Saturday, May 16, 2015
ပုံစံဟောင်း ခွက်ထဲ က ဖောက်ထွက်သူ
လုပ်သားပြည်သူ The Working People's photo.
စည်ပင် က ဇောတိက ဦးခင်လှိုင် ကို ရွှေတိဂုံ စေတီတော်ကြီး အနီး က ဆောက်လုပ် မယ့် Dagon City စီမံကိန်း တားမြစ်ရာ ကနေ စပြီး သူ့ အကြောင်း ကို သတိပြုခဲ့မိတယ်။ အဲ့ဒါ ကြောင့် သူလုပ် ခဲ့တဲ့ လုပ် ငန်းတွေ ကို ပြန်ကြည့်လိုက်တော့ အားပါးပါး တကယ့် ကို နိုင်ငံတွက် မရှိ မဖြစ် ပုဂ္ဂိုလ် တစ်ယောက် ဆိုရင် မှားမယ် မထင်ပါဘူး။
တကယ့် ကို လူတော် လူကောင်း တစ်ယောက်ဖြစ်သလို လုပ်ရဲ ကိုင်ရဲ ပြောရဲ ဆိုရဲ တဲ့ သူတစ်ဦးပါ။ သူ့  ကိုယ်ပိုင် လုပ်ငန်း ဇောတိက သင်္ကန်းတိုက် ကို သားသမီးတွေ နဲ့ လွဲအပ်ပြီး နိုင်ငံ အကျိုးတွက် ကျရာနေရာ ကနေ တိုင်းပြည် ကို အမှောင်လမ်း ကနေ အလင်းထဲ တွန်းတင်နေတဲ့သူပါ။
  ငွေကြေး ဥစ္စာကို ရိုးသားစွာ ရှာပြီး ချမ်းသာ လာတဲ့ သူတစ်ဦး ရဲ့ အရေး ၊ အပြော၊ သူ့   လုပ်ရပ်တွေက တကယ့် ကို ပြတ်သား တည်ကြည်လွန်းတယ်။
ယခု  ရွှေတိဂုံ စေတီတော်ကြီး ကိစ္စ မဖြစ်ခင် အေးရှားဝေါလ် က အာဏာပိုင်တွေ နဲ့ လက်ဝါးချင်း ရိုက်ပြီး ကျပ်သန်း ဘီလျံ  ချီမယ့် မြေနေရာ ကို ဆီတိုင်ကီကြီးတွေ ဆောက်ဖို့ ယူထား ရာက သူ့ တာဝန် ယူတဲ့ အချိန် မှ အချိန်မှီလေး ပြန် ရယူပေးခဲ့တယ်။
သူနေ့ ရာမှာ တခြားသူ တစ်ယောက်သာ ဆို ကုမ္ပဏီတွေက ဆွယ်တဲ့ လက်သိပ်ထိုး လဘ်ငွေကို ကိုယ်ကျိုး တွက်ပဲ ယူပြီး မသိချင်ယောင်ဆောင်နေကြ မှာကျိန်းသေ တယ်။ ခုလို အေးရှားဝေါလ် တို့ ရွှေတိဂုံစေတီတော် ကြီး တို့ လို ကျနော် တို့  မသိတဲ့ တစ်တိုင်းပြည်လုံး က လုပ်ကွက်တွေကို အာဏာရှင်တွေ နဲ့ ပေါင်းပြီး ခရိုနီ တစ်စု ဘယ်လောက်တောင် တိုင်းပြည် ဘဏ္ဍာ အဆီအနှစ်တွေ စားမြိုထားပြီးပြီလဲ။
ခု ရွှေတိဂုံ နားက စီမံကိန်း ဆို တခြား အာဏာရှင်  ထဲက သူတစ်ယောက်သာ ဆို ကန့် ကွက်လို့  ကုမ္ပဏီက ကွန်ဒို တစ်ခန်းပေးမယ် လာဘ် ထိုးကြည့် ပါးစပ် ပိတ်သွားမှာ။ တိုင်းပြည် တွက် မကြည့်တော့ဘူး။ တမျိုးသားလုံး တွက် မကြည့်တော့ဘူး.။
ငါ အာဏာလေးရှိနေတုန်း ရသလောက် ယူမယ် ဆိုတဲ့ စိတ်ဓါတ်မျိုးတွေပဲ ရှိတယ် ။  ဒီလို  ခေါက်ရိုး ကျိုးနေတဲ့ စည်ပင် လုပ်ရပ်တွေ ကို လမ်းသစ်ဖောက်ကာ လမ်းပြဖို့  ပြည်သူ ရဲ့ အရွေးကောက်ခံ နဲ့ တက်လာတဲ့သူ။ 
သူ့ လို လူမျိုး လွှတ်တော်ထဲ ရောက်ရင် တကယ့် ကို တိုင်းပြည်တွက် တန်ဖိုး ဘယ်လောက်ရှိလိုက် မလဲ။
သူ ဒီလို လုပ်လို့  အာဏာပိုင်တွေ က ဝိုင်းဝန်း တိုက်ခိုက် တာ ခံနေရတယ်။ ဒါပေမယ့် သူကတော့ အမှန် တရားတွက် ဆက်လက် တွန်းလှန်ဆဲပါ။
 ရွှေတိဂုံနား က Dagon City စီမံကိန်း မြေရာ ကိစ္စ လူသိ ရှင်ကြား ဖြစ်သွားတာ သူ့ ကြောင့်ပါ။ သူက ကန့်  ကွက် လို့  တခြား သူတွေ သိလာ ရတယ်။ အရင် က ဒီ  စီမံကိန်း  အကြောင်းကို သိတဲ့ သူတွေက ယောင် လို့ တောင် မဟ ရဲဘူး။ ဒါ စစ်တပ်ပိုင် မြေနေရာကြီး။ ဒေါ်လာသန်း ချီ တန်မယ့် ရင်းနှီးမြုပ်နှံမှု့ ကြီး ဘယ်သူ က တားရဲမှာလဲ။
ဖွင့်ပွဲ အခမ်းနား ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် မြင့်ဆွေ ကိုယ်တိုင် ဖွင့်ပေး ထားတာ။ ဘယ်သူပြောရဲ မလဲ၊ တားရဲ တဲ့ကောင် နေရာပျောက် စားပေါက်ပိတ်ပြီး ထောင်ထဲ မရောက်ရင်တောင် ကံကောင်း။ ဒီလို မတားရဲ မပြောရဲ  တဲ့သူတွေကြားက တိုင်းပြည် မျက်နှာ ပြည်သူ့ မျက်နှာပဲ ကြည့်တဲ့ ဇောတိက ဦးခင်လှိုင် လို လူ တစ်ယောက် ပေါ်ပေါက် လာတာ တိုင်းပြည်တွက် အားတက် စရာပါ။
အာဏာရှင် လူတစ်စု ရဲ့  လက်ဝါးချင်း ရိုက်ကာ ဘီလျံ  ချီတဲ့ ဒီ  စီမံကိန်းကြီးကို ဘုရား မျက်နှာ၊ တိုင်းပြည် မျက်နှာ မထောက် ပဲ အကောင် အထည်ဖော်တယ်။ ဘယ်သူတွေ ဒီ အဆောက်ဦးတွေ မှာ နေနိုင်မလဲ။ အခန်း တစ်ခန်းကို ကျပ်ငွေ သိန်းထောင်သောင်းချီပေးရမယ့် ဒီ စီမံကိန်းမှာ တိုင်းပြည် ရဲ့  အခြေခံ လူတန်း စားတွေ မပြော နဲ့ လူနည်းစုဖြစ်တဲ့ လူလတ် တန်းစားတွေတောင် ကပ်ဖို့ မလွယ်တဲ့နေရာ။
ဒီ နေရာတွေကို ဘယ်သူတွေ ဝယ်မလဲ တိုင်းပြည် ဘဏ္ဍာတွေ ကို မတရား ရယူထားတဲ့သူတွေ ၊၊ နောက် ဘိန်း မူးယစ်ဆေးဝါးတွေ က ရတဲ့ ငွေမဲတွေ ကို ငွေဖြူဖြစ်အောင် ပြန်လုပ်မယ့် သူတွေပဲ ဝယ်နိုင်မယ့် ဒီ စီမံ ကိန်းကြီး။ 
 ရွှေတိဂုံစေတီတော် ကို ပျက်စီးစေမယ့် ဒီ  စီမံကိန်း  ကို သတ္တိ  ရှိရှိ ဦးခင်လှိုင်  က စတား ပါပြီ။ပြည်သူတွေ ကို မျက်လုံးဖွင့်ပေး လိုက်ပြီး ၊ပါးစပ်တွေ ကို ဖွင့်ပေး လိုက်ပြီး ကျန်တာ သူနောက် က ပြည်သူတွေ ဝန်ရံပေး ရဖို့ ပါပဲ.။
ကျနော်တို့ တိုင်းပြည် ဟာ ဒီ တိုင်းသာ ဆက် သွားရင် နောက်ကို ဘယ်လို ဖြစ်လာမလဲ ဆိုရင် တိုင်းပြည်ရဲ့  အာဏာကို ချုပ်ကိုင် ထားတဲ့ ကျိကျိ  တက် ချမ်းသာတဲ့ လူတန်းစား တစ်ရပ် ၊တစ်စု နဲ့  ကုန်းကောက် စရာမရှိ မွဲတေနေတဲ့ အခြေခံ ပြည်သူများ ဆိုပြီး ကွဲပြား သွားလိမ့်မယ်ထင်တယ်။ 
ခုပဲ ကြည့်ပါ ပြည်သူ့ ဘက် က မားမား မတ်မတ် ရပ်ပေးနိုင်တဲ့ နောက် ကနေ ဘဏ္ဍာငွေတောင့်တင်း တဲ့ အဖွဲ့  ဆို လက်ချိုးရေ လို့ ရတယ်။သူတို့ ဘက်က ဆို တစ်တိုင်းပြည်လုံး စီးပွားရေး လုပ်ကွက် မှန်သမျှ အာဏာရှင် စစ်ဘောင်ဘီချွတ် အသိုင်းဝိုင်း ပဲ ရကြတယ်။ 
 ရွှေသံလွင် ကြည့်ပါ။ အေးရှားဝေါလ်ကြည့် ပါ။  ထူး  ကုမ္ပဏီ ၊  ဦးပိုင်  အစရှိတဲ့ တကယ့် ကို ဒေါ်လာသန်းချီ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေ တိုင်းပြည် အခွန်ကို မပေးတာ ထိပ်ဆုံးက ၇ှိနေသူတွေပါ။ ရုပ်သံလွှင့်တာ၊ FM ရေဒီယိုတွေ သူတို့  အသိုင်းဝိုင်း က သူတွေကြီးပါပဲ။
ဒါကြောင့် ကျောင်းသား အရေးခင်း ဖြစ်တုန်း ကဆို ကျောင်းသား ဘက်၊ပြည်သူဘက် မရှိရင်နေပါ။ သမာ သမတ် ကျကျ  ကြားနေပြီး ထုတ်လွှင့်ခဲ့ သလား။ယောင်လို့ တောင် မတွေး ပါနဲ့  အာဏာရှင် အစိုးရ ပေး ကမ်း ထားတာကို ကျေးဇူး ဆပ်တဲ့ အနေနဲ့  ကျောင်းသားတွေ ကို ဖိနှိပ်တာကို မဖော်ပြဘူး။ 
အစိုးရ ဘက်က ပါတဲ့ သတင်းပဲ ဖော်ပြတယ်။ကျောင်းသားတွေ ကို မိဘပြည်သူတွေ သွားလှူ  တဲ့ သတင်း မဖော်ပြဘူး။ ရဲတွေ ကို ယောင်နီဦး တို့ လူ တစ်စု သွားလှူတာ ဖော်ပြတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် အုပ်ချုပ် သူ လူတန်းစားနဲ့  အုပ်ချုပ်ခံ လူတန်းစား ခွဲခြားဖို့ တဖြည်းဖြည်း ဖြစ်လာနေပြီ ဆိုတာ နားလည်ကြပါ။  
ခုချိန် ထိတော့ အလဲဗင်း မီဒီယာ ဂရု က ပြည်သူ့ ဘက်ကကြံ့ကြံ့  ခံနိုင်ထားဆဲပဲ။ နောက်ဆုံး အနေနဲ့  ပြော ချင်တာ ပြည်သူ့ ဘက်က ရပ်တည် တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်း မှန်သမျှ  ကို ပြည်သူတွေက အားပေးထောက် ခံ ဖို့ လိုပြီ။
၂၀၁၅ ရွေးကောက်ပွဲ မှာ တကယ့် တိုင်းပြည်တွက် အကျိုးပြု  မယ့် သူတွေကို မဲပေးဖို့ ပါ။ အဆိပ်ပင် ကို ရေ မလောင်းမိ ပါစေနဲ့ ။
တိုင်းပြည် ကို နှစ်ပေါင်း (၅၀)ကျော် ဖွတ်ဖွတ် ညက်ညက်ကျေ အောင် လုပ်သွား လုပ်နေတဲ့ သူတွေကို ဆွဲချဖို့  အချိန်တန်ပြီ  ဆိုတာ မိတ်ဆွေတို့ ကို အသိပေးလိုက်ပါရစေ.....
(ဇောတိက ဦးခင်လှိုင် အကြောင်း ဧရာဝတီ  က အင်တာဗျူး  ထားတာလေး မဖတ်ရသေးသူတွေ အတွက် ဒီလင့် ကနေ ဖတ်ကြည့်နိုင်ပါတယ် ဖတ်လည်း ဖတ်ကြည့်သင့်ပါတယ် )
https://www.facebook.com/notes/လုပ်သားပြည်သူ-the-working-people/ကြည့်မြင်တိုင်မြို့-မီးတင်ရှို့သလို-ဖြစ်မှာကို-ကယ်နိုင်ခဲ့တယ်/819413784793697
From,....   လုပ်သားပြည်သူ The Working People
No comments:
Post a Comment