Saturday, May 16, 2015

ဒုတိယ ကမ္ဘာစစ် နဲ့ ပတ်သက်ပြီး လူတွေ သိပ် သတိမထား မိတဲ့ ဒီ အချက်တွေက စစ်ရဲ့ဆိုးကျိုးကို ဖော်ပြပေးနေတာ

ဒုတိယ ကမ္ဘာစစ် အကြောင်း လူတွေ ပြောတာ သင် ခဏခဏ ကြားဖူးမှာပါ။ သင် ကိုယ်တိုင်လည်း သိသင့် သလောက် သိပါ လိမ့်မယ်။ ဒါပေမယ့် ခုပြောပြမယ့် အချက်လေးတွေ ကိုတော့ သင် သိဖို့ ခဲယဉ်းပါတယ်။ 

မှတ်သားစရာ အချက်တွေ မို့ ဖတ်ကြည့် လိုက်ပါဦး။

၁။ ၁၉၃၈ ခုနှစ် ကမ္ဘာ့ လူဦးရေ ရဲ့ ၃%လောက် ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ အသတ် ခံခဲ့ကြရပါတယ်။

၂။ ၁၉၂၃ ခုနှစ် ဖွားတဲ့ ဆိုဗီယက် (ရုရှား) နိုင်ငံ ရှိ လူငယ် စစ်သား ၈၀%ဟာ ဒုတိယ ကမ္ဘာစစ် အတွင်း သေ ခဲ့ကြ ပါတယ်။ 

သူတို့တွေဟာ ငယ်သေးတဲ့ လူငယ်လေးတွေဖြစ်ပြီး တိုက်ခိုက်မှု အတွေ့အကြုံ မရှိကြပါဘူး။ နာဇီတို့ရဲ့ ညှင်းပန်း နှိပ်စက်မှုလည်း ခံရပါသေးတယ်။

 စစ်ပြီးနောက်မှာတော့ ၁၉၂၃ ခုနှစ်ဖွား စစ်သား ၃ ၄၀၀ အနက် မှာ ၁၁၀၀ပဲ အသက်ရှင် ကျန်ပါတယ်။

၃။ လန်ဒန် တိရစ္ဆာန် ရုံထဲရှိ အဆိပ်ပြင်းတဲ့ တိရိစ္ဆာန် မှန်သမျှ  အသတ် ခံကြရပါတယ်။

၎။ ၈လ အတွင်း မှာ တင် နာဇီ တို့ဟာ ဆိုဗီယက် အကျဉ်းသား ၂.၈ မီလီလျံ ကို သတ်ခဲ့ကြပါတယ်။


၅။ "Tsunami bombs" လက်နက် ၃၇၀၀ ကို New Caledonia ကျွန်း ရဲ့ ပင်လယ်ရေပြင်မှာ စမ်းသပ်မှုတွေ လုပ်ခဲ့ ပါတယ်။

၆။ မကြာသေးခင်က တိုကျို  မှ ဆရာဝန် တစ်ဦးရဲ့ အသိပေး ထုတ်ဖော်ပြောကြားချက် အရ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဂျပန် စစ်တပ် ဟာ ပလိပ်ရောဂါ ပိုးတွေ ကို သယ်ဆောင် ထားတဲ့ ပိုးမွှားတွေ ကို တရုတ်နိုင်ငံ က မြို့တစ်မြို့ ထံ ဖြန့်ကြဲ ခဲ့ပါတယ်။ 

ဒီ အကျိုးဆက်ကြောင့် တရုတ်နိုင်ငံ မှာ ပလိပ်ရောဂါဟာ ကပ်ရောဂါ အသွင် ကျရောက်ခဲ့ပြီး ၁၉၄၀ နှစ်ကုန် ပိုင်း မှာ ပလိပ်ရောဂါကြောင့် Ningbo မြို့မှာ လူပေါင်း ၁၀၉ ယောက် အသက် ဆုံးရှုံးခဲ့ပါတယ်။

၇။ အသက် ၁၃ မှ ၇၀  အရွယ်ကြား ဂျာမန် အမျိုးသမီး ၂ မီလီလျံ  ဟာ Red Army (ဆိုဗီယက် စစ်တပ်)ရဲ့ အဓမ္မပြုကျင့် ခံခဲ့ ရပါတယ်။
 
၈။ ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလ မှာ ရိုမေးနီးယား တပ်စု က ဂျူး  လူမျိုး ၅သောင်း ကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ပါတယ်။ 
 
ယူကရိန်းနိုင်ငံ ၊ Odessa မြို့နဲ့ အနီးတ၀ိုက် မှာဖြစ်ခဲ့ လို့ Odessa massacre   ( လူ အစုလိုက် အပြုံလိုက် အသတ် ခံရခြင်း )  လို့ ခေါ်ကြပါတယ်။
 
၉။ ဂျပန် စစ်တပ် ရဲ့တိုက်ခိုက် မှုကြောင့် တရုတ် လူမျိုးတွေ သေဆုံး ရတဲ့ အရေအတွက် က နာဇီ တို့သတ်ဖြတ် မှုကြောင့် ဂျူး  လူမျိုးတွေသေဆုံး  ရတဲ့အရေအတွက် ထက် ပိုပြီးများပါတယ်။ 
 
၁၀။  ဒုတိယ  ကမ္ဘာစစ်  အတွင်းမှာ တွင်းထွက် သတ္တုပြတ်လပ် မှုကြောင့် သုံးနှစ်လောက် အော်စကာ ရုပ်တုတွေ ထုတဲ့ အခါ ပလာစတာ နဲ့(plaster) လုပ်ခဲ့ရပါတယ်။ 
 
ဘာကြောင့်လဲ ဆိုတော့ ဒီ သတ္တုတွေဟာ စစ်လက်နက် ထုတ်လုပ်ရေးတွေ အတွက် မတရား သုံးစွဲထား လို့ဖြစ်ပါတယ်။ 
 
၁၁။  ဒီ ဒုတိယ ကမ္ဘာစစ် လူ အစုလိုက် အပြုံလိုက် သတ်မှု မှာ ဂျူး  လူမျိုး ကလေးငယ်ပေါင်း ၁.၁ မီလီလျံ  ခန့် အသတ်  ခံကြရပါတယ်။ 
 
၁၂။  ဟစ်တလာဟာ စစ်ပွဲပြီးတဲ့ အခါ  မျိုးတုံး ပျောက်ကွယ် သွားတဲ့ လူမျိုး တစ်စု ပြတိုက်"Museum of an Extinct Race" ကို ဆောက်ဖို့ စီမံ ခဲ့ပါတယ်။ သူက ဂျူးလူမျိုး အားလုံး ကို သတ်ဖြတ်ပြီး ကျန်ရှိတဲ့ ဂျူး  အနည်း ငယ် နဲ့ ဂျူး  လူမျိုး ပုံတူ ရုပ်တုတွေ ကို ထိုပြတိုက် ထဲမှာ ထည့်ပြဖို့ ကြံရွယ် ခဲ့တာပါ။ 
 
၁၃။ ဒုတိယ  ကမ္ဘာစစ်ပြီးဆုံးကြောင်း ငြိမ်းချမ်းရေး သဘောတူ စာချုပ် မှာ ဂျပန် နဲ့ ရုရှား တို့က လက်မှတ် မထိုး ခဲ့ကြ ပါဘူး။ အခုအချိန် အထိ ဒုတိယ ကမ္ဘာစစ် တုန်းက ရုရှား သိမ်းယူ ခဲ့တဲ့ Kuril ကျွန်းစု အတွက် ထိုနှစ်နိုင်ငံ က အငြင်းပွားဆဲ ဖြစ်ပါတယ်။ 
 
၁၄။  ဂျာမနီနိုင်ငံ  မှာ နေ့တိုင်း ဒုတိယ ကမ္ဘာစစ်  တုန်းက စစ်ကျန် ဗုံး ပျမ်းမျှ  ၁၅လုံး ခန့် ရှာဖွေတွေ့ရှိနေ ပါတယ်။ ဒါဟာ တစ်နှစ် ကို ပျမ်းမျှ ဗုံး ၅၅၀၀ခန့် ဖြစ်ပါတယ်။

 ကြည်ပြာ on 2015-05-07 15:20
Ref:unbelievable-facts
From...   http://www.searchmyanmar.com/link/frame/cid/50156

No comments:

Post a Comment