Saturday, May 16, 2015

ဂျပန် သို့ ပို့ဆောင်ပေးမည် ဟု ဆိုကာ ငွေကြေး လိမ်လည် သူ ညီ အစ်ကို ၂ ဦး အသတ် ခံရ

 News Watch(စောင့်ကြည့်သတင်းဂျာနယ်)'s photo.

“တစ်မိသားစုလုံး ရှိသမျှ  စုပေးလိုက်  ရတဲ့ ငွေပေါ့ဗျာ။ အမေ က ဒီငွေ အလိမ် ခံရလို့ ဆိုပြီး စိတ်ဖိစီး မှုတွေနဲ့ ၂၀၁၄၊ ၉ လ ပိုင်း မှာ သေခဲ့ ရတယ်။ အဖေ လည်း နောက် တလ မှာ သေရပြန်တယ်။”
 


ဂျပန် သို့ ပို့ဆောင်ပေးမည် ဟု ဆိုကာ ငွေကြေး လိမ်လည် သူ ညီ အစ်ကို ၂ ဦး အသတ် ခံရ မှုနှင့်ပတ်သက် ၍ ထွက်ပြေး တိမ်းရှောင် ခဲ့သူ ကျော်သူရ  (ခ)ပြည်ကျော် သည် ၂၀၁၅ ခုနှစ် မေလ ၁၃ ရက် ည ၆း၀၀ နာရီ အချိန် ဘားအံမြို့မ ရဲစခန်း သို့ ကိုယ်တိုင် လာ ရောက် အဖမ်းခံ ခဲ့ကြောင်း သိရသည်။

လက်ပြန်ကြိုး တုပ်လျက်ဖြင့် အသတ် ခံထားရသည့် အမျိုးသား အလောင်းနှစ်လောင်း ကို ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ ရွှေပြည် ၃ ရေလှော င်တမံ သွားရာ လမ်းဘေး တွင် ၂၀၁၅ ခုနှစ် မေ ၅ ရက်တွင် ကား တစီး မှ လာရောက် စွန့်ပစ်မှု ဖြစ်ပွား ခဲ့ရာ အဆိုပါဖြစ်ရပ်မှာ အင်းတကော်မြို့တွင် နာမည်ကြီး လူသတ် မှု ဖြစ် လာခဲ့သည်။


လူသတ်မှု တစ်ခု ဟု ယူဆနိုင်သော်လည်း ယင်းနောက်ကွယ် တွင် ဖြစ်ပွားနေသော ကိစ္စ တချို့မှာ စိတ်ဝင် စားစရာ ကောင်းလှ သလို ထိုသို့ လာရောက်စွန့်ပစ် မှုကို ၁၅ နှစ်ခန့် အရွယ်ရှိ ကလေး မလေးမှ စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။





ကျော်သူရ (ခ) ပြည်ကျော် သည် ရဲတပ်ဖွဲ့ သို့ ကိုယ်တိုင် အဖမ်းခံရန် ဘားအံ ခရိုင်၊ မှုခင်း ရှုထောင့်ရုံး သို့ ဦးစွာ ၀င်ရောက် အကူအညီတောင်း ခဲ့ရာ သတင်းထောက် များမှ ဘားအံမြို့မ ရဲစခန်းသို့ သွားရောက် အပ်နှံပေးခဲ့ စဉ် ပြစ်မှု ကျုးလွန်ခဲ့ ရသည့် ဖြစ်စဉ် ကို ကျုးလွန်သူ ကိုယ်တိုင် သတင်းထောက် များအား ရင် ဖွင့်ပြောကြား သွားခဲ့သည်။
 

''အခင်းဖြစ်တဲ့နေ့ က ကျွန်တော်နှင့် ကျွန်တော့် အဖော် သူတို့ဆီ ကို သွားတယ်။ ကြိုတင် ရည်ရွယ်ပြီး သတ်ဖို့ သွားတာ မဟုတ်ဘူး။ ကျွန်တော့် အမျိုးသမီး ရင်သား ကင်ဆာဖြစ်နေတယ်။ ဆေးကု ဖို့ငွေ မရှိတော့ ကျွန်တော့် ဆီက သူတို့ ယူထားတဲ့ ငွေ ၁၁၅ သိန်း၊ ဂျပန်ကို ပို့ပေးမယ် ဆိုပြီး ၂၀၁၄ သင်္ကြန် မတိုင်မီက သူတို့ ယူထားတာ။ 

ကျွန်တော် အိမ် ကိုပေါင်ပြီးပေးခဲ့ ရတာ။ တစ်မိသား စုလုံး ရှိသမျှ  စုပေးလိုက် ရတဲ့ ငွေပေါ့ဗျာ။ အမေ က ဒီငွေ အလိမ် ခံရလို့ဆိုပြီး စိတ်ဖိ စီးမှုတွေ နဲ့ ၂၀၁၄၊ ၉ လ ပိုင်းမှာ သေခဲ့ ရတယ်။ အဖေ လည်း နောက် တလ မှာ သေရပြန်တယ်။ 

ကျွန်တော် သတ် လိုက်တဲ့ သူက မန်နေဂျင်း ဒါရိုက်တာ လို့ ပြောတယ်။ ကုမ္ပဏီနှစ်ခု ရဲ့ ဒါရိုက်တာ လို့ ပြော တယ်။ ကျွန်တော်နှင့် ပါလာတဲ့ အဖော် က သိန်း ၁၁၀၊ ကျွန်တော် က ၁၁၅ သိန်း၊ ကျွန်တော် အပါ လူ ၆ ယောက် ဆီက ငွေတွေ ကို သူတို့ ယူထားတာပါ။ 

ကျန်တဲ့ လူတွေက တရား စွဲတယ် လို့ သိရတယ်။ ကျွန်တော် က မစွဲဘူး။ ကျွန်တော့် မိန်းမ ဆေးကု ဖို့ ၅ သိန်းဖြစ်ဖြစ်၊ ၁၀ သိန်းဖြစ် ဖြစ်ပေး ဖို့ ပြန်တောင်းတာ။ မကူညီနိုင်ဘူး ဆိုပြီး ငြင်းတယ်။ ပိုင်ရာ ဆိုင်ရာ လူတွေ ငါတို့မှာ ရှိတယ်လို့လည်း ပြောတယ်။ 

အဲဒီ မှာ ကျွန်တော် စိတ်မထိန်းနိုင်တော့ဘူး။ ဒါကြောင့် ဒီပြစ်မှု မျိုးမဖြစ်သင့် ဘဲ ဖြစ်သွား ရတာပါ။ ကျွန်တော် အပြစ် ကိုလည်း ၀န်ခံ ချင်တယ်။ လိမ်တဲ့ ညာတဲ့ လူတွေကို လည်း ဖော်ထုတ် ဖမ်းဆီးစေချင် ပါတယ်။ ဒါမှ အများပြည်သူတွေ ဆင်ခြင်နိုင်ကြမှာပါ။ မဖြစ်သင့်တာ မဖြစ်အောင် ကျွန်တော်ပြောတာပါ။ 

ကျွန်တော့် ဘ၀ တလျှောက်လုံး ဘာပြစ်မှု မှ မကျုးလွန်ခဲ့ ဖူးပါဘူး။ တရား ဥပဒေနှင့် ရဲတပ်ဖွဲ့ အပေါ် ယုံကြည် လို့ ကိုယ်တိုင် လာရောက် အဖမ်း ခံတာပါ''ဟု ကျော်သူရ (ခ) ပြည်ကျော်က ပြောကြားသည်။

 မေ ၁၄ ရက်နေ့ နံနက်တွင် ဘားအံမြို့မရဲစခန်းမှ အင်းတကော်နယ်မြေ ရဲစခန်း သို့ ပြစ်မှု ကျုးလွန် သူအား လွှဲပြောင်းပေးအပ် လိုက်ကြောင်း၊ ကျော်သူရ(ခ)ပြည်ကျော် သည် အောင်ကျော်စွာ (ခ) စောကျော်စွာအောင်နှင့် အတူ မေလ ၅ရက်နေ့က ပဲခူးမြို့၊ အင်းတကော်နယ်မြေ စခန်းအပိုင်းတွင် လူသတ် မှုကျုးလွန်ခဲ့ကြရာ ကျန် တဦးမှာ ပြစ်မှုကျုးလွန်ပြီး ၂ ရက်မြောက်နေ့တွင် အဖမ်းခံခဲ့ ရကြောင်း၊

 ကျော်သူရ(ခ)ပြည်ကျော် အသက် ၃၂ နှစ် (ဘ) ဦးအုန်းပန်း၊ ကရင်ဥတိုကျေးရွာ၊ သာယာ ၀တီမြို့ နယ်နေ သူနှင့် စောကျော်စွာ (ခ) စောကျော်စွာအောင် အသက် ၄၆ နှစ်၊ နီလာ ၆ လမ်း (ဂ)ရပ်ကွက်၊ မြောက် ဥက္ကလာနေသူ တို့အား အင်းတကော် နယ်မြေ ရဲစခန်းမှ (ပ)၅၈/ ၂၀၁၅ ပုဒ်မ ၃၀၂/ ၂၀၁ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထား ကြောင်း သတင်း ရရှိသည်။ 

သေဆုံးသူ အမျိုးသား မှာ သေဆုံး စဉ်တွင် ပက်လက် အနေအထား၊ အရှည် ၈ ပေရှိ Tdili Deans တံဆိပ် ခါးပတ်ခေါင်း နဲ့ ချည်နှောင် လျက်၊ နောက် တဦးမှာ မှောက်လျက် အနေ အထားဖြင့် အရှည် တပေခွဲ ရှိ အနက်ရောင် နိုင်လွန်ကြိုး များဖြင့် လက်နှစ်ဖက် အား ချည်နှောင် ထားသည်ကိုတွေ့ရပြီး ...


ပက်လက် အနေ အထားနေသူ မှာ နို့အုံ ထိုးသွင်း ဒဏ်ရာ တချက်၊ ၀ဲပေါင် ထိုးသွင်းဒဏ်ရာ ခြောက်ချက်၊ လက်ပြင် ထိုးသွင်းဒဏ်ရာ တချက်၊ မှောက်လျက်အနေအထားနှင့် အမျိုးသားမှာ ခါးအထက် ထိုးသွင်းဒဏ်ရာ တချက်၊ ၀ဲ လည်ပင်း ထိုး သွင်း ဒဏ်ရာ တချက်၊ ကုပ်ပိုး တွင် ထိုးသွင်း ဒဏ်ရာ တချက် တို့ဖြင့် သေဆုံး လျက်တွေ့ရှိ ခဲ့ကြောင်း အင်းတကော် ရဲစခန်း မှ သိရ သည်။

 သေဆုံး ခဲ့ရသူ များမှာ တောင်ဥက္ကလာမြို့နယ် တွင်နေထိုင် သူ အသက် ၅၂ နှစ် အရွယ် ကိုညွန့်ဝေနှင့် စမ်းချောင်းမြို့နယ်တွင်နေထိုင်သူ အသက် ၅၅ နှစ် အရွယ် ဦးညွန့်ဆွေ တို့ဖြစ်ပြီး ၎င်း တို့မှာ ညီ အစ်ကို နှစ်ဦးဖြစ်ကြောင်း သိရသည်။


ပွင့်ဆန်း
From...   News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment