယ်။
* မျှော်လင့် ခဲ့ရတယ်။
*** ဆုတောင်းခဲ့ရတယ်။

ကျွန်တော်တို့ အများစု ဟာ ကျွန်တော် တို့ရဲ့ မိခင်တွေ ကို မြင်ခွင့် ရခဲ့တယ်။
မိခင်တွေ ကို ဆုံးရှုံးခဲ့ ရသူတွေ၊ မိခင်တွေ ကို လုံးဝမြင်တွေ့ခွင့် မရခဲ့တဲ့ သူတွေလည်း ရှိကြတယ်။

တကယ်လို့ သင့်မှာ မိခင် တစ်ယောက်ရှိသေးတယ် ဆိုရင် သင်ဟာ အရမ်း ကံကောင်းတဲ့ သူ တစ်ယောက်ဖြစ်တယ်။

သူမကို ဘယ်တော့မှ တန်ဖိုးလျှော့ မတွက်ပါနဲ့။
တစ်နေ့မှာ သင်ဟာ သင့်မှာ မရှိတော့ တဲ့ သူမ ကို တမ်းတနေရမှာ မို့လို့ပါ။

အမေတိုင်း အတွက်နဲ့ အမေဖြစ်မယ့်သူတိုင်း အတွက်…



Yangon Health Guide
 Golden Triangle

No comments:

Post a Comment